ကျန်းမာရေးဗဟုသုတ

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေရန် လိုက်နာသင့်သော သဘာဝနည်းလမ်းများ

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေရန် လိုက်နာသင့်သော သဘာဝနည်းလမ်းများ

==================
==================

ဆေးလိပ်သောက်ခြင်းကြောင့် ကျွန်တော်တို့၏ အဆုတ်များ မည်မျှပျက်စီးပြီလဲ ဆိုသည်ကို မကြာခဏ ကိုယ်တိုင်မတွေးမိဘဲ ရှိနေတတ်သည်။

စီးကရက်ဘူးများတွင် သတိပေးဖော်ပြချက် ကပ်ထားသော် လည်း ဆေးလိပ်သောက်သူအများစုသည် ဆေးလိပ်သောက်ခြင်း ၏ တန်ပြန်ရိုက်ခတ်မှုများကို မသိကျိုးကျွန်ပြုနေလေ့ရှိသည်။

ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လက်တွေ့ကျကျ မြင်တွေ့နေချိန်တွင် အချိန်နှောင်းသွားနိုင် သည်။

ယခင်က ဆေးလိပ်သောက်ဖူးသူ (သို့မဟုတ်) လက်ရှိ ဆေး လိပ်အမြဲမပြတ်သောက်နေသူဖြစ်ပြီး အဆုတ်သန့်အောင် ဆောင် ရွက်လိုပါက အောက်ဖော်ပြပါနည်းလမ်းများဖြင့် အဆုတ်ကို မိမိနေအိမ်မှာပင် သန့်ရှင်းအောင် ဆောင်ရွက်နိုင်သည်။

ယခင်က ဆေးလိပ်သောက်ဖူးသူဖြစ်စေ၊ လက်ရှိဆေးလိပ် သောက်နေသူများဖြစ်စေ အဆုတ်ကိုသန့်ရှင်းအောင် ထားလိုပါက နို့ထွက်ပစ္စည်းများကိုရှောင်ပါ။

နို့ထွက်ပစ္စည်းများက အဆုတ်မှ အဆိပ်အတောက်များ ကင်း စင်ရေးကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ဗီတာမင်စီကြွယ်ဝသော သံပရာရည်၊ နာနတ်သီးဖျော်ရည် (သို့မဟုတ်) ကရင်ဘယ်ရီသီးဖျော်ရည်တို့ နေ့စဉ်သောက်သုံးပါ။

ခန္ဓာကိုယ်တွင်းရှိ ဓာတုပစ္စည်းများ ကင်းစင်စေရေး နံနက်စာ စားပြီးချိန်၌ မုန်လာဥနီ (သို့မဟုတ်) မူလာဥနီဖျော်ရည်သောက်ပါ။

ပိုတက်ဆီယမ်ကြွယ်ဝသော ဒေါက်ခွရွက်၊ ငှက်ပျောသီး၊တရုတ်ဆီးသီး၊ စွန်ပလွံသီးနှင့် ကန်စွန်းဥတို့ကဲ့သို့ အစားအစာများ ပုံမှန်စားပေးပါ။

ယူကလစ်အဆီထည့်ထားသော ရေနွေးဖြင့် ရေချိုးခြင်း၊ ရေ ငွေ့ရှူခြင်းတို့ကို နေ့စဉ် မိနစ် ၂၀ ခန့် အနည်းဆုံးပြုလုပ်ပါ။

အသက်ရှူလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးပါ။

နှလုံးရပ်သွားသော လူနာကို ရှေးဦးသူနာပြုစုသကဲ့သို့ တစ်စုံတစ်ယောက် အကူအညီဖြင့် ရင်ဘတ်ကိုဖိပေးပါ။

သို့သော် ဆေးလိပ်သောက်ပြီးနောက် ပန်းရောင်သန်းသော နဂိုပုံစံအဆုတ်မျိုး ရာနှုန်းပြည့်ပြန်ရရန် မဖြစ်နိုင်ကြောင်း သိထား ပါ။

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ထိခိုက်မှုကို အတိုင်း အတာအချို့အထိသာ ပြန်ကောင်းမွန်စေနိုင်ကြောင်း မှတ်ထားသင့်သည်။

အဆုတ်ထိခိုက်ပျက်စီးမှု ပြန်ကောင်းမွန်နိုင်မှု အတိုင်းအတာ သည် ဆေးလိပ်သောက်သော သက်တမ်းကြာမြင့်ချိန်နှင့် အဆုတ် ပျက်စီးမှု အတိုင်းအတာပေါ်တွင် မူတည်သည်။

—Ref: TOI

===========

Leave a Reply

Your email address will not be published. Required fields are marked *