ကျန်းမာရေးဗဟုသုတ

နံ နက် ခင်း မှာ ရေ ချိုး ခြင်း ၏ ကောင်း ကျိုး ၆ ချက်

နံ နက် ခင်း မှာ ရေ ချိုး ခြင်း ၏ ကောင်း ကျိုး ၆ ချက်

မနက်စောစောတွင် ရေချိုးခြင်းသည် လူကိုလန်းဆန်းစေသည်သာမက ကျန်းမာရေးအတွက်လည်း အထောင့်တစ်နေမှ အထောက်အကူပြုစေနိုင်တဲ့ အချက်များလည်းရှိပါသည်။

၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ်
နံနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည် ပတ်မူကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်း သန်မာ စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။

၂။ ပေါ့ပါး လွတ်လပ်စေတယ်
အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ် သွားပါတယ်။

၃။ ဖိစီးမူတွေကို သက်သာစေပါတယ်
နံနက်ခင်း ရေချိုးခြင်းဟာ စိတ်ဖိစီးမူတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမူတွေ ဖြစ်နေခဲ့ရင် မနက်ခင်း ရေချိုးခြင်းက များစွာ အထောက်အကူ ပြုစေမှာပါ။

၄။ ကြွက်သားများ အတွက်လည်း ကောင်းမွန်စေပါတယ်
နံနက်ခင်းမှာ လမ်းလျောက်တာပဲ ဖြစ်ဖြစ်၊ gym ဆော့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း တစ်စုံတစ်ခု လုပ်ပြီးတာနဲ့ ရေချိုးခြင်းဟာ ကြွက်သားများကို ပိုမိုပြီး သန်မာစေပါတယ်။

၅။ အမျိုးသားတွေ အတွက် အထူးပင် ကောင်းမွန်ပါတယ်
ကယ်လီဖိုးနီယား တက္ကသိုလ်မှ သုတေသန ပညာရှင်များ၏ အဆိုအရ တစ်ပတ်မှာ တစ်ကြိမ်ခန့် အေးတဲ့ရေနဲ့ နံနက်ခင်း ရေချိုးခြင်းဟာ သုပ်ပိုများကို ပိုမိုပြီး ဖွံဖြိုးစေနိုင်တယ်လို့ ဆိုပါတယ်။

၆။ ဆံပင် အတွက်လည်း ကောင်းမွန်စေပါတယ်
ရေနွေး (သို့) ရေအေးနဲ့ နံနက်ခင်း ခေါင်းလျော်ခြင်းဟာ ဆံပင် မကျွတ်ခြင်း အတွက် အထူးပင် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဆံပင်သား မကောင်းခြင်း၊ မွဲခြောက်ခြောက် ဖြစ်ခြင်းတို့အတွက်လည်း ကာကွယ် တားဆီးပေးပါတယ်။

Credit : ကျော်လင်းနိုင်

Leave a Reply

Your email address will not be published. Required fields are marked *