တနေ့တာ အသီး ပမာဏ ပြည့်အောင် စားကြစို့ ????
ကျွန်တော်တို့ မြန်မာလူမျိုး တွေ ဟာ တခြား အိမ်နီးချင်း နိုင်ငံတွေ နဲ့ ယှဉ် ရင် အသီးအရွက် စားတာ အရမ်းနည်းပါတယ်။
ဒါကြောင့် သာမန်လူတွေ အနေနဲ့ တနေ့ကို အသီး ၂ ခါ မှ ၃ ခါ စာယပေးသင့်ပါတယ်။
တစ်ခါစားရင် ဘယ်လောက် စားရမလဲ ဆိုတော့
– ၃ လက်မ အချင်းရှိတဲ့ အသီး ဆို တစ်လုံး အပြည့်စားပါ။ ဥပမာ – ပန်းသီး၊ တရုတ်ဇီးသီး၊ သစ်တော်သီး။
– အတော် အတန် ကြီးတဲ့ အသီးဆို တခြမ်းစားပါ။ ဥပမာ- ပန်းသစ်တော်၊ နဂါးမောက်သီး၊ မာလကာသီး။
– အသီး အကြီးကြီးတွေ ဆိုရင်တော့ လှီးပြီး တရုတ် ပန်းကန်လုံး တစ်ခွက်စာ စားပေးလို့ရပါတယ်။
ဥပမာ – ဖရဲသီး၊ ဂျပန် သခွားမွှေး၊ သခွားမွှေး။
– အလုံး အသေးလေးတွေ ဆိုရင်တော့ ၁၀ လုံး မှ ၁၅ လုံးထိ စားနိုင်ပါတယ်။ ဥပမာ – စတော်ဘယ်ရီ၊ စပျစ်သီး။
– ကြက်မောက်သီး၊ မင်းဂွတ်သီး၊ နှင်းသီး – ၃ လုံး မှ ၄ လုံး ( အရွယ်အစားပေါ် မူတည်၍)။
– ငှက်ပျောသီး (သီးမွှေး၊ ဖီးကြမ်း) – တဝက်။
– ကျွဲကောသီး ၂ စိပ်။
ဒီအညွှန်းလေးတွေ က တစ်ခါ စားရမယ့် ပမာဏ လေးတွေပါ။ သာမန် လူတွေ အနေနဲ့ တစ်နေ့ ကို ၂ ခါ ကနေ ၃ ခါ ပြည့်အောင် စားပေးပါ။
ဆီးချို ဝေဒနာရှင်တွေ အနေ နဲ့ ကတော့ သက်ဆိုင်ရာ ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင်ပြီးမှ စားပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်