ကျန်းမာရေးဗဟုသုတ

ညောင်းတာ ညာတာတွေအတွက် အနှိပ်အနယ် ကင်းလွတ်တဲ့ လက်တွေ့ အိမ်တွင်းဆေးကောင်း

နှိပ်တာ နင်းတာ ကင်းစေရာ (မယုံလျှင်လက်တွေ့စမ်း)

“ညောင်းတယ်ညာတယ်ပဲ မင်းအမြဲပြောနေတယ်။” “ငါပြောတာကိုမင်းလက်တွေ့လုပ်ကြည့် မဟုတ်ရင် မင်းကြိုက်သလိုပြော..”။ “လုပ်ရမှာက မင်းတာဝန်. ချက်ချင်းပျောက်ကင်းတယ်မပြောဘူးကွ.. သက်သာရာက ပျောက်ကင်းတယ်လို့ပဲငါပြောမယ်…။ အဖေပြောသော အကြောင်းသာဖြစ်၏။”

အမြဲတမ်း ညောင်းညာကိုက်ခဲသည်က စိတ်ပျက်စရာကောင်းလှပြီး၊ အကျင့်ပါလှသည်။ ညောင်းညာမည်ပေါ့…တစ်နေ့လုံး ရုံးစားပွဲ၊ ကွန်ပြူတာ၊ ဖုံးတို့နှင့် ကွာသည်မရှိ၊တစ်ခါတစ်ရံ စားချိန် သောက်ချိန်မမှန်…။ ဒီကြားထဲ မျက်မှန်တပ်သည့်ကြား မျက်ရည်ပူတို့က စီး၍ကျပြန်သည်။

ထိုပြင်အနှိပ်သမားက အတော်နှင့်အညောင်းအညာ မပြေ အကြောတွေ တောင့်တင်းလှ၍ ခပ်ကြမ်းကြမ်း နှိပ်နင်းပြန်ရာ ဇက်ကြော၊ ပေါင်ကြောနှင့် ခြေသလုံးသားများ အညို အမည်းပင် စွဲနေတော့သည်။ ဒါလည်းအညောင်းပြေသည်မဟုတ်ခဲ့။

“ဒါဖြင့် နည်းသာပေးပါအဖေရာ…ကျွန်တော်အသေအချာလုပ်ပါမယ်” “လုပ်ပါကွာ…တကယ်ထိရောက်ပြီး..တစ်ပတ်တိတိသာ စမ်းလုပ်ပါ..။ မထူးခြားဘဲမနေပါဘူး။ အပန်းလည်းမကြီးပါဘူးကွာ”

ညအိပ်ရာဝင်ခါနီးတိုင်း ရေဇလုံထဲရေနွေးနှင့် ဆား(၃၀) သား ရောစပ်ပြီး ဆားပျော်ရည်ပူ နွေးနွေးလေးထဲသို့ ခြေနှစ်ဖက်အား ခြေမျက်စိအုပ်ရုံ နာရီဝက်လောက် ထည့်စိမ်ပေးရန်ဖြစ်ပါသည်။ အပူလျော့ပါက ရေနွေးအနည်းငယ်ထပ်မံစပ် ပေးရပါမည်။ ရေချိုးစဉ်ခြေဖဝါး အလယ်နှင့် ခါးကိုဆားဖြင့် ပွတ်ပေးပါက အနှိပ်အနင်း လွတ်သူဖြစ်လာမည်ကမလွဲ အမှန်ဧကန်ပင်ဖြစ်ပေလိမ့်မည်။ ဆားသည်ကား သက်ရှိ သတ္တဝါတို့အတွက် မရှိမဖြစ်သော အရာဖြစ်လေသည်။

ထိုပြင် ဆီးမှန်ဝမ်းမှန် ပိုမိုအဆင်ပြေစေရန်ကား ဆင်တုံး မနွယ်မှုန့်အား နေ့စဉ်ကော်ဖီဇွန်းလေး(၁)ဇွန်းသာ စားပြီးနေကြည့်ပါ။ ဆီးမှန်ဝမ်းမှန် အညောင်းအညာပြေပြီးကျန်းမာရေး အတွက် အားလုံးအိုကေဖြစ်ရကာ မျက်ရည်ပူများယိုစီးခြင်း ဘဝက လွတ်မြောက်မည်မှာ သေချာနေပါတော့သည်။ ပုံမှန်ဖြစ်သွားပါက အနည်းဆုံးတစ်ပတ်လျှင်(၂)ကြိမ် ပြုလုပ်ပေးရမည်ဖြစ်သည်။

လိုသူတို့သုံး စေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ကြပါစေ…

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *