ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးရင် စိတ်ရော ၊ ကိုယ် ကျန်းမာစေပါတယ်။ အစားကောင်းကောင်းစားရင် စိတ်ပျော်ရွှင်ပြီး၊ အာရုံစိုက်မှုကောင်းကာ အလုပ်ပိုတွင်စေပါတယ်။ ဒါကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ကမ္ဘာပေါ်ရှိ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာများကို ဝေမျှပေးချင်ပါတယ်။ သံပုရာသီး ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အကောင်းဆုံးအသီးလို့ကို ဆိုရမှာပါ။ ရောင်ရမ်းတာတွေ လျော့ကျစေပြီး ကင်ဆာဆဲလ်တွေ ပေါက်ပွားကြီးထွားမှုတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဗီတာမင်စီပါဝင်မှုကလည်း လိမ္မော်သီးထက်များပါတယ်။ သစ်ကြားသီး သစ်ကြားသီးက တခြား အခွံမာအသီးတွေထက် Antioxidants ဓာတ်တွေပို ပါဝင်ပြီး ဗီတာမင် E၊ Omega 3 ဓာတ်နဲ့တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေပါဝင်ပါတယ်။ Antioxidants ဓာတ်တွေက ဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့ကိုလည်း ကူညီပေးတာကြောင့် […]
Author: admin
ခါးနာခြင်းအတွက်သဘာဝဆေးနည်း…
ခါးနာခြင်းအတွက်သဘာဝဆေးနည်း… ======================= ======================= ခါးနာပျောက်သည့် ဆေးနည်းများကို မကြာခဏ တင်ပေးဖူးပါပြီ။ အခုတစ်ခါ ထပ်မံတင်ပေးမယ့် ဆေးနည်းကတော့ အလွန်ရိုးရှင်းလွယ်ကူလှတဲ့ အားလူးခါးကပ်နည်းပဲ ဖြစ်ပါတယ်။ အားကစားလုပ်၍ဖြစ်စေ၊ အလေးအပင်မ၍ဖြစ်စေ၊ အထိုင်များ၍ဖြစ်စေ ခါးနာနေလျှင် အောက်ပါသဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။ (၁) အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးထားပါ။ (၂) ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ (အဲဒီ ခါးပတ်မရှိသော်လည်း အဝတ်သန့်သန့်ဖြင့် အာလူးများ ခွါကျမသွားအောင် စည်းပေးထားပါ)။ မနက်အိပ်ယာထတဲ့အချိန် ၎င်းအာလူးများကို ခါွလိုက်လိုက်ပါ။ ၃ ရက်ခန့် ဆက်တိုက်လုပ်ပေးပါက ခါးနာသိသာစွာ သက်သာလာမည်။ ၅ ရက်နဲ့ တစ်ပတ်ခန့် ဆက်လုပ်ပေးပါက […]
သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကို သန့်စင်ပေးမယ့် အစားအစာ (၆) မျိုး
အာဟာရဓာတ်တွေဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားအတိုင်းကျွန်မတို့ စားသုံးလိုက်တဲ့အစားအစာတွေဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် များစွာသက်ရောက်မှုရှိပါတယ်။ သွေးကြောလေးတွေ ပိတ်ဆို့တဲ့အခါ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နှလုံးဆိုင်ရာ ရောဂါဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကို သန့်စင်ပေးနိုင်မယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။ ၁။ ကြက်သွန်ဖြူ အားလုံးသိကြတဲ့အတိုင်း ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ကြက်သွန်ဖြူမှာ Antioxidantတွေပါဝင်ပြီး Free Radicals တွေကို တိုက်ထုတ်ပေးတာကြောင့် သွေးလွှတ်ကြောကို သန့်စင်ပေးနိုင်ပါတယ်။သွေးလွှတ်ကြောတွေကို သန့်စင်ပေးတာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို သွေးဖိအားကိုလည်း ကျစေပါတယ်။ ၂။ ပန်းသီး ပန်းသီးဟာလည်း အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး သွေးကြောလေးတွေ့ို သန့်စင်ပေးနိုင်ပါတယ်။ Flavonoid ဓာတ်ပါဝင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။ ၃။ငါး ငါးမှာ မပြည့်ဝဆီဖြစ်တဲ့ Omega […]
သွေးပေါင်ကျတာကိုသက်သာစေမယ့် အစားအစာများ
အမြဲတမ်း သွေးပေါင်ကျနေလို့ ခေါင်းမူးနေတာ၊ ခေါင်းကိုက်နေတာတွေ ခံစားနေရပါသလား။ သွေးပေါင်ကို ထိန်းညှိပေးမယ့် အစားအစာတွေကို စားသုံးခြင်းဖြင့် သွေးပေါင်ကျတာကို သက်သာ ပျောက်ကင်းစေပါတယ်။ ကြက်ဥ ကြက်ဥမှာ ဗီတာမင် B တွေနဲ့ အရေးကြီးတဲ့ အမိုင်နိုအက်ဆစ်တို့ပါဝင်တာကြောင့် သွေးပေါင်ကျတာကို သက်သာစေပါတယ်။ အဲ့ဒီအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တက်ကြွ လန်းဆန်းမှုကိုလည်း ကူညီပေးပါတယ်။ Citrus သီးများ Citrus အသီးများက ဗီတာမင် C နဲ့ ရေဓာတ်ပါဝင်မှု မြင့်မားပါတယ်။ ဒါတွေက သွေးပေါင်ကျတာတွေကို ထိန်းညှိပေးနိုင်ပါတယ်။ Citrus အသီးများမှာ လိမ္မော်သီး၊ သံပုရာသီး၊ သံပုယိုသီး၊ Grapefruits နဲ့ တခြား အသီးများ ပါဝင်ပါတယ်။ Citrus မျိုးနွယ်အသီးများက ခန္ဓာကိုယ်အတွင်းရှိ Electrolytes တွေကိုလည်း ထိန်းညှိပေးပါတယ်။ […]
မိုးတွင်းမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တဲ့အိမ်လက်ရာ အစားအစာများ
မိုးတွင်းမှာဆိုရင် တုပ်ကွေးတွေ၊ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ပိုပြန့်ပြီး ခဏခဏ နေမကောင်းဖြစ်ကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ခံအားသာ ကောင်းနေရင် ဒီလို တုပ်ကွေးတွေရောဂါပိုးတွေ ကြောက်စရာ မလိုပါဘူး။ ဒါ့ကြောင့် ကိုယ်ခံအားကောင်းစေဖု့ိ စားပေးသင့်တဲ့ အစားအစာများကို ဝေမျှပေးချင်ပါတယ်။ ပျားရည် ပျားရည် နေ့တိုင်းသောက်ရင် ပျားရည်မှာ Antioxidants ဓာတ်တွေနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲ့ဒါကြောင့် ချောင်းဆိုးတာ၊ ရောဂါပိုးမွှားဝင်တာနဲ့ လည်ပင်းနာ၊ အာသီးရောင်တာတွေကိုလည်း ကုသပေးနိုင်သလို၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မနက်မိုးလင်းရင် သံပုရာသီး တစ်လုံးရဲ့ တစ်ဝက်ကို ရေနွေးနွေးတစ်ခွက်ထဲကို ညှစ်ထည့်ပြီး ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းအပြည့်ထည့်ကာ သောက်ပေးရင် ကိုယ်ခံအားကို ကောင်းစေပါတယ်။ ဒိန်ချဉ် ဒိန်ချဉ်မှာ ဗီတာမင် D ပါဝင်တာကြေင့် […]
ထန်းရည်အချိုရဲ့ကျန်းမာရေး ကောင်းကျိုးများ
ထန်းရည်အချိုက ချိုပြီး အရသာလည်း ရှိတဲ့ သဘာဝထန်းပင်ကနေရတဲ့ ဝိုင်တစ်မျိုးပေါ့နော်။ ကမ္ဘာပေါ်မှာလည်း နာမည်ကြီးတဲ့ သောက်စရာ တစ်မျိုးပါ။ အနောက် အာဖရိက၊ အာဖရိက အလယ်ပိုင်း၊ အာရှ၊ တောင်အမေရိက စတဲ့နိုင်ငံတွေမှာ ထန်းရည်အချိုကို သောက်သုံးကြပါတယ်။ ကင်ဆာ ရောဂါကို တိုက်ဖျက်ပေး ထန်းရည်အချိုမှာ ဗီတာမင် B2 လို့ လူသိများကြတဲ့ Riboflavin ဓာတ်ပါဝင်နေပါတယ်။ ဒီဓာတ်က Antioxidant တစ်မျိုးဖြစ်တာကြောင့် Free Radicals တွေကို တိုက်ဖျက်ပေးပါတယ်။ သာမန် ထန်းရည်အချိုကို အသင့်အတင့်သောက်သုံးပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် B2 ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ အမြင်အားကို ကောင်းစေ ထန်းရည်မှာ Antioxidant၊ ဗီတာမင် စီဓာတ်ပါဝင်တာကြောင့် မျက်စိအမြင်အားကို ကောင်းစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင် […]
စံပယ်ရေနွေးကြမ်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
စံပယ်ရေနွေးကြမ်းက စိတ်နဲ့ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ စံပယ်ပန်းပွင့်နဲ့ လုပ်ထားတဲ့ ရေနွေးကြမ်းမှာ Polyphenol ကွန်ပေါင်း၊ Antioxidnants တွေပါဝင်တာကြောင့် စိတ်ကို ကြည်လင်လန်းဆန်းတဲ့အပြင် ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ဘက်တီးရီးယားတွေကို သေစေနိုင် သွားကျန်းမာရေးကို အထိခိုက်နိုင်ဆုံး အစားအစာများ စံပယ်ရေနွေးကြမ်းက ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ Benzoic အက်ဆစ်၊ Benzyl Benzoate နဲ့ Benzaldehyde ကွန်ပေါင်းတွေ ပါဝင်တာကြောင့် ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ အဲ့ဒီအပြင် အသားအရေတွေကို ကောင်းစေတဲ့ဓာတ်ပါဝင်တာကြောင့် စံပယ်ကို အလှကုန်တွေ၊ ခေါင်းလျှော်ရည်တွေမှာထည့်ထားပါတယ်။ အမာရွတ်တွေကို ပျောက်စေ စံပယ်ရေနွေးကြမ်းမှာပါဝင်တဲ့ဓာတ်တွေက အမာရွတ်တွေ၊ဝက်ခြံတွေ၊ အနာတွေ ကို ပျောက်စေပါတယ်။ အဲ့ဒီအပြင် အသားအရေတွေကို စိုစွတ်စေပါတယ်။ သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးရောဂါကို ကာကွယ်ပေး စံပယ် ရေနွေးကြမ်းက […]
ဒူးရင်းသီးစားခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးများ
ဒူးရင်းသီးနဲ့ သင့်ကျန်းမာရေး သင်ဟာဒူးရင်းသီး အရမ်းကြိုက်တဲ့သူလား ဒါမှမဟုတ် အနံ့တောင် မခံနိုင်တဲ့သူလား။ အကယ်လို့ ဒူးရင်းသီး အရမ်းကြိုက်တဲ့သူဆိုရင်တော့ ဒူးရင်းသီးက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးကို သိထားသင့်ပါတယ်။ ဒူးရင်းသီးစားရင် ခေါင်းမူးတယ်၊ သွေးတိုးတယ်ဆိုတာတွေ ရှိပေမယ့် တခြားကျန်းမာရေး ကောင်းတာတွေလည်း ရှိပါသေးတယ်။ ဒူးရင်းသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ကော့ပါးတို့ ပါဝင်တာကြောင့် အရိုးအဆစ်တွေ သန်မာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးလာတဲ့အခါမှာ အရိုးပါးရောဂါတွေ မဖြစ်စေဖို့ ကာကွယ်တားဆီးပေးတာမျိုးလည်း လုပ်ဆောင်ပေးပါတယ်။ ဒူးရင်းသီးမှာ သတ္တုဓါတ်တွေ များများပါဝင်တာအပြင် ဖောလစ်အက်ဆစ် ပမာဏလည်း မြင့်မားစွာ ပါဝင်တာမို့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ ဒူးရင်းသီးမှာ ကော့ပါးနဲ့ သံဓါတ်တွေလည်း ပါဝင်တာမို့ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေ ပျောက်ကင်းစေပါတယ်။ ဒူးရင်းသီးမှာ အများစု ပါဝင်တဲ့ […]
အရိုးစွပ်ပြုတ်တွေရဲ့ အားသာချက်
အစာ မစားနိုင်တော့တဲ့ အချိန်တွေမှာပဲဖြစ်ဖြစ် အစာ မစားချင်တဲ့ အချိန်ပဲ ဖြစ်ဖြစ် ဖျားနာနေတဲ့ အချိန်တွေမှာ ဖြစ်ဖြစ် စွပ်ပြုတ်တွေကို သောက်ကြပါတယ်။ အချို့ကလည်း ကြက်သားကို ပေါင်းပြီး စွပ်ပြုတ် ချက်ကြသလို အချို့ကလည်း ကြက်ရိုး၊ ဆိတ်ရိုး၊ အမဲရိုး စသည်ဖြင့် အရိုးတွေနဲ့ ချက်ပြုတ်ပြီး သောက်ကြပါတယ်။ အရိုးပေမယ့် အထင်မသေးပါနဲ့။ အားကို အမြန်ဆုံး ပြန်လည် ပြည့်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ အရိုးဆန်ပြုတ်တွေဟာ အစာကို ကြေလွယ်စေပြီး ရိုးတွင်းချင်ဆီကို အားဖြည့်ပေးပါတယ်။ အခြား ကျန်းမာရေးအကျိုးဖြစ်စေမယ့်အ ချက်တွေကတော့ ၁။ ကူးစက်ရောဂါတွေကို တားဆီးနိုင် တုပ်ကွေးလို ကူးစက်လွယ်တဲ့ ရာသီကြောင့် ဖြစ်တဲ့ ရောဂါတွေဟာ စိတ်တိုစရာ ကောင်းပါတယ်။ ကြက်ရိုးဆန်ပြုတ် ဒါမှမဟုတ် ကြက်ရိုးစွပ်ပြုတ်တွေဟာ တုပ်ကွေးကို […]
ကိုလက်စထရောကို လျှော့ကျစေပြီး သွေးတိုးကျစေတဲ့အပြင် ဆီးချိုထိန်းညှိပေးနိုင်တဲ့ စောင်းလျားသီး
အသီးရဲ့ ပုံစံက ကြယ်ပုံလေးရှိလို့ Star Fruit ကြယ်သီးလို့လည်းခေါ်ကြတဲ့ စောင်းလျားသီးကို စာဖတ်သူတို့ သိကြမှာပါနော်။ အဝါရောင်အစင်းရှိပြီး ချိုချဉ်အရသားလေးရှိတဲ့ ဒီအသီးက ကယ်လိုရီမပါတဲ့အသီးဖြစ်ပြီး Antioxidant ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B၊C၊ ဖောလိတ်အက်ဆစ်နဲ့ တခြားကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကွန်ပေါင်းဒြပ်တွေ အများအပြား ပါဝင်နေပါတယ်။ သွေးဖိအားကို ထိန်းညှိပေးနိုင်ခြင်း ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝလို့ သွေးဖိအားတက်တာကို အကောင်းဆုံး လျှော့ကျစေပါတယ်။ ဒီအသီးကိုပုံမှန်စားပေးမယ်ဆိုရင်တော့ သွေးဖိအားတက်တာကို ထိထိရောက်ရောက် ထိန်းထားပေးနိုင်မှာပါ။ ကိုလက်စထရော ကျဆင်းစေခြင်း အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့ စောင်းလျားသီးက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးတွင်းကိုလက်စထရောများတာဟာ နှလံးသွေးကြောဆိုင်ရာရောဂါကိုဖြစ်ပွားစေပါတယ်။ ဒါ့ကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပြီး နှလုံးရောဂါကို ကာကွယ်လိုက်ရအောင်ပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို […]