ရေချိုးရင်းသီချင်းဆိုရင် ရနိုင်တဲ့ကောင်းကျိုး (၅) ခု ============================ သီချင်းဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ကျန်းမာရေးတောင် ပိုကောင်းစေပါတယ်။ ရေချိုးတုန်း သီချင်းဆိုဖူးကြသူတွေ ရှိကြမှာပါ။ တစ်ချို့က ခပ်တိုးတိုး၊ တစ်ချို့က ခပ်ကျယ်ကျယ် ဆိုကြပါတယ်။ အသံအားကောင်းသူတွေကျပြန်တော့လည်း အသံကုန်ဟစ်တော့တာပါပဲ။ ဘာပဲဖြစ်ဖြစ် ရေချိုးတုန်း သီချင်းဆိုတာဟာ ရှက်စရာမဟုတ်ပါဘူး။ ရေချိုးချိန်မှာ သီချင်းဆိုတတ်သူတွေမှာသာ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ စိတ်ပေါ့ပါးစေပါတယ် စိတ်ဖိစီးမှုတွေ ရှိနေတဲ့အခါ ကိုယ်ဆိုချင်တဲ့သီချင်းကို ဆိုချင်သလို ဆိုနိုင်ပါတယ်။ အသံကောင်းဖို့၊ စည်းချက်ညီဖို့ စတာတွေ ဘာမှမလိုပါဘူး။ အားပါးတရ ဆိုလိုက်ပြီးရင် စိတ်ဖိစီးမှုတွေတောင် လျော့ကျသွားစေပါတယ်။ ၂။ သွေးဖိအား လျော့ကျစေပါတယ် ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးကြောင့် ကိုယ်တွင်းပူလောင်တာ၊ ဖျားတာ၊ အပူလျှပ်တာနဲ့ ဆီးချိုအမျိုးအစား-၂ ကို ဖြစ်စေနိုင်ပါတယ်။ […]
Author: admin
ကြက်သွန်နီစားပေးရင် မှတ်ဉာဏ်ကောင်းစေတယ်
ကက်သွန်နီနွှာရင် မျက်စိစပ်တာတော့သိတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကျန်းမာရေးကို အဖက်ဖက်က အကျိုးပြုနေတာတော့ ကောင်းကွက်တစ်ခုရှိပါတယ်။ ဆံပင်ကျွတ်တဲ့သူတွေတောင် ကြက်သွန်နီနဲ့ ပွတ်ပေးရင်သိသိသာသာပြန်ပေါက်လာစေတယ်။ ဒါနဲ့ ကြက်သွန်နီစားပေးရင် မှတ်ဉာဏ်ကောင်းစေတယ် ဆိုတာရောသိကြပြီးပြီလား။ Hokkaido Tokai လို့ခေါ်တဲ့ ဂျပန်တက္ကသိုလ်တစ်ခုက မှတ်ဉာဏ်အားနည်းသူတွေ အလွှာပါတဲ့ ဟင်းသီးဟင်းရွက် စားပေးခြင်းဖြင့် မှတ်ဉာဏ်ကို အားဖြည့်ပေးတယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ဦးနှောက်အမြှေးပါးရောင်ရောဂါရှင်တွေအတွက် ဒီရှာဖွေတွေ့ရှိမှုက အင်မတန် အရေးပါနေပါတယ်။ ကြက်သွန်နီထဲပါဝင်တဲ့ Antioxidant ပစ္စည်းဟာ ဦးနှောက်ထဲရှိ အဆိပ်တွေနဲ့ရောပြီး ထိုအဆိပ်တွေကို ချေဖျက်တိုက်ခိုက်ပေးပါတယ်။ကြက်သွန်ဖြူ၊ ကြက်သွန်နီ အပါအဝင် ကြက်သွန်အနွယ်ဝင်တွေ အားလုံးမှာ ဆာလဖာ ဒြပ်ပေါင်းပါဝင်ပါတယ်။ ဆာလဖာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အသက်ကြီးပိုင်းမှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါတွေကို သက်သာလျော့နည်းစေပါတယ်။ ဒါပေမယ့် အကျက်လွန်တဲ့ ကြက်သွန်နီ တစ်နည်းအားဖြင့် မီးပြင်းပြင်းနဲ့ ချက်ထားတဲ့ […]
ဆီးချိုသမားများ စားနိုင်တဲ့ အသီးအနှံများ
ဆီးချိုသမားများ စားနိုင်တဲ့ အသီးအနှံများ ======================= ======================= လူတွေမှာ ရောဂါတစ်မျိုးဖြစ်ပေါ်ခံစားနေရပြီဆိုရင် အစားအစာတွေက အစ ရှောင်ကြဉ်ကြရပါတယ်။ ရောဂါ နဲ့မတည့်တဲ့အခါ စားချင်ပေမယ့်မစားရ၊ ဆန္ဒကိုမျိုသိပ်ပြီး အသက်ကို ဉာဏ်စောင့်ဆိုသလို ဆင်ခြင်စားသောက်ကြရပါတယ်။အဓိကအားဖြင့် ဆီးချို ရောဂါကိုခံစားနေရတဲ့ လူတွေအတွက် အစားအစာကိုပိုလို့ရှောင်ကြရပါတယ်။ ဆီးချိုတက်မှာစိုးရိမ်တဲ့အတွက် မိသားစုဝင်တွေဟာ သကြားဓာတ်ပါဝင်တဲ့အစားအစာတွေကို ရှောင်ရှားပြီး အထူးဂရုစိုက် ကျွေးမွေးစောင့်ရှောက်ကြရပါတယ်။ ဒီလို ဆီးချိုသမားတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အသီးအနှံတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။ စတော်ဘယ်ရီ စတော်ဘယ်ရီမှာ ပါဝင်တဲ့အာဟာရဓာတ်သဘာဝတွေဟာ ဆီးချိုသမားတွေအတွက် သွေးအတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးသလို အဆာလည်းခံစေပါတယ်။ ဆီးချိုကြောင့် မျက်လုံးအမြင်အာရုံထိခိုက်စေမှုကိုကောင်းစွာ ကာကွယ်ပေးပါတယ်။ ပန်းသီး ပန်းသီးဟာလည်း ဆီးချိုသမားတွေအတွက် ပြည့်စုံကောာင်းမွန်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ပန်းသီးရဲ့ အခွံထဲမှာ ရှိနေတဲ့ အာဟာရဓာတ်သဘာဝတွေဟာ ဆေးချို ၊သွေးချို ကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ နှလုံးရောဂါ၊ မျက်လုံးအမြင်အာရုံချို့တဲ့မှုရောဂါ […]
သံပုရာသီး အစွမ်းအံမခန်း
သံပုရာသီး အစွမ်းအံမခန်း — သံပုရာသီး အစွမ်းအံမခန်း (မိန်းကလေးများ ဖတ်သင့်သည်) ======================= ======================= ကျန်းမာရေး* သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။ *နှုတ်ခမ်းကွဲခြင်း* မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။ *ဆံပင်ကျွတ်ခြင်း* အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။ *ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်* ကြက်ဥအကာရည်နှင့် သံပရာရည် […]
အောက်ဆီဂျင် ဒေါက်တာရှင်းသန့်ဖြူ
အောက်ဆီဂျင် ဒေါက်တာရှင်းသန့်ဖြူ ————————– ကျွန်မတို့ဟာ အချိန်နဲ့အမျှ အသက်ရှူနေရပါတယ်။ ဒါပေမဲ့ တစ်နေ့တာလုပ်ငန်း တာဝန်တွေကြားမှာ အလုပ်များနေတဲ့ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် အသက်ရှူနေတယ် ဆိုတာတောင် သတိထားမိတဲ့အချိန်တွေက နည်းလာပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲ ရှိနေတဲ့လေကို သတိတောင် မပြုမိအောင် ဖြစ်နေကြပါတယ်။ ဒါကြောင့် ကိုယ်အမြဲရှူရှိုက်နေရ တဲ့ လေထု၊ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ကောင်းကျိုးပေးနေတဲ့လေထုကို အတတ်နိုင်ဆုံး သန့်စင်အောင် ထိန်းသိမ်းဖို့ တာဝန်ရှိသလို တန်ဖိုးထားဖို့လည်း လိုအပ်လှပါတယ်။ ကျွန်မတို့ ရှူရှိုက်လိုက်တဲ့ လေထဲမှာ အများဆုံးပါဝင်တဲ့ ဓာတ်ကတော့ အောက်ဆီဂျင် (oxygen)ပါပဲ။ အောက်ဆီဂျင်ဟာ ကျွန်မတို့ဘဝရဲ့ အရေးကြီးတဲ့ ဖြစ်စဉ်တော်တော် များများ မှာ အဓိကနေရာကနေ ပါဝင်ပါတယ်။ အောက်ဆီဂျင်ဟာ အသက်ရှင်သန်နေထိုင်နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းအားတွေကို ထုတ်ပေးခြင်းဖြင့် အသက်ရှူခြင်းနဲ့ […]
ဖရဲသီးကိုစားသုံးပေးခြင်းဖြင့် ဝိတ်မြန်မြန်ကျလာစေမယ့် အကျိုးကျေးဇူး
တော်တော်များများက ဖရဲသီးဆို ရင်အေးစေလို့၊ ရေငတ်ပြေစေလို့ စားသုံးကြတာများပါတယ်။ ဒါပေမယ့် တော်တော်များများ သတိမထားမိသေးတာက ဖရဲသီးဟာ မလှအပရေးရာအဖြာဖြာအတွက် ကောင်းကျိုးပေးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ထဲကမှ ဝိတ်ကျချင်တဲ့သူတွေအတွက် ဖရဲသီးကို ဘယ်လိုစားသုံးပေးရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။ ဖရဲသီးဖျော်ရည်ခွက်မှာက ၄၆ ကယ်လိုရီ ပါရှိပါတယ်။ ဒါကြောင့် ဖရဲသီးဖျော်ရည်ကို သောက်ပေးမယ်ဆိုရင်တော့ ဝိတ်ကျလာစေမှာပါ။ နေ့တိုင်း ဖရဲသီးဖျော်ရည်ကိုသောက်ပြီး ရေကိုလည်း ပုံမှန်ထက်ပိုပြီး မျာများသောက်ပေးမယ်ဆိုရင်တော့ သိသိသာသာကို ဝိတ်ကျလာမှာပါ။ သူ့မှာက ဘေးထွက်ဆိုးကျိုးလည်း လုံးဝမရှိတော့ အဆင်ပြေစေပါတယ်။ ကြာလာရင်တော့ ဝိတ်လည်းကျပြီး အသားအရေလည်း လှလာမှာပါ။ မြန်မြန်ဝိတ်ကျချင်တယ်ဆိုရင်တာ့ ဖရဲသီးကိုများများစားပေးရမှာပါ။ ပုံမှန်ဆိုရင်တော့ ၁၅၀ ကယ်လိုရီလောက် စားသုံးပေးရမှာပါ။ ဖရဲသီးမှာပါတဲ့သကြားဓာတ်က ဘာအန္တရာယ်မှမဖြစ်စေတဲ့အတွက် များများစားသုံးပေးလို့ရပါတယ ဝိတ်ကျချင်တဲ့သူတွေအနေနဲ့ ဖရဲသီးကိုစားသုံးပေးရမယ့်အချိန်တွေကတော့ မနက်စာမစားခင်နဲ့ နေ့လယ်စာမစားခင်မှာတစ်ခွက်၊ ညနေစာမစားခင်မှာတစ်ခွက်ပါ။ သရေစာအဖြစ်နဲ့လည်း […]
ပိန်းဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ
အရှေ့တောင်အာရှမှာ အဓိကတွေ့ရတဲ့ ပိန်းဥ မြန်မာပြည်မှာလည်း အရမ်းကိုပေါတဲ့ ပိန်းဥပါနော်။ ပိန်းဥကိုစားပေးရင် ဘယ်လိုအကျိုးကျေးဇူးရမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။ ပိန်းဥကို ပြုတ်ပြီးစားရင်လည်းအရသာရှိပြီး အမျိုးမျိုးချက်စားကြလေ့ရှိပါတယ်။ ပိန်းဥရေခဲမှုန့်ဆိုရင် ရေခဲမှုန့်တွေထဲမှာ တော်တော်ရောင်းအားကောင်းတာတဲ့။ စာဖတ်သူတွေထဲမှာလည်း ပိန်းဥကြိုက်တဲ့သူရှိမယ်လို့မျှော်လင့်ပါတယ်နော်။ သွေးဖိအားကျစေခြင်း ပိန်းဥမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး တခြားသတ္တုဓါတ်တွေလည်းပါဝင်လို့ သွေးဖိအားကို တည်ငြိမ်စေပါတယ်။ သွေးဖိအားများတဲ့သူတွေလည်း စားလို့ရပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း ပိန်းဥကိုစားပေးခြင်းအားဖြင့် နှလုံးကိုကျန်းမာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေခြင်း ပိန်းဥဟာ ကိုယ်အလေးချိန်ကျစေနိုင်တဲ့ အသီးအရွက်တစ်မျိုးပါပဲ။အဆီဓါတ်မပါဘဲ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့လည်း ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ကို ကျစေမှာပါ။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ခြင်း အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အူမကြီးနဲ့ အစာအိမ်ကို ကျန်းမာစေပါတယ်။ အမျှင်ဓါတ်များတဲ့အစားအစာကို စားပေးတာဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို […]
အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာစေမယ့် အစားအစာများ
အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာစေမယ့် အစားအစာများ ======================= ======================= အစားအစာတွေကို ဆေးအဖြစ်နဲ့ စားသုံးရတာဟာ အင်မတန် ကောင်းတဲ့ အချက်ပါ။ ဆေးတွေဟာ ရေရှည်သောက်သုံးတဲ့ အခါ ကိုယ်ခန္ဓာ္ဓအတွက် မကောင်းစေနိုင်ပါဘူး။ အစားအစာတွေကတော့ ကိုယ်ခံအားကို မြင့်တင်ပေးနိုင်ပြီး ခံစားနေရတာတွေကို ကာကွယ်ခြင်းနဲ့ ကုသခြင်းအတွက် ထိရောက်စေပါတယ်။ အဆစ်အမြစ်ရောင်ရမ်းတာတွေကို မဖြစ်စေဖို့နဲ့ ရောဂါ ရှိသူတွေ အတွက် သက်သာစေဖို့ ဘယ်လို အစားအစာမျိုးတွေကို စားသင့်ပါသလဲ? လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်စေပြီး အရသာလည်းရှိစေမယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။ နနွင်း နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ နနွင်းဟာ ရောင်ရမ်းမှုတွေကို ကျဆေးစေနိုင်တဲ့ ဟိုဒရိုကော်တီဆုန်းဓာတ် ပါဝင်ပါတယ်။ နနွင်းကို ပျားရည်နဲ့ လုံးပြီးစားကသလို ပြုတ်သောက်တာ မျိုးတွေကိုလည်း လုပ်လို့ရပါတယ်။ […]
သံပုရာရည်ကို ဆေးဖက်ဝင်အောင် ဖျော်ကြမယ်
သံပုရာရည်ကို ဆေးဖက်ဝင်အောင် ဖျော်ကြမယ် ======================= ======================= သံပုရာသီးဟာ မြန်မာတို့ အတွက် ဆေးဖက်ဝင်လှပါတယ်။ သံပုရာသီးကို နေရာမရွေး ရနိုင်တဲ့ အသီးဖြစ်ပြီး ဒေသတိုင်းမှာတော့ အသုံးပြုပုံ ကွာသွားပေမယ့် ဆေးဖက်ဝင် အသီးအဖြစ် လူသိများလှပါတယ်။ သံပုရာသီးမှာ ဗီတာမင်အပြင် ဗီတာမင်အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ် ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ် တွေလည်း ပါဝင်ပါတယ်။ သံပုရာသီးကို အရည်ညှစ်ပြီး သောက်လေ့ ရှိတဲ့ လူတွေ အတွက် ဆေးဖက်ဝင်အောင် ဖျော်နည်းလေးကို မျှဝေချင်ပါတယ်။ ရှေးဦးစွာ သံပုရာသီးတွေကို အရည်ညှစ်ပြီး ၁၀ကျပ်သား ချိန်ထားပါ။ အိမ်သုံးသကြားနှစ်ကျပ်သား၊ ရေသန့် […]
နှလုံးအတွက်ကောင်းမွန်စေတဲ့အပြင် မှတ်ဉာဏ်ကိုတိုးတက်စေမယ့် မာလကာသီး
နှလုံးအတွက်ကောင်းမွန်စေတဲ့အပြင် မှတ်ဉာဏ်ကိုတိုးတက်စေမယ့် မာလကာသီး ======================= ======================= မာလကာသီးကို စားသုံးတာဟာ ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရှိပါတယ်။ မာလကာသီးမှာ ခန္တာကိုယ်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ နှလုံးကျန်းမာရေး အမေရိကန်နိုင်ငံက အရွယ်ရောက်ပြီးသူတွေ သေဆုံးရတဲ့ရောဂါတွေထဲမှာ နှလုံးရောဂါတစ်ခုအပါအဝင်ဖြစ်ပါယ်။ ဒါ့ကြောင့် နှလုံးကို ကာကွယ်ဖို့လိုပါတယ်။ မာလကာသီးနဲ့ မာလကာရွက်ှာ နှလုံးကိုကာကွယ်ပေးနိုင်တဲ့ အဟာရဓါတ်ေွအများအပားပါဝင်ပါတယ်။ ဒါ့အပြင် အရေးကြောင်းဖြစ်တာနဲ့ အသက်အရွယ်အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ဓါတ်တွေပါဝင်လို့ အရွယ်တင်နုပျိုစေပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် မာလကာသီးဟာ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေပြီး မှတ်ဉာဏ်အားကောင်းစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို မာလကာသီး ၁ လုံး စားပေးသင့်ပါတယ်။ ကိုယ်ခံအားစနစ် မာလကာသီးကို စားပေးတာဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတာကြောင့် ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူဝင်ရောက်တာကနေ ကာကွယ်ပေးပါတယ်။ ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကိုလျှော့ချပေးခြင်း မာလကာသီးဟာ ကင်ဆာဖြစ်ပွားမှု အန္တာရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ […]