အရက်နဲ့ ကင်ဆာ ======================= ======================= အရက်ကို အလွန်အကျွံ သောက်သုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိကြပေမယ့် အရက်ကြောင့် ကင်ဆာဖြစ်နိုင်ခြေ များလာတာကိုတော့ အသိနည်းကြပါတယ်။ >> အရက်နဲ့ ဆက်နွှယ်နေသောကင်ဆာများ အရက်သောက်ခြင်းကြောင့် အောက်ပါကင်ဆာများ ဖြစ်ပွားနိုင်ပါတယ်။ အရက်သောက်နှုန်းပေါ် မူတည်ပြီး ကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုများပြားလာနိုင်ပါတယ်။ ● ပါးစပ်၊ လည်ချောင်း၊ အသံအိုးနဲ့ အစာပြွန်ကင်ဆာ အရက်ကြောင့် ဒီကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ အရက်ရော၊ ဆေးလိပ်ရော နှစ်မျိုးလုံး သောက်ခြင်းက ကင်ဆာဖြစ်နှုန်းကို ပိုမိုများပြားစေနိုင်ပါတယ်။ ဆေးလိပ်ထဲမှာပါတဲ့ အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေက ပါးစပ်၊ လည်ချောင်းနဲ့ အစာပြွန်တွေမှာရှိတဲ့ ဆဲလ်တွေအတွင်းကို ဝင်ရောက် ဒုက္ခပေးနိုင်ပါတယ်။ ဒီလို ဆဲလ်ထဲဝင်ဒုက္ခပေးနိုင်အောင် အရက်က ကူညီထောက်မပေးပါတယ်။ ဒါ့အပြင် ဆေးလိပ် ဓာတုပစ္စည်းတွေကြောင့် […]
Author: admin
မနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုကော်ဖီဖျော်မလဲ?
မနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုကော်ဖီဖျော်မလဲ? ======================= ======================= မနက်စောစောမှာ ကော်ဖီပူပူတစ်ခွက်နဲ့ ကိုယ့်ကိုယ်ကိုယ် နိုးကြားစေတဲ့ အကျင့်ဟာ အမြဲတမ်း ကောင်းပါသလား။ ကော်ဖီခါးခါးလေးဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့် ဒီကော်ဖီလေးထဲကို နွားနို့တွေ ရော၊ နို့ဆီတွေ ထည့်၊ သကြားတွေ ရောမွှေလိုက်တဲ့အခါ အဆီများပြီး ဝိတ်တက်စေတဲ့ အချိုရည်တစ်ခု ဖြစ်သွားပါသတဲ့။ မြန်မာတွေ အလွယ်တကူ ဝယ်သောက်နေကျ ကော်ဖီမစ်ဟာ အဲဒီလို ခပ်ဆင်ဆင်ပါပဲ။ ကော်ဖီမစ်ထဲကို သကြားတွေ၊ နို့ဆီတွေ ထပ်ထည့်မှ သောက်တတ်သူတွေကလည်း ရှိနေပြန်ပါရော။ မနက်ခင်း ကော်ဖီသောက်ပြီးရင် လေပွသလို ခံစားရတတ်ပါတယ်တဲ့။ ကော်ဖီကြောင့် မဟုတ်ပါဘူး။ ကော်ဖီနဲ့ ရောဖျော်လိုက်တဲ့ နွားနို့ သို့မဟုတ် Creamer တွေကြောင့် ဖြစ်တာပါ။ ခေတ်မီမီဆို ကော်ဖီ အကိတ်လို့ […]
ခါးပေမယ့် အကျိုးကျေးဇူးများတဲ့ ကြက်ဟင်းခါးသီး
ခါးပေမယ့် အကျိုးကျေးဇူးများတဲ့ ကြက်ဟင်းခါးသီး ======================= ======================= ကြက်ဟင်းခါးသီးဆိုတဲ့ အသီးဟာ အမြင်မလှ အရသာ ခါးပေမယ့် အကျိုးများစေပါတယ်။ ကြက်ဟင်းခါးပင်ဟာ ခြောက်သွေ့စိုစွတ်တဲ့ ရာသီဥတုကို ကြိုက်ပြီး အာရှနိုင်ငံတွေမှာတော့ လူသိများလှပါတယ်။ ကြက်ဟင်းခါးသီးကို အမေရိကအလယ်ပိုင်းနဲ့ တောင်ပိုင်းအာဖရိကတွေမှာ ပေါက်ရောက်လေ့ ရှိပါတယ်။ ကြက်ဟင်းခါးသီးပင်ဟာ နွယ်ပင် အမျိုးအစားဖြစ်ပြီး စင်ခံပြီး စိုက်ပျိုးလေ့ ရှိပါတယ်။ ကြက်ဟင်းခါးသီးကို အမှည့်ခင် ဆွတ်ပြီး စားရပါတယ်။ ကြက်ဟင်းခါးသီးကို မချက်ပြုတ်ခင် ဆားရည်နဲ့ စမ်းပြီး ညှစ်ထုတ်ရင် အခါးသက်သာစေပါတယ်။ ဆန်ဆေးရည်နဲ့လည်း စိမ်ပြီး ဆေးလို့ရပါတယ်။ ပုဇွန်ခြောက်မှုန့်နဲ့ ကြော်စားရင် အင်မတန် ကောင်းတဲ့ ဟင်းလျာတစ်ခွက် ရပါတယ်။ ကြက်ဟင်းခါးသီးမှာ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ […]
သွေးကြောများ ပိုမိုကောင်းမွန်ကျန်းမာခြင်းနှင့် ဆက်စပ်နေသည့် နို့တိုက်ခြင်း
သွေးကြောများ ပိုမိုကောင်းမွန်ကျန်းမာခြင်းနှင့် ဆက်စပ်နေသည့် နို့တိုက်ခြင်း ================== ================== အမျိုးသမီးတွေအနေနဲ့ မိခင်နို့ တိုက်ကျွေးခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာအောင် လှုံ့ဆော်ကြရာမှာ ဒီနေ့အခါဟာ အတက်ကြွဆုံး အချိန်ပါပဲ။ သုတေသနတွေအရလည်း အကျိုးကျေးဇူးအသစ်တွေ ထပ်မံတွေ့ရှိထားပါတယ်။ မိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောများကို ကျန်းမာသန်စွမ်းစေပါတယ်။ သုတေသနအသစ်အရ မိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောတွေကို ကျန်းမာသန်စွမ်းစေတယ်လို့ သိရပါတယ်။ မိခင်နို့တိုက်သူ အမျိုးသမီးများအနေနဲ့ အသက်ကြီးသွားတဲ့အခါ နှလုံးထိခိုက်မုှနဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ မိခင်နို့တိုက်ကျွေးနေတဲ့ ငယ်ရွယ်သူအမျိုးသမီးတွေရဲ့ သွေးလွှတ်ကြောများဟာ သက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အခါ နို့ဘူးတိုက်သူအမျိုးသမီးတွေထက် ပိုမိုကျန်းမာကောင်းမွန်တယ်လို့ သိရပါတယ်။ သားဖွားမီးယပ်ဆေးပညာဂျာနယ်တစောင်မှာလည်း မိခင်နို့တိုက်ကျွေးခြင်းနဲ့ သွေးလွှတ်ကြောများရဲ့ ကျန်းမာရေးကြားက ဆက်စပ်မုှကို ဖော်ပြထားပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေ အကျိုးအပြစ်အားလုံးကို ကျောက်ချက်ဆွဲဖို့တော့ စောပါသေးတယ်လို့ ဆိုထားပါတယ်။ သုတေသီများဟာ အနည်းဆုံး […]
ငှက်ပျောသီးရဲ့ ထူးခြားတဲ့ ဆေးအစွမ်း (၁၀) မျိူး
ငှက်ပျောသီးရဲ့ ထူးခြားတဲ့ ဆေးအစွမ်း (၁၀) မျိူး ငှက်ပျောသီးဟာ ဆေးဝါးတွေထက်တောင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ ဗီတာမင် ၊ ပရိုတင်းဓါတ်နဲ့ တခြားအဟာရဓါတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့အသီးပါ။ ဒါ့အပြင် အရသာလည်းရှိ ဈေးနှုန်းလည်း တင့်သင့်တာမို့ အိမ်တိုင်း ဝယ်ယူစားသုံးသင့်ပါတယ်။ အမျိုးသမီးတွေအတွက်ဆို ရာသီမှန်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ တခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးရဲ့ အံ့မခန်းအစွမ်း ၁။ ငှက်ပျောသီးဟာ အားဆေးလိုပါပဲ။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးတာကြောင့် အားကစားသမားတွေ အဓိကစားသုံးကြပါတယ်။ ၂။ ငှက်ပျောသီးမှာ Amino Acid ပါဝင်မှုမြင့်မားတာကြောင့် စိတ်ဖိစီးမှုကို လျှော့ကျစေပြီး ပျော်ရွှင်စေပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓါတ်ကလည်း စိတ်ကျရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ၃။ ငှက်ပျောသီးမှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး ဆားဓါတ်အနည်းငယ်ပဲပါဝင်ပါတယ်။ […]
ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ Longan (လုံငန်းသီး (သို့) တောကြက်မောက်သီး (သို့) တရုတ်လိုင်ချီးသီး)
ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ Longan (လုံငန်းသီး (သို့) တောကြက်မောက်သီး (သို့) တရုတ်လိုင်ချီးသီး) ================== ================== Longan ကို မြန်မာလိုဘယ်လိုခေါ်မှန်းမသိလို့ လိုက်ရှာကြည့်တော့ လုံငန်းသီးလို့ တချို့ကဖော်ပြကြသလို တောကြက်မောက်သီးလို့လည်းဖော်ပြကြတယ် ဒါတင်မကသေးဘူးရှင့် တရုတ်လိုင်ချီးသီးလို့လည်း ဖတ်လိုက်ရပါတယ်။ စာရေးသူတို့ဒေသမှာတော့ ကြောင်မျက်လုံးသီး၊ နဂါးမျက်စေ့သီးလို့ခေါ်ကြပါတယ်။ စာဖတ်သူတို့ဘယ်လိုခေါ်ကြလည်းဆိုတာလည်း Comment လေးတွေမှာရေးခဲ့ဦးနော်။ ထားပါ အပြင်ကပျော့ဖတ်က အဖြူရာင်ဖြစ်ပြီး အထဲကအစေ့ကအမည်းရောင်ဖြစ်ပါတယ်။ အရည်ခွံကတော့ ညိုဝါရောင်လေးပါ။ အရသာကတော့ တချို့ကလည်း အနံ့ကြောင့်မကြိုက်တဲ့သူရှိပေမယ့် တချို့ကလည်း စွဲစွဲမြဲမြဲကြိုက်ကြပါတယ်။ စာရေးသူတို့မြို့လေးက တရုတ်နယ်စပ်နဲ့နီးတော့ ဒီအသီးလေးတွေလည်း ငယ်ငယ်က မကြာခဏစားဖူးပါတယ်။ ရှမ်းအရှေ့ကို ပြန်ရောက်ရင်လည်း ဝယ်စားဖြစ်တဲ့အသီးလေးပါ။ ဒီအသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖတ်မိတော့ စာဖတ်သူတို့ကို မျှဝေလိုက်ပါတယ်။ နှလုံးကိုကျန်းမာစေတယ် တရုတ်ရှေးဆေးပညာသီအိုရအရ Longan သီးဟာ နှလုံးကို […]
နှလုံး၊ကျောက်ကပ်အတွက် ကောင်းမွန်စေတဲ့အပြင် ဖရဲသီးစားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ
အရသာရှိပြီး အရည်ရွှမ်းတဲ့ဖရဲသီးကို မြန်မာနိုင်ငံမှာ တကယ်ကို လူကြိုက်များပါတယ်။ ဖရဲသီးကိုစားသုံးပြီး တချိန်တည်းမှာပဲ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေအများအပြားရရှိစေပါတယ်။ နှလုံးကျန်းမာရေး ဖရဲသီးမှာ ဗီတာမင် C, Potassium ပါဝင်လို့ ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကျောက်ကပ် ကျောက်ကပ်မှာကျောက်တည်ဖူးတဲ့သူတွေအနေနဲ့ ဘယ်လောက်နာကျင်သလဲဆိုတာ သိကြမှာပါ။ ဒီတော့ ကျောက်ကပ်ကျန်းမာဖို့ အထူးဂရုစိုက်သင့်ပါတယ်။ ဖရဲသီးကိုစားပေးတာဟာ ဆီးသွားမှန်စေပြီး ကျောက်ကပ်ဆိုင်ရာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတိုးကျစေခြင်း သွေးတိုးတဲ့သူတွေအတွက် ဖရဲသီးကိုစားပေးသင့်ပါတယ်။ ဖရဲသီးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစာပါဝင်လို့ သွေးတိုးကျစေပါတယ်။ ဆီးကျိတ်ကင်ဆာ ဖရဲသီးမှာ Antioxidant ပါဝင်လို့ ဖရဲသီးကိုပုံမှန်စားပေးတာ ဆီးကျိတ်ကင်ဆာကို သက်သာစေပါတယ်။ အသားအရေ ဖရဲသီးမှာ ဗီတာမင် A ပါဝင်လို့ ဖရဲသီးကိုစားပေးတာဟာ အသားအရေက နုပျိုစိုပြေစေပါတယ်။
ကျောက်ဖရုံသီးရဲ့ ကျန်းမာရေးအစွမ်း
ကျောက်ဖရုံသီးရဲ့ ကျန်းမာရေးအစွမ်း ======================= ======================= ကျောက်ဖရုံသီးမှာ ဗီတာမင် B1,B3, C ပါဝင်ပြီး သတ္တုဓါတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်စ်၊ သံဓါတ်၊ ဖော့စ်ဖောရပ်စ်၊ မဂ္ဂနစ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ ဆယ်လီနီယမ်နဲ့ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓါတ်ပါဝင်မှုမြင့်မားလို့ သွေးဖိအားကို ထိန်းထားပေးနိုင်ပါတယ်။ ရေဓါတ် ၉၆% ပါဝင်တဲ့အသီးဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း ဗီတာမင် C ပါဝင်လို့ ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပြီး အအေးမိဖျားနာခြင်းတွေ ဗိုင်းရပ်စ်ပိုး အလွယ်တကူကူးစက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ လေဖြတ်နိုင်ချေကို လျှော့ချပေးခြင်း ဗီတာမင် C ပမာဏများများစားသုံးတဲ့သူတွေဟာ လေဖြတ်နိုင်ချေကို ၄၂% ထိလျှော့ချပေးပါတယ်။ ကျောက်ဖရုံသီးမှာ ဗီတာမင် C ၁၉.၁၁% ပါဝင်ပြီး လေဖြတ်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း ဗီတာမင် B2 ပါဝင်လို့ ခေါင်းကိုက်ဝေဒနာကို […]
မျှစ်နဲ့ သူရဲ့ အကျိုး
မိုးရာသီမှာ ပေါလှတဲ့ အစားအစာတွေထဲ မျှစ်တစ်ခုလည်း အပါအဝင်ပါ။ လူတိုင်းနီးပါး ကြိုက်ကြပေမယ့် စားရမှာ ကြောက်တဲ့ အစားအစာ တစ်ခုပါ။ ဆိုးဆေးတွေကို ကြောက်တာ ဖြစ်သလို အကြောတက် သွေးတက်မှာကိုလည်း ကြောက်ကြပါတယ်။ ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေတတ်ကြတာပါ။ မျှစ်တွေကိုတော့ ဆေးမဆိုးတဲ့ မျှစ်တွေကိုတော့ ရွေးချယ်ဖို့ လိုပါတယ်။ မျှစ်ကို ကြော်ချက်စားကြသလို ဟင်းရည် လုပ်သောက်ကြပါတယ်။ ပြုတ်ပြီး တို့စရာ အဖြစ်လည်း စားသောက်ကြပါတယ်။ ချဉ်ပေါင်ရွက်နဲ့ ရောချက်ပြီး ချဉ်ရည်ချက် စားကြတာကလည်း ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက် ရစေပါတယ်။ Bamboo shoot1 မျှစ်မှာ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတိန်း၊ ပိုတက်ဆီယမ်၊ မက်ဂနိ၊ ကော့ပါး၊ ဇင့်၊ ဗီတာမင် B6,C,E တို့ […]
ဦးနှောက်ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအစာ (၇) မျိုး
ဦးနှောက်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရှုပ်ထွေးဆုံးနဲ့ အရေးကြီးဆုံး အင်္ဂါတစ်ခုပါပဲ။ ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် များစွာ လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ ဦးနှောက်ကျန်းမာရေးအတွက် ဘာတွေစားပေးသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။ ၁။ ချောကလက်အမည်း ချော့ကလက်စားမယ်ဆိုရင် ကိုကိုး အနည်းဆုံး ၆၀% ပါတဲ့ ချောကလက်အမည်းရောင်ကိုစားပေးသင့်ပါတယ်။ ချောကလက်မှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ဗီတာမင် B ပါဝင်လို့လည်း ဟော်မုန်းနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ၂။ သဘာ၀ ဒိန်ချဉ် ဒိန်ချဉ်ဟာ ကျန်းမာတဲ့ ဘက်တီးရီးယားတွေကို ထုတ်ပေးလို့ သင့်ရဲ့ အူလမ်းကြောင်းကို ကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ ၃။ ကွေကာအုတ်။ ကွေကာအုတ်မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။ […]