ရုံးပတီသီး၏ကျန်းမာရေးအကျိုးကျေးဇူးများ ================== ================== ဗီတာမင်၊ သတ္တုဓာတ်နှင့်အခြားအာဟာရဓာတ်များ ကြွယ်၀ စွာပါဝင်သော ရုံးပတီသီးတွင် ဆီးချိုရောဂါကိုကုသနိုင်ခြင်းမှ ကျောက်ကပ်ရောဂါကာကွယ်ရေးအထိ ကျန်းမာရေးအကျိုးကျေးဇူး များစွာပါဝင်သည်။ ရုံးပတီသီးအစိမ်းဖန်ခွက်တစ်ခွက်စာတွင် ကယ်လိုရီ ၃၀ ကျော်၊ အစားအစာဆိုင်ရာအမျှင်ဓာတ် သုံးဂရမ်ခန့်၊ ပရိုတင်း နှစ် ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၇ ဒသမ ၆ ဂရမ်၊ အဆီ ၀ ဒသမ ၁ ဂရမ်၊ ဗီတာမင်စီ ၂၁ မီလီဂရမ်၊ ဖောလစ်အက်စစ် ၈၈ မိုက်ကရိုဂရမ်နှင့် မဂ္ဂနီစီယံ ၅၇ မီလီဂရမ်ပါဝင်သည်။ ရုံးပတီသီးကို ချက်ပြုတ်၊ ကြော် လှော်၊ မီးကင်စသည့်ပုံစံအမျိုးမျိုးဖြင့် စားသုံးပါကကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်သည်။ ရုံးပတီသီးကဲ့သို့ ဗီတာမင်စီကြွယ်ဝသောဟင်းသီးဟင်းရွက် များကို ပမာဏအနည်းငယ်စားလျှင်ပင် ပန်းနာရင်ကျပ်လက္ခဏာ သက်သာစေနိုင်သည်။ ရုံးပတီသီးစားခြင်းကြောင့် အစာချေဖျက်မှုဆိုင်ရာကျန်းမာရေး သာ […]
Author: admin
ကြောင်လျှာသီးကိုဘာတွေနဲ့တွဲချက်ရင်ဆေးဘက်ဝင်လဲ
ကြောင်လျှာသီးကိုဘာတွေနဲ့တွဲချက်ရင်ဆေးဘက်ဝင်လဲ ========================================% ၁ – ကြောင်လျှာသီးကို ကြက်သားနဲ့ချက်စားရင် ပန်းနာရောဂါပျောက်ပါတယ်။ ၂ – ငါးရံ့နဲ့ချက်စားရင် ဝမ်းပျက်တာ ပျောက်ပါတယ်။ ၃ – ပုဇွန်နဲ့ ချက်စားမယ်ဆိုရင် နှလုံးလေရိုက်တာ၊ နှလုံးတုန်တာ၊ ရင်တုန်တာ ပျောက်ပါတယ်။ ၄ – ငါးသလောက်နဲ့ ချက်စားရင် အဖောရောဂါပျောက်ပြီး လူကိုဝစေပါတယ်။ ၅ – ငါးမြွှေထိုးနဲ့ ချက်စားမယ်ဆိုရင်တော့ ဒူလာသွေးဝမ်း၊မီးယပ်သွေးဝမ်းနဲ့ မြင်းသရိုက်ရောဂါပျောက်ပါတယ်။ #Credit: duwun photo credit.. #အထွေထွေဗဟုသုတ
အကျိုးပြုစေတဲ့ အစားအစာ
အကျိုးပြုစေတဲ့ အစားအစာ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလိုလူသားတွေ ပုံမှန်နေ့စဉ်စားသုံးနေကြ အစားအစာတွေမှာ အကျိုးပြုစေတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။ (၁) မုန်လာဥ မုန်လာဥမှာ ဆိုရင် ဗီတာမင်အေ အများဆုံးပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတွေအတွက် လိုအပ်တဲ့ ဗီတာမင်အေ ပမာဏကို ၂၁၀ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းပေးနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ (၂) ပန်းသီး ပန်းသီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်တွေအပြင်၊ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေပါဝင်ပါတယ်။ ပန်းသီးပုံမှန်စား သုံးပေးမယ်ဆိုရင် မှတ်ဉာဏ်အားနည်းတာ ဆီးချိုသွေးချိုရောဂါတွေပါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ (၃) ငှက်ပျောသီး ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားကို ထိန်းပေးနိုင်ပြီး သွေးကင်ကာရောဂါနဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ (၄) ချောကလက် ချောကလက်မှာတော့ Antioxidants […]
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လေးညှင်း
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လေးညှင်း ================== ================== ဟင်းခတ် အမွှေးအကြိုင် အဖြစ် အသုံးများတဲ့ လေးညှင်းဟာ မွှေးပျံ့စေဖို့ ကူညီပေးပါတယ်။ တရုတ် ဟင်းလျာတွေမှာ အသုံးများပါတယ်။ သူရဲ့ အနံ့စူးစူးဟာ တော်ရုံ အညှီနံ့ကို ပျောက်သွြးစေပါတယ်။ ပုံသဏ္ဍာန်ခပ်သေးသေးနဲ့ လေးညှင်းမှာ ဆေးဖက်ဝင် အာနိသင်နဲ့ အာဟာရတန်ဖိုးကတော့ ခပ်များများပါပဲ။ သူ့မှာ ပရိုတင်းဓာတ်၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက်ဒိုကလိုရစ် အက်စစ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် အုပ်စုနဲ့ အမျှင်ဓာတ်လည်း ပါဝင်ပါသေးတယ်။ လေးညှင်းရဲ့ မူလဇာစ်မြစ်ကတော့ အင်ဒိုနီးရှားက Maluka ကျွန်းစုတွေပါပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ပါကစ္စတန် တို့မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပါတယ်။ […]
ဆားအလွန်အကျွံစားခြင်းရဲ့ နောက်ဆက်တွဲ
ဆားအလွန်အကျွံစားခြင်းရဲ့ နောက်ဆက်တွဲ ================== ================== သင်ဟာ အငန် အလွန်အကျွံစားမိနေပြီလား? တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း အစားအစာတွေဟာ လိုတာထက်ပိုပြီး စားသုံးမိနေပြီဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါလိမ့်မယ်။ စားနေတုန်းမှာတော့ မသိသာပေမယ့် သူများဟင်းတွေ စားလို့ မရတော့ဘူး။ ဘာစားစား အငန်လေး ထပ်ထည့်လိုက်ရမှ အဆင်ပြေသလို ဖြစ်နေပြီ ဆိုရင်တော့ အငန်ကို အလွန်အကျွံ စားမိနေပါပြီ။ ဆားဟာ အစားအစာတွေကို အရသာရှိစေဖို့ ဖြစ်ပြီး အစာချေစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် အလွန်အကွံျ ဖြစ်လာပြီဆိုရင်တော့ တားဆီးရပါတော့မယ်။ နေ့စဉ် လူတစ်ယောက်ဟာ လိုအပ်တဲ့ ဆိုဒီယမ် ပမာဏ ရှိပါတယ်။ 3kg လောက် စားပေးရင် လုံလောက်ပါပြီ။ ဒါထက်ပိုပြီး ဆိုဒီယမ်တွေ ရနေရင်တော့ ဆိုးကျိုးတွေ ရှိလာပါပြီ။ […]
ရေခဲရေ သောက်ခြင်းရဲ့ နောက်ကွယ်က လက်မည်းကြီး
ရေခဲရေ သောက်ခြင်းရဲ့ နောက်ကွယ်က လက်မည်းကြီး ================== ================== ရေခဲရေဟာ ဒီလို နွေရာသီ အပူကနေ လန်းဆန်းစေပြီး ရေသောက်ခြင်းဟာ ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ ဒါပေမယ့် ရေခဲရေ အများပြား သောက်သုံးခြင်းဟာ သင်အတွက်တော့ မကောင်းပါဘူး။ ရာသီဥတု ဘယ်လောက်ပူပူ ရေခဲသောက်ခြင်းဟာ ကောင်းတဲ့ အကြံဉာဏ်တော့ မဟုတ်ပါဘူး။ ရေနွေးဟာ သင်ရဲ့ချွေးပေါက်တွေကို ဖွင့်ပေးစေပြီး အသားအရည်ကို ချောမွေ့ပြီး လန်းဆန်းသွားစေတယ်လို့ ခံစား ရမှာပါ။ ရေခဲရေဟာတော့ ချွေးပေါက်တွေကို ပိတ်စေပြီး အသားအရည်ကို တင်းကျပ်စေပါတယ်။ ဒါဘာဖြစ်စေတာလဲ ? ရေခဲရေ သောက်ခြင်းဟာ အစာကြေစနစ်ကို တိုက်ခိုက်စေလို့ပါ။ အစာ စားချိန်တွေမှာ ရေခဲရေ မသောက်ဖို့ တားမြစ်တဲ့ ဆောင်းပါးတွေကို ဖတ်ဖူးကြမှာပါ။ ဒါပေမယ့်လည်း လူတွေက ဆက်ပြီး […]
ရှောက်သီးနဲ့ပျားရည်ဆေးနည်းက အကောင်းဆုံးချောင်းဆိုးပျောက်ဆေးဖြစ်
ရှောက်သီးနဲ့ပျားရည်ဆေးနည်းက အကောင်းဆုံးချောင်းဆိုးပျောက်ဆေးဖြစ် ဆောင်းရာသီဝင်လာတာမို့လူတွေ အအေးမိ၊ချောင်းဆိုးတွေ အဖြစ်များနေပြီဖြစ်ပါတယ်။ အအေးမိချောင်းဆိုး တဲ့အခါ ပိုက်ဆံအကုန်ခံပြီး နာမည်ကြီးတံဆိပ်နဲ့ချောင်းဆိုးပျောက်ဆေးဝယ်သောက်နေမယ့်အစား ဗြိတိန်ရဲ့ နာမည်ကြီးဆရာဝန်တစ်ယောက်က သဘာဝဆေးနည်းကိုသာ သောက်ဖို့ညွှန်းလိုက်ပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေဟာအလကား၊ပိုက်ဆံဖြုန်းမှုသက်သက်ဖြစ်ပြီး၊ ချောင်းဆိုးပျောက်ဆေးတွေရဲ့ နောက်ကွယ်မှာ ဆေးပညာဆိုင်ရာအထောက်အထားပြစရာကောင်းကောင်းမရှိဘူးလို့အထွေထွေရောဂါကု ဆရာဝန်များတော်ဝင်ကောလိပ်ရဲ့ ဒုတိယပါမောက္ခ Dr Tim Ballard က အကြံပြုပြောကြားလိုက်ပါတယ်။ အလားတူစွာပဲ NGS ရဲ့ ပြည်သူတွေကို ကျန်းမာရေးဆိုင်ရာအကြံပေးချက်တွေဖော်ပြတဲ့ဝက်ဘ်ဆိုဒ်မှာလည်း “ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ချောင်းဆိုးတာကို အမြန်တိုက်ဖျက်နိုင်တဲ့နည်းလမ်းဆိုတာမရှိသေးပါဘူး။ ပုံမှန် အားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ဗိုင်းရပ်စ်ကို ရှင်းထုတ်လိုက်ပြီးချိန်မှာမှ ချောင်းဆိုးပျောက်သွားမှာ ဖြစ်ပါတယ်။ ချောင်းကြာရှည်ဆိုးရတဲ့နောက်ကွယ်မှာအကြောင်းရင်းတစ်ခုခုရှိမယ်ဆိုရင်လည်း၊ သီးခြားကုသမှု ခံယူဖို့လိုပါတယ်” “ ကာလတိုချောင်းဆိုးတာကို ကုသဖို့အလွယ်ကူဆုံးနည်းနဲ့ကုန်ကျစရိတ်အနည်းဆုံးနည်းကတော့ ပျားရည်နဲ့ရှောက်သီး အိမ်တွင်းဆေးနည်းပဲဖြစ်ပါတယ်။ ပျားရည်ဟာ ပါးစပ်ထဲက ချွဲ၊သလိပ်တွေကို ထွက်စေတဲ့အမြှေးကို အလွှာပါးတစ်ထပ်အုပ်ပေးကာ ယားယံမှုကိုသက်သာစေတဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီအမြှေးပါးယားယံမှုကြောင့် […]
ဒိန်ချဉ်နှင့် ကျန်းမာရေး
ဒိန်ချဉ်နှင့် ကျန်းမာရေး ================== ================== ဒိန်ချဉ်မှန်မှန်သောက်ခြင်းဖြင့် ကိုလက်စထရောကျပြီး သွေးတိုးရောဂါ ရှိသူများအတွက် အကျိုးရှိကြောင်း၊ ပန်းနာရင်ကျပ်ရှိသူများကိုလည်း သက်သာစေကြောင်း၊ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်အောင်ကာကွယ်ပေးကြောင်း၊ အသက်နှ စ်နှစ်ကျော်မှ အသက်ကြီးသည့် အရွယ်အထိ နေ့စဉ်စားပေးပါက အသက်ရှည်ကြောင်း မြဝတီသတင်းစာဖတ်ပရိသတ်များ သိရှိစေရန်အတွက် ဒေါက်တာခင်မောင်လွင် (FAME) နှင့်တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ မေး ။ ။ ဆရာ။ ဒိန်ချဉ်ဆိုတာ ဘယ်လိုအစားအစာမျိုးဖြစ်တယ်။ ဘယ်တုန်းကတည်းက ပေါ်ပေါက်ခဲ့တဲ့ အစားအစာလည်းဆိုတာ သိပါရစေ။ ဖြေ ။ ။ ဒိန်ချဉ်ဆိုတာ အဓိကအားဖြင့် နွားနို့ကို အချဉ်ဖောက်ပြီးရလာတဲ့အစားအစာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Yogurt လို့ ခေါ်ပါတယ်။ Yogurt ဒါမှမဟုတ် Yoghurt လို့လည်း ရေးလေ့ရှိပါတယ်။ တကယ်တော့ နွားနို့သာမက […]
သစ်ချသီး ၅ လုံးစားပြီး ၄ နာရီကြာတဲ့အခါမှာ ဘယ်လိုထူးခြားမှုတွေ ရှိလာမလဲ
သစ်ချသီး ၅ လုံးစားပြီး ၄ နာရီကြာတဲ့အခါမှာ ဘယ်လိုထူးခြားမှုတွေ ရှိလာမလဲ ================== ================== မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသန အရ တစ်နေ့ကို သစ်ချသီး လက်တစ်ဆုပ်စာလောက် စားပေးရင် နှလုံး ရောဂါကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ သစ်ချသီး ၅ လုံးစားပြီး ၄ နာရီကြာတဲ့အခါမှာ သွေးအတွင်း ကိုလက်စထရောဓာတ် ကျဆင်းလာပြီး သွေးကြောနံရံတွေကလည်း ပျော့ပျောင်းနေတာကို တွေ့ခဲ့ရပါတယ်။ သုတေသနမှာ ပါဝင်တဲ့ Dr. Penny Kris Etherton က “တစ်နေ့ကို သစ်ချသီး လက်တစ်ဆုပ်စာလောက်ဘဲ ၄ ရက် ဆက်တိုက်စားပေးရင် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို ကျဆင်းစေတယ်”လို့ ဆိုပါတယ်။ သစ်ချသီးကို အရင်ခေတ်အဆက်ဆက်ကလည်း တခြား ကျန်းမာရေးကောင်းကျိုးတွေကြောင့် အသုံးပြုခဲ့ကြပါတယ်။ ရောမ တို့က […]
အနက်ရောင်ချောကလက် စားခြင်းကြောင့် ဦးနှောက် ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် အားကောင်းနိုင်
အနက်ရောင်ချောကလက် စားခြင်းကြောင့် ဦးနှောက် ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် အားကောင်းနိုင် ================== ================== အနက်ရောင်ချောကလက် သင့်တင့်ရုံ ပုံမှန်စားသုံးခြင်းကြောင့် ဦးနှောက်ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် အားကောင်းစေနိုင် ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ အနက်ရောင်ချောကလက်ကို သင့်ရုံပုံမှန်စားခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများရှိကြောင်း လေ့လာမှုများက ဖော် ပြသည်။ အနက်ရောင်ချောကလက်စားခြင်းကြောင့် နှလုံးခုန်နှုန်း မူမမှန်ခြင်း၊ ဆီးချိုနှင့် နှလုံးရောဂါတို့ ဖြစ်ပွားနိုင်သည့် အန္တရာယ် များကို လျော့ပါးစေသည်။ အနက်ရောင်ချောကလက်တွင် ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျော့ပါးစေသော ဓာတ် တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများရှိသည်။ ကိုကိုးစေ့မှ ထုတ်လုပ်ထားသည့် အနက်ရောင်ချောကလက် တွင် အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ ပိုတက်ဆီ ယမ်၊ မီးစုန်းဓာတ်၊ သွပ်ဓာတ်တို့ […]