အာလူးသုံးပြီး မျက်နှာလေး လှအောင်ပြုလုပ်ကြမယ် ရေးသားသူ Phyo Pyae Pyae ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win. ====================== အာလူးလေးကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတစ်မျိုး ဖြစ်တာကြောင့် အားလုံးအတွက် အဆင်ပြေစေမှာပါ။ ပုံမှန်အားဖြင့်တော့ ရှားစောင်းလက်ပပ်၊ သခွားသီးတွေနဲ့ ပေါင်းတင်ကြတာများပါတယ်။ ခု အာလူးလေးနဲ့ ပေါင်းတင်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြမယ်နော်။ အာလူးမှာ Catecholase အင်ဇိုင်းဓါတ်တွေ ပါဝင်တာကြောင့် အမည်းစက်တွေကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေလည်း ပျောက်ကင်းစေပါတယ်။ အာလူးမှာ ပိုတက်စီယမ်တွေလည်း ပါဝင်တာကြောင့် ရေဓါတ်ကို ထိန်းထားပေးတဲ့အပြင် အသားအရေကိုလည်း စိုပြေစေနိုင်ပါတယ်။ ဗီတာမင် B 6 ကတော့ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်စေပါတယ်။ ကယ်လ်စီယမ် ပါဝင်မှုကတော့ အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့အပြင် […]
Author: admin
ဒူးနာ ခါးနာ ဝေဒနာများစွာအတွက် ခါးနာ ဒူးနာ သူများအတွက် မခက်ပါ ….
ဒူးနာ ခါးနာ ဝေဒနာများစွာအတွက် ခါးနာ ဒူးနာ သူများအတွက် မခက်ပါ …. ============================== ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။ တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊ […]
အရေပြားကင်ဆာ ကာကွယ်ဖို့ နာနတ်သီးကို သုံးစွဲစို့
အရေပြားကင်ဆာ ကာကွယ်ဖို့ နာနတ်သီးကို သုံးစွဲစို့ နာနတ်သီးဟာ စားသုံးလို့ ကောင်းမွန်တဲ့ သစ်သီးအပြင် အမျိုးသမီးတို့ အလှအပအတွက်လည်း အလွန် အသုံးဝင်လှ ပါတယ်။ နာနတ်သီးမှာ ဗီတာမင်ဓာတ် များစွာ ပါဝင်ပြီး သတ္တုဓာတ် အများအပြား ပါဝင်တဲ့ သစ်သီး တမျိုးဖြစ်ပြီး သင့် ရာသီမရွေး စားသုံးသင့်တဲ့ ၊နွေရာသီမှာ ရွှေရင်အေးစရာ ဖျော်ရည်ပြုလုပ်သောက်နိုင်တဲ့ နာနတ်သီးတန်ဖိုး အကြောင်း ပြောပြပါမယ်။ လူနီအင်ဒီးယန်းများဟာ နာနတ်သီးကို ဆေးဖက်ဝင် အစာကြေဆေး အဖြစ်လည်းကောင်း၊ အသားနုတက်ဆေး Healer အဖြစ် လည်းကောင်း သုံးစွဲကြပါတယ်။ အင်ဒီးယန်း အမျိုးသမီးများသည် နာနတ်သီး အသားဖတ်များဖြင့် ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကာ အသားအရေ စိုပြည်လှပအောင် ပြုပြင်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Bromelain ခေါ် Enzyme […]
အဆီကျစေတဲ့ ကြက်သွန်နီသုပ်
အဆီကျစေတဲ့ ကြက်သွန်နီသုပ် ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။ ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။ (၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။ (၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။ (၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။ (၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။ (၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။ (၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း […]
ပျားရည် တိုက်မလား ချောင်းဆိုးပျောက်ဆေးရည် တိုက်မလား
ပျားရည် တိုက်မလား ချောင်းဆိုးပျောက်ဆေးရည် တိုက်မလား ကလေးများ မကြာခဏ အအေးမိ।နှာစေး। ချောင်းဆိုးဖြစ်ကြသည်။ အသက် ရှူလမ်းကြောင်း အထက်ပိုင်းတွင်ဖြစ်သောသာမန်ဗိုင်းရပ်ပိုးများကြောင့် နှာစေးချောင်းဆိုး ဖြစ်တာပိုများကြသည်။ မိဘများကတော့ အဖျားသက်သာအောင် ပါရာစီတယ်မောလ် တိုက်ပေးကြသလို ချောင်းဆိုးသက်သာရန်လည်း ချောင်းဆိုးပျောက် ဆေးရည်များ ဝယ်တိုက်ချင်ကြသည်။ယေဘုယျအားဖြင့် ချောင်းဆိုးပျောက်ဆေးများ တိုက်စရာမလိုပါ။ ချောင်းဆိုးစေသော အကြောင်းရင်းပျောက်သွားသည် နှင့် ချောင်းလည်း တဖြည်းဖြည်းပျောက်သွားပါလိမ့်မည်။ ချောင်းဘာကြောင့်ဆိုးလဲဆိုတာကိုသာ ဆရာဝန်နှင့် စမ်းသပ်ဆွေးနွေးပါ။သို့သော်ချောင်းဆိုးခြင်းက ညဘက်အိပ်လို့မရလောက်အောင် ဒုက္ခပေးနေပါက ချောင်းဆိုးသက်သာဆေးများ သုံးနိုင်ပါသည်။ သို့သော် ၆-နှစ်အောက်ကလေးကတော့ မသောက်သင့်ပါ။ အသက် ရှူလမ်းကြောင်း အထက်ပိုင်းတွင်ဖြစ်သောသာမန်ဗိုင်းရပ်ပိုးများကြောင့် ဖြစ်သော ချောင်းဆိုးခြင်းများကိုသာ တိုက်ရန်ရည်ရွယ်ပါသည်။ ချောင်းဆိုးပျောက်ဆေးရည်ဟု စာရေးသူမသုံးချင်ပါ။ သောက်ပြီးလျှင် ချောင်းမပျောက်ပါ။ သို့သော် သက်သာနိုင်ပါသည်။ ဆေးသုတေသနတွေ့ရှိချက်အရ ချောင်းဆိုးသက်သာဆေးရည်များနှင့်တန်းတူ အာနိသင်ရှိသော ချောင်းဆိုးသက်သာဆေးရည်တခုမှာ ပျားရည်ဖြစ်သည်။ […]
အစာအိမ် လေပူရောဂါနှင့် ဖီးကြမ်းငှက်ပျောသီး
အစာအိမ် လေပူရောဂါနှင့် ဖီးကြမ်းငှက်ပျောသီး ================================= ဖီးကြမ်းငှက်ပျောသီး အခွံအတွင်းမှ အသား (အမြှေး) အမျှင်များမှာ လေပူကို နိုင်ပြီး ပါးစပ်အနာ၊ အစာအိမ် အနာများကို ပျောက်ကင်းစေနိုင်ပါသည်။ ဖီးကြမ်းငှက်ပျောသီး စားသူများမှာ ထိုဆေးဖက်ဝင်သည့် အမျှင်အသားများကို အခွံခွာပြီး မစားမိဘဲ လွှတ်ပစ် လိုက်ကြပါသည်။ ငှက်ပျောသီးမှည့်ကို မီးဖုတ်၊ မီးကင်သောအခါ ထိုအမြှေးများသည် ပျော်ပြီး ငှက်ပျောသီးအသားနှင့် ပေါင်းစပ်သွားသဖြင့် မီးဖုတ်စားခိုင်းခြင်းဖြင့် ပါးစပ်နှင့် အစာအိမ် အနာများကို သက်သာစေနိုင်လေသည်။ ပဲခူးရိုးမတွင် ဝါးခုတ်သည့် ကရင် လူမျိုးများသည် ဖီးကြမ်းငှက်ပျောသီး အစိမ်းများကို ဟင်းချက်စားလေ့ ရှိကြသည်။ ငရုတ်သီးစိမ်းထောင်း အနည်းငယ်၊ ငါးပိ အနည်းငယ်နှင့် ငှက်ပျောသီးစိမ်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူတိုင်တို့ကို ရောချက်သည့် ဟင်းကို တာလပေါဟင်းဟု ခေါ်ကြလေသည်။ လွန်ခဲ့သော […]
ကျောက်ကပ်ကိုဆေးကြောပေးပါ
ကျောက်ကပ်ကိုဆေးကြောပေးပါ ———————————————— ကျောက်ကပ်ဟာအရေးကြီးတဲ့ကလီစာတစ်ခုဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းစားသောက်နေတဲ့အစာတွေထဲကအဆိပ်အတောက်တွေကိုသန့်စင်ဖယ်ရှားပေးနေရတဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်။ဒါကြောင့်အလုပ်တော်တော်များများလုပ်ရပါတယ်။ အခုခေတ်မှာလူအများစုဟာရေသောက်တာအရမ်းနည်းလွန်းကြတယ်။ရေဆာသလိုရှိတော့မှသာရေနဲနဲလောက်သောက်ကြလေ့ရှိပါတယ်။တစ်ချို့လူတွေဆိုရင်ရေမသောက်ဘဲလက်ဖက်ရည်၊ကော်ဖီလောက်ပဲသောက်ကြပါတယ်။အချိုရည်၊အအေးပုလင်းတွေသောက်ကြသူတွေလည်းများပါတယ်။ အဲဒီ့အပြင်ယနေ့ခေတ်မှာစားရသောက်ရတာတွေကလည်းဓာတုဆေးကြွင်းတွေအများကြီးပါနေတဲ့အစားအသောက်တွေပဲဖြစ်နေပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေဟာစီးပွားဖြစ်အထွက်တိုးဖို့ဓာတုဆေးတွေကိုအလွန်အကျွံသုံးစွဲကြတော့လူတွေရဲ့ကိုယ်ထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာပါတယ် စားရတာတွေကအဆိပ်တွေ၊ရေသောက်တာကလည်းသိပ်နည်းကြတယ်ဆိုတော့ကျောက်ကပ်ကအလွန်ပျစ်ချွဲနေတဲ့အဆိပ်အတောက်တွေကိုနေ့စဉ်ဆေးကြောပေးနေရပါတယ်။ကျောက်ကပ်ဆိုတာကသံမဏိနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး၊အသွေးအသားတွေနဲ့တည်ဆောက်ထားတာပါ။ နေ့စဉ်နေ့တိုင်းအဆိပ်ပြင်းတွေကိုဆေးကြောပေးနေရတဲ့ကျောက်ကပ်ဟာကြာလာတော့ဂျီးညှော်တွေကပ်ညိလာပါတယ်။အဲဒီကနေကျောက်တွေဖြစ်လာပါတယ်။ကျောက်တည်တဲ့အခြေနေမျိုးကိုရောက်လာပါတယ်။နောက်ဆုံးမှာကျောက်ကပ်ကအလုပ်မလုပ်နိုင်တော့ပဲပျက်စီးသွားတဲ့အထိဖြစ်သွားတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးအထိမဖြစ်ရအောင်ကျောက်ကပ်ကိုမကြာခဏဆေးကြောပေးဖို့လိုပါတယ်။ရိုးရိုးလေးပါပဲ၊မခက်ပါဘူး၊ကျောက်ဖယုံသီးကိုပဲအသုံးပြုပြီးဲကျောက်ကပ်ကိုဆေးမှာဖြစ်ပါတယ်။ဈေးကနေကြက်လည်ချောင်းရိုးအနည်းငယ်ဝယ်လာပြီးပြုတ်ပါ။အရသာထည့်ပါ။ကျောက်ဖယုံသီး၂စိပ်လောက်ကိုတုံးပြီးထည့်ပါ။ကျက်ပြီဆိုရင်တရုတ်နံနံကိုထည့်ခတ်လိုက်ပါ။ငရုတ်ကောင်းနဲနဲရိုက်ထည့်ပါ။ပန်းကန်ထဲထည့်ပြီးရင်သံပရာသီးတစ်လုံးညှစ်ထည့်ပြီးသောက်ပါ။တစ်ပန်းကန်လုံးကုန်အောင်သောက်ပစ်လိုက်ပါ။ဒါပါပဲ။ အဲဒီ့ကျောက်ဖယုံသီးဟင်းချိုကိုမကြာခဏသောက်ပေးခြင်းအားဖြင့်ကျောက်ကပ်ကကျောက်တွေသာမကခန္ဓာကိုယ်ထဲမှာအောင်းနေတဲ့ကျောက်တွေလည်းရှင်းလင်းသွားပါလိမ့်မယ်။ဝမ်းဗိုက်မှာပိုနေတဲ့အဆီတွေလည်းကျသွားပါလိမ့်မယ်။ဒါဟာရှေးကတည်းကအရှေ့တိုင်းသားတို့သုံးခဲ့တဲ့အစာလည်းဆေး၊ဆေးလည်းအစာဖြစ်တဲ့နည်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ချစ်ခင်လေးစားလျှက်…….. မင်းကျော်ဝင်း
အူလမ်းကြောင်းက်ိုရှင်းလင်းခြင်း
အူလမ်းကြောင်းက်ိုရှင်းလင်းခြင်း ===================== ကျွန်တော်တို့ရဲ့အူလမ်းကြောင်းဟာ အညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။အညစ်အကျေးတွေက အစဉ်အမြဲရှိနေတတ်တော့ အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။ လူတွေရဲ့အူဟာ အမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။ အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေကနေစုပ်ယူပြီး သွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊ အူမသန့်ရင် သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။ အူတွေကိုသန့်ရှင်းပေးတော့မှ အဆိပ်တောက်ကင်းတဲ့ သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။ သွေးသန့်ရင်ရောဂါကင်းမယ်၊ သွေးညစ်ရင်ရောဂါများမယ်။သွေးသန့်ဖို့အတွက် အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။ အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။စင်ထိုးပြီးစိုက်ရတဲ့ အညွန့်အရွက်တွေစားပေးရုံပါပဲ။ ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့ အညွန့်အရွက်တွေမှာ အမွှေးအမျှင်လေးတွေပါပါတယ်။ အဲဒီ့အရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့ အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင် စင်ကြယ်သွားပါတယ်။ အဲဒီအမွှေးအမျှင်ပါတဲ့ အညွန့်အရွက်တွေကိုကြော်ပြီးစားပါ။အစာလမ်းကြောင်းတစ်လျှောက်က အညစ်အကျေးတွေကိုပြောင်အောင် သုတ်သင်ပေးသွားပါလိမ့်မယ်။ အစာလမ်းကြောင်းတစ်ခုလုံး သန့်ရှင်းနေတော့အာဟာရကနေရတဲ့ ရသရည်ကလည်းသန့်ရှင်းပြီး သွေးကလည်းသန့်တော့တာပေါ့ အဲဒီ့အပြင်အူတွေထဲမှာ အညစ်အကျေးချိုးကပ်မှုတွေများလို့ ဗိုက်ပူနေတဲ့သူတွေလည်း တဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။ အနာရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည်နေနိုင်တဲ့နည်းကောင်းတစ်ခုပါပဲ။ crd;copy
အရိုးထဲကိုcalciumဖြည့်သွင်းပေးပါ
`အရိုးထဲကိုcalciumဖြည့်သွင်းပေးပါ´ “””””””””””””””””””””””””””””””””””””‘””‘ ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုမှန်ထဲမှာကြည့်ပြီးတော့ချောချောလှလှကြီးဆိုပြီးကျေနပ်နေတတ်ကြပါတယ်……………သို့သော်လဲခန္ဓာကိုယ်အတွင်းထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုတော့မသိကြပါဘူး…………အထူးသဖြင့်အရိုးတွေဘယ်လိုအခြေအနေရှိသလဲဆိုတာကိုမသိကြပါဘူး။ လူအများစုရဲ့အရိုးတွေဟာအရိုးပွတဲ့အခြေအနေမျိုးဖြစ်နေကြပြီးအတွင်းမှာဆန်ကါပေါက်တွေဖြစ်နေကြပါတယ်………ကိုယ့်ကိုယ်ကိုတော့မသိဘူးပေါ့…………အရိုးပွတယ်အရိုးပါးတယ်ဆိုတာတွေကအသက်ကြီးမှဖြစ်ကြတာမဟုတ်လားလို့ထင်မြင်ယူဆနေတတ်ကြပါလိမ့်မယ်………သို့သော်လဲအသက်၃၀တောင်မပြည့်သေးတဲ့သူတွေမှာတောင်အရိုးပွနေကြပြီဆိုတာကိုတွေ့ရပါတယ်။ ကိုးရီးယားနိုင်ငံကရုံးstaff မလေးတွေပိန်သွယ်ချောလှအောင်လုပ်ထားကြတာဆိုတာလန်ပျံနေတာပဲ………ဝမှာကြောက်လို့ဘာမှသိပ်မစားဘူး………မနက်စောစောရုံးလာ…တစ်နေကုန်A/C အခန်းထဲမှာပဲနေ…ညနေကျမှအိမ်ပြန်……အဆာပြေလောက်ပဲစား……နေရောင်ခြည်လည်းမခံရဘူး……အဲဒါနေ့စဉ်လိုလိုပဲ………ကြာလာတော့ကျန်းမာရေးမကောင်းတော့ဘူး……အာဟာရလည်းချို့တဲ့…နေရောင်ခြည်လည်းမရ……နေတာကလည်းတိုက်အမြင့်ကြီးတွေပေါ်မှာ………သူတို့ကို Checkup လုပ်လိုက်တော့အရိုးတွေကဆန်ကာပေါက်တွေဖြစ်နေကြပြီ………ကြည့်စမ်း…ငယ်ငယ်လေးတွေနဲ့……အာဟာရကိုထိန်းချုပ်လွန်းပြီးနေရောင်ခြည်မခံကြရလို့အခုလိုဖြစ်ကြရတာပဲဖြစ်ပါတယ်။ လူတွေအရိုးပွတဲ့ပြသနာဖြစ်ကြတာဟာကယ်စီယမ်ကြွယ်ဝတဲ့အာဟာရတွေကိုမစားတတ်ကြလို့အဓိကဖြစ်ရတာပါ………ပြီးတော့ခန္ဓာကိုယ်ထဲမှာအက်စစ်ဓါတ်တွေများနေကြလို့………အက်စစ်တွေကအရိုးကကယ်စီယမ်တွေကိုစားသွားတဲ့အတွက်အရိုးကဆန်ကါပေါက်တွေဖြစ်ကုန်တာပါ………အဲဒီလိုဖြစ်ရင်ကြောက်စရာကောင်းတယ်……ချော်လဲမိလို့အရိုးကျိုးသွားရင်တော့သွားပြီ……ပြန်ဆက်ဖို့လည်းမလွယ်တော့ဘူး………ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့အဖွားဆိုရင်ချော်လဲပြီးပေါင်၂ဖက်လုံးကျိုးသွားတာ………သေတဲ့အထိနှစ်ပေါင်းများစွာအိပ်ယာထဲမှာဝဋ်ခံရပြီးမှသေသွားရှာပါတယ်။ ခန္ဓာကိုယ်ထဲမှာကယ်စီယမ်အားနည်းနေရင်လူကတအားဝလာတတ်ပါတယ်…သွေးလည်းတိုးတယ်…ရင်ကျပ်ပန်းနာလည်းဖြစ်တတ်တယ်……ဒေါသလည်းထွက်လွယ်တယ်…သွားတွေလည်းကျိုးတယ်…ညအိပ်နေရင်းကြွက်တက်တယ်…လမ်းသွားနေရင်းခြေချောင်းလေးတွေကပ်ကုန်တယ်…နှလုံးခုံနှုန်းကမောက်ကမဖြစ်လာတယ်…စိတ်ကစဉ့်ကလျားဖြစ်ပြီးစိတ်ဖေါက်ပြန်တဲ့အထိဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာကယ်စီယမ်ဓါတ်ပြည့်ဝအောင်ဘယ်လိုလုပ်ရမလဲ………ကယ်စီယမ်ကြွယ်ဝတဲ့အစားအစာတွေကိုစားပေးခြင်း………နေရောင်ခြည်ခံပေးခြင်း……လမ်းလျှောက်ခြင်းပေးခြင်းတို့ပြုလုပ်ပေးရုံပါပဲ………ကယ်စီယမ်စားရင်ခနါ္ဓကိုယ်ထဲမှာကယ်စီယမ်အားကောင်းလာမယ်……နေရောင်ခြည်ကဗီတာမင်Dကအရိုးတွေမှာကယ်စီယ်မ်ပြည့်သွာ်း အောင်တည်ဆောက်ပေးမယ်…… လမ်းလျှောက်ခြင်းဖြင့်အရိုးတွေသိပ်သည်းမာကြောသွားမယ်။ တိုက်အိမ်တစ်လုံးတည်ဆောက်မယ်ဆိုရင်အရေးအကြီးဆုံးက Steel structure ပဲဗျ………သံတိုင်တွေသံချောင်းတွေတောင့်တင်းရင်အဲဒီအိမ်ဟာရာစုနှစ်တစ်ခုကျော်သည်အထိတောင်မပြိုကျနိုင်ပါဘူး……လူမှာလည်းအရိုးတွေမာကြောခိုင်ခံ့ရင်အသက်ရာကျော်တဲ့အထိဒေါင်ဒေါင်မြည်အောင်သန်မာနိုင်ပါတယ်………ဒါကြောင့်အရိုးတွေအားကောင်းအောင်ကယ်စီယမ်ဓါတ်ဖြည့်သွင်းကြဖို့လိုပါတယ်။ ခန္ဓာကိုယ်ထဲကိုကယ်စီယမ်ဓါတ်ဘယ်လိုဖြည့်သွင်းရမလဲ………ကယ်စီယမ်ကြွယ်ဝတဲ့အစားအစာတွေကတော့အများကြီးရှိပါတယ်………အဲဒီ့အထဲကအကောင်းဆုံးကတော့အရိုးပါဝါးစားနိုင်တဲ့ငါးသေးသေးလေးတွေဖြစ်ပါတယ်……အဲဒီ့ငါးလေးတွေကိုတစ်ပတ်တစ်ကြိမ်လောက်ဝအောင်စားပေးပါ……မြန်မာနိုင်ငံကအသက်အကြီးဆုံးဖြစ်တဲ့ဒေါ်မြကြီးဟာငါးလေးအိုးကပ်ဟင်းကိုသိပ်ကြိုက်လို့ခဏခဏချက်စားရင်းနဲ့အသက်၁၂၀ကျော်နေတာတောင်ကျန်းမာနေတုန်းပါပဲ။ မြန်မာပြည်မြို့ရွာအနှံ့ကလူတွေကိုလေ့လာကြည့်ရင်အများစုဟာအသက်ကြီးလာတဲ့အခါမှာအိမ်ထဲမှာပဲနေပြီးအပြင်မထွက်ကြတော့ဘူး……အာဟာရလည်းကောင်းကောင်းမစားတတ်…နေရောင်ခြည်လည်းမခံ…လမ်းလည်းမလျှောက်ဆိုတော့အရိုးတွေအားနည်းပြီးကျန်းမာရေးလည်းချူချာကြပါတယ်………ဒါကြောင့်မိဘများအသက်ကြီးလာပြီဆိုရင်အဲ့လို့မဖြစ်အောင်နည်းလမ်းပေးစေချင်ပါတယ်……သက်တမ်းစေ့သည်အထိကျန်းမာသန်စွမ်းစေဖို့အတွက်အရိုးတွေမာကြောနေဖို့လိုပါတယ်။ ရှေးလူကြီးတွေမှာခဲ့တဲ့စကားတစ်ခုရှိပါတယ်……`ခေါင်းတစ်ရာသားကိုစားပါ´ တဲ့………ဘာကြောင့်စားခိုင်းတာလဲဆိုရင်ကျန်းမာရေးဒေါင်ဒေါင်မြည်စေချင်လို့ပဲပေါ့ဗျာ………ခေါင်းတစ်ရာသားဆိုတာတစ်ခြားမဟုတ်ပါဘူး……အရိုးပါဝါးစားနိုင်တဲ့ငါးလေးများပဲဖြစ်ပါတယ်… ချစ်ခင်လေးစားလျှက်…… စာညွှန်း -အာဟာရဓါတ် ရေးသူ -မင်းကျော်ဝင်း
ပိန်ချင်ရင်သစ်သီးစားပြီးမှထမင်းစား
`ပိန်ချင်ရင်သစ်သီးစားပြီးမှထမင်းစား´ “““““““““““““““““““““““ လူတွေကထမင်းစားပြီးတော့အချိုပွဲအနေနဲ့သစ်သီးတွေစားကြလေ့ရှိပါတယ်။ပိန်ချင်တဲ့သူတွေ၊မဝချင်တဲ့သူတွေအတွက်အဲ့လိုစားတာနည်းမကျဘူးလို့ပြောရမယ်။ဘာကြောင့်လဲဆိုတာရှင်းပြပါမယ်။ လူတစ်ယောက်ဟာဝမ်းဟာလာပြီဆိုတာနဲဦးနှောက်ကနေဗိုက်ဆာတယ်လို့သိပြီးအစာအိမ်တွေအူတွေကနေအစာတွေကိုစုပ်ယူဖို့တကွီကွီအော်လာပါတော့တယ်။အဲဒီ့အခါမှာပါးစပ်ကနေအစာတွေကိုထည့်ပေးလိုက်တယ်ပေါ့။အစာတွေအူထဲရောက်တဲ့အခါမှာအူနံရံတွေကနေစုပ်ယူပါတော့တယ်။ဆာနေတဲ့အချိန်မှာပထမဦးဆုံးဝင်လာတဲ့အစာတွေကိုအငန်းမရစုပ်ယူကြတယ်။ဦးနှောက်ကအဆာပြေသွားပြီလို့သိသွားတဲ့အခါမှာတော့သိပ်မစုပ်တော့ဘူး။စားလို့ကျေနပ်သွားပြီလို့ဦးနှောက်ကသိရင်အလွန်နှေးကွေးစွာနဲ့နည်းပါးစွာပဲစုပ်ယူပါတော့တယ်။ဒါဟာအစာစုပ်ယူမှုဇီဝကမ္မဖြစ်စဉ်ပါပဲ။ အူတွေကနေစုပ်ယူမှုအားအကောင်းဆုံးအချိန်ဖြစ်တဲ့ဗိုက်ဆာနေတဲ့အချိန်မှာအဆီအဆိမ့်ကယ်လိုရီများတဲ့ထမင်းဟင်းတွေကိုအားရပါးရစားထည့်လိုက်တော့အဲဒီ့အဆီအဆိမ့်တွေကိုအူတွေကအကြီးအကျယ်ဝိုင်းစုပ်ယူကြတာပေါ့။အဲဒါကြောင့်ကိုယ်အလေးချိန်လည်းတက်ပြီပေါ့။ဗိုက်ဆာနေချိန်မှာထမင်းမစားသေးပဲသစ်သီးဒါမှမဟုတ်တို့စရာအသီးအရွက်တွေကိုအရင်စားမှအူတွေကကယ်လိုရီနည်းတဲ့အသီးအရွက်တွေကိုအရင်စုပ်ယူကြပြီးအဲဒီနောက်မှစားတဲ့ထမင်းဟင်းတွေကိုသင့်ရုံလောက်ပဲစုပ်ယူပါတယ်။အသီးအရွက်တွေထဲမှာပါတဲ့လူကိုအကျိုးပြုပြီးနုပျိုလှပစေနိုင်တဲ့Antioxidantတွေဗီတာမင်တွေသတ္တုဓာတ်တွေကိုများများစုပ်ယူပြီးလူကိုအဝလွန်စေတဲ့အချို၊အဆီ၊အဆိမ့်တွေကိုအနည်းငယ်လောက်သာစုပ်ယူနိုင်ပါတယ်။ ဒါကြောင့်ပိန်ချင်တယ်ဆိုရင်ဒါမှမဟုတ်မဝချင်ဘူးဆိုရင်ထမင်းမစားခင်သစ်သီးသို့မဟုတ်အသီးအရွက်အသင့်အတင့်စားပေးပါ။အဲဒီ့လိုအသီးအရွက်အရင်စားလိုက်တော့ခါတိုင်းစားနေကျထမင်းAmountထက်လည်းလျော့ပြီးစားဖြစ်သွားတယ်။ဒါကြောင့်ပိန်ကျဖို့ပိုမြန်တယ်။ဗိုက်လည်းချပ်တာပေါ့နော။ဒီနည်းလေးကကိုယ်အလေးချိန်ကိုအမြဲတန်းထိန်းထားချင်သူတွေအတွက်နည်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ချစ်ခင်လေးစားလျက်……… စာအုပ် – အဆီကျသွယ်လျလှပကြစေရန် ရေးသူ – မင်းကျော်ဝင်း