ဂျင်းကို နေ့တိုင်းနီးပါးစားရင် သင့်နှလုံးနဲ့ ဦးနှောက်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဂျင်းကို အစာခြေစနစ်နဲ့ နာကျင်တာတွေ ပျောက်ကင်းဖို့ သုံးစွဲကြပါတယ်။ ဒါကြောင့် ဂျင်းကို နေ့တိုင်းစားပြီး ၁လအကြာမှာ ခံစားရမယ့် အကျိုးကျေးဇူးများကို ဝေမျှချင်ပါတယ်။ ဂျင်းက အစာခြေစနစ်ကို ကူညီပေး ဂျင်းမှာ Gingerols နဲ့ Shogaol ဓာတ်တို့ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အဲ့ဒီအပြင် အာဟာရဓာတ် စုပ်ယူမှုပိုကောင်းစေပြီး ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။ ဝမ်းပိတ်တာ၊ အစာမကြေတာ၊ ဗိုက်ဝတာတွေကိုလည်း ကာကွယ်ပေးပါတယ်။ မူးဝေအော့အန်တာကို ကုသနိုင် မူးေ၀ အော့အန်ရင် ဂျင်းကို စားလိုက်ရင် ပျောက်ကင်းနိုင်ပါတယ်။ ဂျင်း ၁ ဂရမ်ကို စားသုံးရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေတောင် မနက်ခင်းအန်တာကို […]
Author: admin
သင့်ကလေးရဲ့ လည်ချောင်းနာခြင်းကို ချက်ခြင်းသက်သာစေမယ့် နည်းလမ်း ၇ မျိုး
သင့်ကလေးရဲ့ လည်ချောင်းနာခြင်းကို ချက်ခြင်းသက်သာစေမယ့် နည်းလမ်း ၇ မျိုး ======================= ======================= လည်ချောင်းနာခြင်းကို ချက်ခြင်းကြီးသက်သာစေမယ့်နည်းလမ်းတော့ တကယ်မရှိပါဘူး ဒါပေမယ့် သင့်ကလေးတွေ လည်ချောင်းနာခြင်းရှိခဲ့ပါက သင့်ကလေးနေလု့ိသက်သာစေဖို့အတွက် သင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့အများကြီးရှိပါတယ်။ တစ်ခါတစ်လေ ရိုးရှင်းတဲ့နည်းတွေက အကောင်းဆုံးပါပဲ။ သူတို့ ကို အနားယူခိုင်းဖို့နဲ့ ရေသောက်ဖို့ သေချာဂရုစိုက်ပေးပါ။ ကလေးတွေက အရည်အများကြီး ရမယ်ဆိုရင် ချွဲတွေကို ပျော်သွားစေပြီး မြန်မြန် အပြင်ထွက်စေပါတယ်။ အရည်သောက်ပေးခြင်းကလည်း လည်ပင်းနာခြင်းကို သက်သာစေပါတယ်။ သောက်နိုင်တဲ့အရည်တွေကတော့ ၁။ ရေ ကလေးတွေကိုရေအလုံအလောက်သောက်ခိုင်းဖို့ဟာ မရှိမဖြစ်လုပ်ရမယ့်အလုပ်ပါ ပြီးတော့ သူတို့နေလို့မကောင်းချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့ကလည်း အလွန်ကိုအရေးကြီးပါတယ်။ ရေသောက်ခြင်းနဲ့ လည်ချောင်းနာခြင်းကို ဖြစ်စေမယ့်ပိုးတွေကို တိုက်ထုတ်နိုင်ပြီး ဖြစ်လာမယ့် ဓာတ်မတည့်မှုတွေကို အဝေး ကိုရှင်းလင်းထုတ်ပေးနိုင်ပါတယ်။ ကလေးတွေမှာ ရေဘယ်လောက်သောက်ဖို့လိုအပ်သလဲဆို တာ […]
ဘီယာသောက်တာက သင့်ရဲ့ ကိုလက်စထရောထိန်းချုပ်မှုအပေါ် ဘယ်လိုသက်ရောက်စေလဲ
ဘီယာသောက်တာက သင့်ရဲ့ ကိုလက်စထရောထိန်းချုပ်မှုအပေါ် ဘယ်လိုသက်ရောက်စေလဲ ======================= ======================= ဘီယာသောက်တဲ့အလေ့အထဟာ နိုင်ငံတော်တော်များများမှာ ရေပန်းစားတဲ့ ယဉ်ကျေးမှုတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့် ဘီယာကြောင့် သွေးတွင်းထရိုင်ဂလစ်စရိုက်ပမာဏ မြင့်တက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ LDL နဲ့ HDL ကိုလက်စထရောပမာဏ ပြောင်းလဲခြင်း စတဲ့ နောက်ဆက်တွဲအခြေအနေတွေ ဖြစ်ပေါ်လာပြီး ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာကိုတော့ သိထားဖို့ လိုပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ ဘီယာသောက်တာက ကိုလက်စထရောထိန်းချုပ်မှုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။ ဘီယာမှာ ကိုလက်စထရောနဲ့ ပေါင်းစည်းနိုင်တဲ့ sterol ဓာတ်တွေ ပါဝင်ပါတယ် ဘာလီ၊ တဆေးနဲ့ တဆေးသီးအဖူးတို့ပါဝင်တဲ့ ဘီယာကို ပေါင်မုန့်အရည်လို့တောင် ခေါ်ဝေါ်နိုင်ပါတယ်။ အဲဒီဘီယာမှာ ကိုလက်စထရောနဲ့ပေါင်းစည်းပြီး ခန္ဓာကိုယ်ပြင်ပဆီရောက်အောင် ပို့ဆောင်ရာမှာ အရေးပါတဲ့ polysterol ဓာတ်တွေ ပါဝင်ပါတယ်။ အချို့သော polysterol […]
ခေါင်းမူးမှ သွေးတိုးတာ မဟုတ်ပါ
ခေါင်းမူးမှ သွေးတိုးတာ မဟုတ်ပါ ======================= ======================= ခေါင်းမူးမှ သွေးတိုးတာ မဟုတ်ပါ “သွေးတိုးရှိနေတာ မသိဘူးလား။” “သိပါတယ်ဆရာ” “ဆေးပုံမှန်မသောက်ဘူးလား၊ အခုသွေးပေါင်ချိန်က ၂၂၀/၁၃၀ ဖြစ်နေတာ၊ ဦးနှောက်သွေးကြောပြတ်သွားတာ ဖြစ်နိုင်တယ်” “ဟင်ဟုတ်လား လုပ်ပေးပါဦး ဆရာရယ်၊ သူက ခေါင်းမူးမှသွေးကျဆေး သောက်တာ။” ဦးထွန်းအေး၏ အမျိုးသမီးနှင့်ဆရာဝန်တို့အပြန်အလှန်ပြောနေကြခြင်းဖြစ်သည်။ ဦးထွန်းအေးတစ်ယောက် အလုပ်တွင် ရုတ်တရက်မေ့လဲ၍ ဆေးရုံခေါ်လာကြရခြင်းဖြစ်သည်။ သွေးတိုးရောဂါသည်ကမ္ဘာတစ်လွှား အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနောက်ဆုံးသတ်မှတ်ချက်အရ သွေးပေါင်ချိန်၁၃၀/၈၀ နှင့်အထက်ကို သွေးတိုးပြီဟု သတ်မှတ်ထားသည်။ သွေးတိုးရောဂါ၏ နောက်ဆက်တ ွဲ ရောဂါများမှာလည်း များပြားလှပါသည်။ သွေးတိုး၏လက္ခဏာများ သွေးတိုးရောဂါသည်မည်သည့်လက္ခဏာမှမပြဘ ဲ ရှိနေတတ်သော အသံတိတ် လူသတ်သမားတစ်မျိုးပင်ဖြစ်သည်။ သွေးတိုးလာလျှင်ခေါင်းမူးသည်ခေါင်းကိုက်သည်ဟု ပြောလေ့ရှိကြသော်လည်း ထိုလက္ခဏာများသည် သွေးတိုးရှိတိုင်း ပေါ်လေ့ရှိသည်မဟုတ်ပါ။ တစ်ချို့ဆိုလျှင်သွေးတိုးရှိလို့ရှိမှန်းပင်မသိဘဲ […]
ကျောက်ကပ်မှာရှိတဲ့ ကျောက်တွေကို ကြေစေနိုင်တဲ့ သံပုရာရည်
ကျောက်ကပ်မှာ ကျောက်တည်တာတွေက အမျိုးသားတွေမှာ အဖြစ်များပြီး ကျောက်ကပ်ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဆီးထဲမှာပါလာတဲ့ အနယ်တွေက ကျောက်ကပ်မှာအနယ်ကျပြီး ကျောက်တွေ ဖြစ်လာပါတယ်။ ဆီးထဲမှာ Phosphorus ၊ ကယ်ဆီယမ် နဲ့ Oxalate ဓာတ်တွေပါဝင်မှု ရာခိုင်နှုန်းများကာ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်တွေမှာ အနယ်ကျကာ ကျောက်တည်လာပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းကတော့ ရေများများ သောက်တာဘဲ ဖြစ်ပါတယ်။ သင့်ဆီးထဲမှာ Citric Acid တွေပါဝင်မှုများလေလေ ဆီးလမ်းကြောင်းနဲ့ကျောက်ကပ်မှာ ကျောက်တည်ဖို့ ရာခိုင်နှုန်းနည်းလေလေဖြစ်ပါတယ်။ အချဉ်ဓာတ်က ကျောက်ကပ်ထဲမှာ ကျောက်တည်မှုကို ကာကွယ်ပေးပြီး ကျောက်အသေးလေးတွေကိုလည်း ကြေစေပါတယ်။ Citric Acid ပါဝင်တဲ့ အစားအစာများ သံပုရာသီး မှာတော့ အချဉ်ဓာတ် (Citric Acid) ပါဝင်မှု အများဆုံးပါဘဲ။ ကျောက်ကပ်မှာ […]
တနေ့တာ အသီး ပမာဏ ပြည့်အောင် စားကြစို့
တနေ့တာ အသီး ပမာဏ ပြည့်အောင် စားကြစို့ ???? ကျွန်တော်တို့ မြန်မာလူမျိုး တွေ ဟာ တခြား အိမ်နီးချင်း နိုင်ငံတွေ နဲ့ ယှဉ် ရင် အသီးအရွက် စားတာ အရမ်းနည်းပါတယ်။ ဒါကြောင့် သာမန်လူတွေ အနေနဲ့ တနေ့ကို အသီး ၂ ခါ မှ ၃ ခါ စာယပေးသင့်ပါတယ်။ တစ်ခါစားရင် ဘယ်လောက် စားရမလဲ ဆိုတော့ – ၃ လက်မ အချင်းရှိတဲ့ အသီး ဆို တစ်လုံး အပြည့်စားပါ။ ဥပမာ – ပန်းသီး၊ တရုတ်ဇီးသီး၊ သစ်တော်သီး။ – အတော် အတန် ကြီးတဲ့ အသီးဆို တခြမ်းစားပါ။ ဥပမာ- ပန်းသစ်တော်၊ […]
နို့တိုက်မိခင်တွေအနေနဲ့ ကလေးငယ်အတွက် လုံလောက်တဲ့နို့ရဖို့ စားပေးသင့်တဲ့အစားစာများ
ကလေးငယ်လေးတွေကို မွေးထားရတဲ့ နို့တိုက်မိခင်တွေအတွက် အရေးကြီးဆုံးကတော့ ကလေးငယ်ကိုအာဟာရဓာတ်ဖို့အတွက် နို့များများထွက်ဖို့ကအရေးကြီးပါတယ်။ မိခင်နို့တစ်မျိုးထဲကိုပဲ သောက်သုံးပေးသင့်တဲ့ ရင်သွေးလေးကို နို့လုံလောက်စွာပေးနိုင်ဖို့ဆိုရင် မိခင်ကလည်း အစားအသောက်ကိုမ ျှတအောင်စားပေးဖို့ အရေးကြီးပါတယ်။ အစားအသောက်ကို မ ျှတအောင်စားပေးပြီး ဒီအစားစာတွေကို များများစားသုံးပေးမယ်ဆိုရင်တော့ ကလေးငယ်အတွက်စိတ်ပူနေစရာမလိုတော့ဘူးပေါ့။ လိမ္မော်သီး လိမ္မော်သီးမှာ ဗီတာမင်စီဓာတ်တွေ များပြားစွာပါဝင်နေတာကြောင့် နို့တိုက်မိခင်တွေအတွက် နို့များများထွက်စေဖို့ ကူညီပေးနိုင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်ဓာတ်တွေများစွာပါဝင်နေတဲ့အပြင် ကယ်ဆီယမ်နဲ့ တစ်ခြားအာဟာရဓာတ်တွေ များစွာပါဝင်နေတာကြောင့် စားသုံးပေးမယ်ဆိုရင်တော့ ကလေးငယ်အတွက်လည်း အထောက်အကူဖြစ်စေမှာပါ။ နို့ထွက်များတယ်ဆိုပြီးတော့ တစ်နေ့ထဲနဲ့အများကြီးစားပေးလို့တော့ မရဘူးပေါ့။ အများကြီးစားပြီး နို့တိုက်တဲ့အခါ ကလေးငယ်မှာလေတက်တာမျိုးတွေထိ ဖြစ်လာစေနိုင်ပါတယ်။ ကြက်ဥ ကြက်ဥမှာ ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါဝင်နေပြီး အာဟာရအတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေများစွာပါဝင်တာကြောင့် နို့တိုက်မိခင်တွေအတွက် စားပေးသင့်တဲ့အစားစာထဲမှာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာလည်း စားပေးမယ်ဆိုရင် ကလေးငယ်ကိုဉာဏ်ရည်ဖွံဖြိုးစေပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်နော်။ စားတဲ့အခါမှာလည်း […]
ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်မယ့် လက္ခဏာ (၇) ရပ်
ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်မယ့် လက္ခဏာ (၇) ရပ် အဖြစ်များတဲ့ ရောဂါတွေထဲမှာ ပါဝင်တဲ့ ကျောက်ကပ်မှာကျောက်တည်ခြင်းဟာ မျိုးရိုးနဲ့ဆိုင်သလို စားသောက် နေထိုင်မှု ပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျောက်ကပ်မှာ ကျောက်တည်လာရင် သိနိုင်မယ့် ရှေ့ပြေး လက္ခဏာတွေကို စာဖတ်ပရိသတ်တွေအတွက် ဗဟုသတ အနေနဲ့ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ (၁) ဆီးသွားနည်းတာနဲ့ ဆီးသွားတဲ့အခါ မခံမရပ်နိုင်အောင် နာကျင်တာဟာ ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်တဲ့ လက္ခဏာတရပ်ပဲဖြစ်ပါတယ်။ ဆီးလမ်းကြောင်းထဲကို ပိုးဝင်တဲ့အခါမှာလည်း ဖော်ပြထားတဲ့ လက္ခဏာမျိုးကို ခံစားရနိုင်ပါတယ်။ (၂) ခါးနာခြင်းဟာ ရိုးရိုးသာမန် ကျန်းမာရေးပြဿနာတခုလို့ ပြောလို့ရပေမယ့် မကြာခဏ ဆိုသလို ခါးနာကျင်မှု ဖြစ်နေပြီ ဆိုရင်တော့ ကျောက်ကပ်တွင်း ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ (၃) […]
ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။
ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။ ခရီးတော့သွားချင်ပါရဲ့။ ကားမူးလွန်းလို့ ခရီးသွားဖို့ကြောက်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါလို့ ပြောပါရစေ။ ကားမူးတာက ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင်အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရပြီလေ။ ပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေဖို့ ဒီဆောင်းပါးက တဆင့် အကူအညီပေးပါရစေ။ ကားမူးရင် ဘယ်လိုခံစားရလဲ ကားမူးတယ်ဆိုတာက ကားစီးမှ မူးတာမဟုတ်ပါဘူး။ လေယာဉ်စီးရင် ဖြစ်ဖြစ်၊ ရထားစီးရင်း ဖြစ်ဖြစ် သင်္ဘောစီးရင်း ဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလိုဖြစ်လာတဲ့ အခြေအနေကို ခေါ်တာပါ။ အတိအကျပြောရရင်တော့ ခရီးသွားစဉ် မူးဝေအော့အန်ခြင်းပေါ့။ ဒီဝေဒနာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲ။ မအီမလည်ကြီးဖြစ်လာမယ်၊ ငြီးစီစီဖြစ်လာမယ်၊အော့အန်မယ်၊ အသက်ရှုမြန်လာမယ်၊ ချွေးတွေပြန်လာမယ်၊ ဖြူဖပ်ဖြူရော် ဖြစ်လာမယ်၊ ခေါင်းကိုက်မယ်၊ ခန္ဓာကိုယ်ထဲမှာ […]
နံ နက် ခင်း မှာ ရေ ချိုး ခြင်း ၏ ကောင်း ကျိုး ၆ ချက်
နံ နက် ခင်း မှာ ရေ ချိုး ခြင်း ၏ ကောင်း ကျိုး ၆ ချက် မနက်စောစောတွင် ရေချိုးခြင်းသည် လူကိုလန်းဆန်းစေသည်သာမက ကျန်းမာရေးအတွက်လည်း အထောင့်တစ်နေမှ အထောက်အကူပြုစေနိုင်တဲ့ အချက်များလည်းရှိပါသည်။ ၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ် နံနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည် ပတ်မူကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်း သန်မာ စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။ ၂။ ပေါ့ပါး လွတ်လပ်စေတယ် အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ် […]