နှာခေါင်းအတွင်းအနာ၊ နားအူနားကိုက် နဲ့ ရေယုံတွေအတွက် ဆေးနည်း နှာခေါင်းအတွင်းအနာ၊ နားအူနားကိုက် နဲ့ ရေယုံတွေအတွက် ဆေးနည်းလေးမျှဝေပေးပါမယ်။နှာခေါင်းအတွင်း၌ အနာဖြစ်သော် ကွမ်းရွက်ကို မီးကင်ပီး လက်ဖါဝါးပေါ်တွင် အရည်ထွက်အောင်ပွတ်ပီး နှာခေါင်းထဲထည့်ပါ။ လက်တွေ့ပျောက်၏။ နားအူ နားကိုက်သော် ကွမ်းရွက်ကို လိပ်ပီး နားထဲထည့်ပေးပါ။ လက်တွေ့ပျောက်၏။ ရေယုံပေါက်သော် ကင်မွန်းချဉ်အရွက်ကို ထောင်းပီး အရေညှစ်ပီးလိမ်းပါ။ လက်တွေ့ပျောက်၏။ Credit – ဒေါ်ခင်မြင့်အောင် နှာခေါင်းအတွင်းအနာ၊ နားအူနားကိုက် နဲ့ ရေယုံတွေအတွက် ဆေးနည်း နှာခေါင်းအတွင်းအနာ၊ နားအူနားကိုက် နဲ့ ရေယုံတွေအတွက် ဆေးနည်းလေးမျှဝေပေးပါမယ်။နှာခေါင်းအတွင်း၌ အနာဖြစ်သော် ကွမ်းရွက်ကို မီးကင်ပီး လက်ဖါဝါးပေါ်တွင် အရည်ထွက်အောင်ပွတ်ပီး နှာခေါင်းထဲထည့်ပါ။ လက်တွေ့ပျောက်၏။ နားအူ နားကိုက်သော် ကွမ်းရွက်ကို လိပ်ပီး နားထဲထည့်ပေးပါ။ လက်တွေ့ပျောက်၏။ ရေယုံပေါက်သော် […]
ကျန်းမာရေးဗဟုသုတ
အပူနာ၊ ခံတွင်း အဖု အကျိတ်၊ လျှာနာ၊ လည်ပင်းနာ အတွက် ဆေးအိုးပုတ်
အပူနာ၊ ခံတွင်း အဖု အကျိတ်၊ လျှာနာ၊ လည်ပင်းနာ အတွက် ဆေးအိုးပုတ် သဘာဝဓာတ်စာ ဆေးစွမ်းကောင်း ဆေးအိုးပုတ်ပင် ခံတွင်းအတွင်း သွေးယိုစီးမှုအနာများ ၊ခံတွင်းအဖုအကြိတ်အနာများ၊ သွားပိုးစား၊ သွားကိုက်၊ သွားနာ၊ မတ်ခရု၊ ပါးစပ်အတွင်း ရေယုံစတဲ့ ခံတွင်းနှင့်ဆိုင်သောရောဂါများ၊ ပါးစပ်အတွင်းအပူနာ၊ လျှာကင်ဆာ၊ အသံဝင်၊ အသံနာ၊ လည်ပင်းနာ၊ လည်ပင်းကင်ဆာ၊ လည်ပင်းအဖုအကြိတ်၊ ရင်ဘတ်အဖုအကြိတ် အကိုက်အခဲအနာများ၊ အဆုတ်ကင်ဆာများအတွက် သက်သာပျောက်ကင်းစေပါသည်။ ဆီး၊ဝမ်း ကောင်းသည်။ ဝန်မပိုလို့ စမ်းသောက်ကြည့်သင့်ပါသည်။ ဆေးညွှန်း အရွက်လက်တစ်ဆုပ် သုံးခွက်တစ်ခွက်တင်ကျို၊ တစ်နေ့ရေနွေးပန်းကန် သုံးလုံးသောက်ရန်။ Credit-Original Uploader
ရေဖျဉ်းအတွက် ဆေးနည်း ၂ သွယ်။
ရေဖျဉ်းအတွက် ဆေးနည်း ၂ သွယ် ရေဖျဉ်းရောဂါ ပျောက်ဆေး ရေဖျဉ်းရောဂါ နှင့်ပတ်သက်၍ဆေးနည်းအမျိုးမျိုး ကုနည်းအဖုံဖုံရှိကြပါသည်။ ရောဂါတစ်ခုကို ကုသမည်ဟု လေ့လာလိုက်လျှင် ရောဂါတစ်ခုအတွက် ဆေးနည်း(၁၀၀)မက ရှိနိုင်ပါသည်။ အကြောင်းမှာ လူတစ်ယောက်နှင့်တစ်ယောက် ရုပ်ခံဓာတ်ခံချင်း မတူသလို ရောဂါဖြစ်ပုံက အပူ၊အအေး၊ အပိန်၊ အဝ မှစပြီး ဓာတ်ချက်လက္ခဏာများ မတူခြင်းကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ဆေးတစ်ခုကို သုံးကြည့်၍ ကိုယ်မပျောက်တိုင်း ဆေးမကောင်းပါဘူးကွာ။ အလကားပါကွာလို့ မယူဆအပ်။ ကိုယ်နှင့်မပျောက်ပေမယ့် သူနှင့်ပျောက်နိုင်ပါသည်။ ယခုဖော်ပြမည့်ဆေးနည်း၂ မျိုးမှာလည်း လူတိုင်းပျောက်ကင်းနိုင်မည်ဟု အာမခံ၍မရပါ။ သို့သော်— သို့သော် လက်တွေ့ သုံးကြည့်ဖူးသည်က တကြောင်း။ မိတ်ဆွေဆရာများ ကုသအောင်မြင်နေသည်ကိုလည်း လက်တွေ့မြင်ဖူး ကြုံဖူးသော ဆေးနည်းဖြစ်ခြင်းအတွက် တိုက်ဆိုင်သူများအတွက် ကယ်တင်ရာရောက်အောင် ဖော်ပြပေးလိုက်ပါသည်။ အနည်းဆုံးလူ ၁၀ […]
ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ဖို့ ဒန့်သလွန်ကို စားကြစို့
ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ဖို့ ဒန့်သလွန်ကို စားကြစို့ အရွက် – အရွက်ကို ဟင်းချိုချက်သောက်လျင် သွေးကျသည်။ အမူးအမော် ပြေစေသည်။ အရွက်ကို ကြက်သွန်ဖြူ ငရုတ်ကောင်းနှင့်ဟင်းချို ချက်သောက်ပါက ရာသီထိန်တတ်သောအမျိုးသမီးများ ဓမ္မတာမှန်စေသည်။ အပူလွန်ကဲသော ရောဂါများကိုနိုင်သည်။ ကျောပူရင်ပူ လည်ချောင်းပူ နှုတ်ခမ်းပူစသော အပူလွန်ကဲခြင်းကို ပျောက်ကင်းစေသည်။ အရွက်နုများကို ကြော်စားပါက ယားနာပျောက်သည်။ အရွက် သတ္တုရည်ကို နို့နှင့်ရောသောက်လျှင်ဆီးရွင်စေသည်။ အရွက်ကို ငါးကြင်း၊ ကြက်သွန်နီဖြင့် ကြော်စားလျှင် လေသက်စေသည်။ အရွက်ကို ပဒဲကော၊ ကြက်သွန်ဖြူ နှင့်ဟင်းချိုချက်သောက်ပါက ဓမ္မတာထိန်ခြင်းငုပ်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အပွင့် – ဒန့်သလွန်အပွင့်ကို ပုစွန်ခြောက်ဖြင့်သုပ်စားပါက အကြောဆိုင်းခြင်း၊ အကြောဆွဲခြင်း၊အကြောရမ်း၊ အကြောရောင်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အပွင့်ကို ထောပတ်၊ကြက်ဥနှင့် ကြော်စားလျင် ခွန်အားတိုးစေသည်။ အပွင့်ကို ဆိတ်သားနှင့် […]
အပွင့်တိုင်း အသီးတင်စေမည့် ဆေးရည် အလွယ်ပြုလုပ်နည်း
အပွင့်တိုင်း အသီးတင်စေမည့် ဆေးရည် အလွယ်ပြုလုပ်နည်း (၁)အုန်းရည်အစို / အခြောက် ၁ လုံး (၂)အချို မုန့် ၁ ဇွန်း (၃)ကြက်ဥ ၁လုံး ပြုလုပ်နည်း- အုန်းရည်ကို ခွက်ထဲ ဖေါက်ထည့်ပါ။ ကြက်ဥကို ကြေအောင်ခေါက်ပါ။ အချိုမှုန့်ထပ်ထည့်ပြီး သမအောင် ကျေအောင် မွှေ ခေါက်ပါ။ အုန်းရည်ခွက်ထဲ ကြက်ဥအချိုမှုန့် သမအောင်ခေါက်ထားသော အရည်ထည့်ပြီး မွှေပါ။ အားလုံးကို ဘူးအလွတ်ထဲ ထည့်ပြီး အဖုံးပိတ်ကာ ထပ်မွှေပြီး အသင့်သုံးလို့ ရပါပြီ။ သုံးမကုန်သောဆေးကို ဘူးထဲထည့် အဖုံးလုံအောင်ပိတ်။ အရိပ်ထဲ ထားပါက ၁ လတိတိ ထားလို့ရပါတယ်။ ဆေးဖျန်းပုံး ၁ပုံးကို ဆေးရည် ၃ဇွန်း ရောဖျန်းပါ။ ၁ပတ်ကို ၂ ခါ ဖျန်းပေးရပါသည်။ […]
သွေးပျစ်၊ သွေးတိုး၊ ဆီးချို၊ သွေးချိုအတွက် ဝိဇ္ဇာညီနောင်(ဆေးတော်ကြီး)ဟင်းရည်
သွေးပျစ်၊ သွေးတိုး၊ ဆီးချို၊ သွေးချိုအတွက် ဝိဇ္ဇာညီနောင်ဟင်းရည် သွေးတိုး၊ သွေးပြစ်၊ ဆီးချို၊ သွေးချိုအတွက် အမြဲသောက်သုံးသင့်သည့် ဆေးတော်ကြီး – ဟင်းရည် – ၁။ တကယ်ကို ဆေးစွမ်းထက်တဲ့ ဟင်းရည်မလို့ ဆေးတော်ကြီးဟင်းရည်လို့ ခေါ်ပါတယ်။ ပါဝင်တဲ့ ဆေးအမယ်တွေက လယ်ကန်စွန်းရိုးနီနဲ့ ကင်ပွန်းချဉ်ရွက်ပဲဖြစ်ပါတယ်။ သူတို့ကို သမားတော်ကြီး နှစ်ဦးလို့ ဆိုသင့်ပါတယ်။ ကျွန်တော့်ဆရာတွေကတော့ ”ဝိဇ္ဇာညီနောင်”လို့ တင်စားခဲ့ကြပါတယ်။ ကန်စွန်းရိုးနီက သွေးအပြစ်ပြုတာတွေ ရှင်းလင်းကုသပေးပြီး ကင်ပွန်းချဉ်ကတော့ သွေးတွင်းပိတ်ဆို့တာကို ရှင်းပေးပြီး ဝမ်းကိုအကျိုးပြုတယ်လို့ အဓိကအကြောင်း ရင်းကို အတိုချုပ် ရှင်းပြဖူးပါတယ်။ ဆရာတွေ ပြောခဲ့သလို တင်စားပြီး ပြောပါ့မယ်။ ဒီဆေးဝိဇ္ဇာညီနောင်ဟင်းရည်ကို စားကောင်းသလို ချဉ်ရည်ဟင်းချက်ပြီး ထမင်းမစားမီ ဆယ့်ငါးမိနစ်ခန့် ကြိုတင်ပြီး ဟင်းရည်တစ်ပန်းကန်ကြို သောက်ထားရင် ဝမ်းထဲမှာ […]
ခန္ဓာကိုယ်ပေါ်က အဖုအကျိတ်တွေအတွက် အိမ်တွင်းဖြစ်ဆေးနည်း
ခန္ဓာကိုယ်ပေါ်က အဖုအကျိတ်တွေအတွက် အိမ်တွင်းဖြစ်ဆေးနည်း လက်တွေ့ကြုံမှ ဆေးမြီးတိုကို ယုံမိသည်။ အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန်ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီး တို နည်းလေးအား ဝေငှပေးခဲ့ ပါသည်။ ဘေးထွက်ဆိုးကျိုးများလည်း မရှိပါသောကြောင့် စိတ်ချယုံ ကြည်စွာ သုံးနိုင်ပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ ပျား ကိုသုံးကြမှ ထုတ်နုတ်ဖေါ်ပြပါသည်။ ရေးသူ (ဦးဇော်ဝင်း -ကုန်းဇောင်းတိုက်နယ်ဆေးရုံ) ဆေးနည်း – (၁) ထုံး(ကွမ်းစားထုံး)။ (၂) မန်ကျည်းမှည့်(အစေ့မပါ)။ (၃) ပျားရည်စစ်။ ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ် မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးပါ။ လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊ မန်ကျည်းမှည့်၊ ပျားရည်တို့ မျှတစွာ ရောစပ်သွားသောဆေးကို […]
အညောင်းမိလို့ ထိုင်းမှိုင်းနေသူများ တကိုယ်လုံး နာကျင်ကိုက်ခဲ နေသူများအတွက် ကိုယ်တွေ့ဆေးနည်းလေး
အညောင်းမိလို့ ထိုင်းမှိုင်းနေသူများ တကိုယ်လုံး နာကျင်ကိုက်ခဲ နေသူများအတွက် ကိုယ်တွေ့ဆေးနည်းလေး လက်တွေ့ ဆေးစွမ်း ကောင်းလေး မျှဝေပေးပါရစေ..။အညောင်းမိလို့ ထိုင်းမှိုင်းနေသူများ တကိုယ်လုံး နာကျင် ကိုက်ခဲ နေသူများ…။ ရာသီ ပေါ် အညောင်းမိ တုတ်ကွေး ဖျားနာ ခံစားနေရသူများ…။ဤ ပုံပါ အပင်ကို အရွက် အမြစ်မကျန် ပြု တ်သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်…။ အပင်နာမည်က. သံမနိုင်ကျောက်မနိုင်ပင်ခေါ် တောမြေပဲပင် ပါ။ ဒေသအလိုက် အခေါ်ဝေါ် ပြောင်းနိုင်ပါသည်…။ နောက်ထပ်.. ကျောက်ကွဲပင်လို့လဲ ခေါ်ပါသေးသည်…။ ဆီးကျောက်တည် နေသူများ သောက်ပေးပါက. ကျောက်ကွဲကြေစေပြီး. ပျောက်ကင်းနိုင်သည်ဟူ၏..။ မိမိတို့ ကိုယ်တိုင် လက်တွေ့ဖြစ်ပါသည်…။ ဘေးဘယာတွေ ဝေးကွာကြပါစေ…။ Credit – Original Uploader
၀မ်းချုပ် စမြင်းခံသူများနှင့် လိပ်ခေါင်း၊ ပန်းသေပန်းညိုးရောဂါတွေအတွက်
ဝမ်းတွင်း အပူအပုပ်နဲ့ အစာအိမ်အတွက် ဆေး – ၁။သင်္ဘောပင် အဖိုပင်ရဲ့ အူသားနှင့် အမြစ် (၅၀)ကျပ်သား။ ၂။ထန်းဖို ထန်းလျှက်( ၂၅ )ကျပ်သား။ ၃။မန်ကျီးသီးမှည့် အနှစ်(၁၅) ကျပ်သား၊ ဆား သင့်ရုံထည့်ပါ။ ၄။ရေသန့်( ၆ )ဘူး ထည့်ပြီး မီးဖိုပေါ်မှာ( ၃) ခွက် (၁) ခွက်တင်ကျန်အောင် ကျိုချက်ပါ။ အအေးခံပြီး မနက်အိပ်ယာထ တစ်ကြိမ်၊ ညအိပ်ယာဝင် တစ်ကြိမ် ရေနွေးပန်ကန်လုံးနဲ့ တစ်လုံးသောက်ပါ။ ဆေးအဖတ်ကို သင့်တင့်ရုံ စားသုံးပေးပါ။ ၁။ရေဖျင်းရောဂါ၊ လိပ်ခေါင်းရောဂါ အားအင်ချိနဲ့ရောဂါ ပန်းသေပန်းညိုးရောဂါ။ ၂။အမျိုးသမီးရောဂါ မီးယပ် သွေးဆုံး၊မီးယပ်ပိန်ခြောက်ရောဂါ။ ၃။ညောင်းကိုတ် ဒေနာခံစားနေရသူများ စမြင်းခံနေသူများ။ ၄။ဝမ်းတွင်းရောဂါအားလုံး အပူအပုပ်အားလုံး ပျောက်ကင်းပါတယ်။ Credit – ဒေါက်တာ […]
ဘီပိုး၊ စီပိုး၊ အသည်းရောဂါသမားများ သခွတ်ကိုသောက်။ ရောဂါပျောက်။
ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက်ပျောက် သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာသိသိသာသာ ပျောက်ကင်းသွား သလောက်ဖြစ် သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီး ကိုယ်တိုင် အံ့အားသင့်လို့ သခွတ်သောက်သော လူနာကို မှတ်တမ်းအပြုခံလိုက်ရသော မြန်မာတို့၏ သခွတ်ပင်သာဖြစ်ပါသည်။ သခွတ်ပင်၏ အပွင့် အရွက် အခေါက်တို့ကို ယူပါ။ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ။ (လက်ဖက်ခြောက်လိုလည်း သောက်သုံးလို့ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ရအောင် နေဖန့်ဖန့်ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။ ဆေးရည်ကျိုနည်း ပထမဦးစွာ ဆေးကျိုုရန် အတွက် မြေအိုးအသစ် တလုံးကို ရယူပါ မြေအိုးထဲတွင် သခွတ်ပွင့်၊အရွက်နှင့် အခေါက်တို့ကို […]