ကျန်းမာရေးဗဟုသုတ

ငှက်ပျောသီး၏ အခြား အံ့အားသင့်ဖွယ် အသုံးဝင်ပုံ ( ၁၀ ) မျိုး

ငှက်ပျောသီး၏ အခြား အံ့အားသင့်ဖွယ် အသုံးဝင်ပုံ ( ၁၀ ) မျိုး ၁။ ဝက်ခြံများကို သက်သာစေခြင်း။ ငှက်ပျောသီးမှာဆိုရင် ဗီတာမင်စီနှင့် အီးကဲ့သို့သော ဓါတ်တွေအများကြီးပါဝင်သဖြင့် ဝက်ခြံဖြစ်ခြင်းကို သက်သာစေပါတယ်။ သင့်မျက်နှာကို ငှက်ပျောခွံနှင့်ပွတ်ပြီး ၅-၁၀ မိနှစ်အထိထားပေးပါ။ ထို့နောက်ရေနှင့်ဆေးလိုက်ပါ။ တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးပါ။ ၂။ အရေးအကြောင်းလျော့နည်းစေခြင်း၊ အရေးအကြောင်းဆိုတာကတော့ အရေပြားတင်းရင်းမှု လျော့နည်းလာခြင်းဖြစ်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ဗီတာမင်စီက အရေးအကြောင်းများကို သက်သာစေပါတယ်။ သင်မအိပ်မီ ငှက်ပျောသီးခွံကို မျက်နှာအနှံ့ပွတ်ပေးပြီး မိနစ်သုံးဆယ်ခန့် ထားပါ။ ထို့နောက် မျက်နှာသစ်ပြီး အစိုဓါတ်ထိန်းသိမ်းပေးသည့် ခရင်လိမ်းပေးပါ။ တစ်ပတ်သုံးကြိမ် လုပ်ပေးပါ။ ၃။ ငွေထည်တွေကို အရောင်တင်ခြင်း၊ ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါတဲ့အတွက် သင့်အိမ်ရှိ ငွေထည်ပစ္စည်းများကို အရောင်တင်ရန် သုံးနိုင်ပါတယ်။ ငှက်ပျောခွံနှင့် ရေ […]

ကျန်းမာရေးဗဟုသုတ

အဆုတ်ကို ပိုကျန်းမာမည့် နည်းလမ်းကောင်းများ

သင့်ရဲ့အဆုတ်ကို ကျန်းမာအောင် နည်းလမ်းကောင်းများ လေ့ကျင့်ခန်း လုပ်ပါ- ကိုယ်လက်လှုပ်ရှားမှု လုပ်တာဟာ နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာလာလေ သွေးတွင်းကို အောက်ဆီဂျင်ရောက်တာများလေ ဖြစ်လာပါတယ်။ ဆေးလိပ်သောက်ရင် ဖြတ်ပါ- ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါကနေ အစ ရင်ကြပ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်တာ၊ တခြားကင်ဆာတွေ၊ အရိုးပွတာတို့လည်း ဖြစ်နိုင်သေးပါတယ်။ ပန်းနာရင်ကြပ်နဲ့ နာတာရှည် အဆုတ်ရောဂါ နဂိုရောဂါအခံ ရှိရင်လည်းဆေးလိပ် သောက်တာက ပိုဆိုးစေပါတယ်။ ခန္ဓာကိုယ်မှာ ရှိသမျှ ကိုယ်တွင်းအင်္ဂါတိုင်းကို ဆေးလိပ်ငွေ့က ဒုက္ခပေးပါတယ်။ ဆေးလိပ်အစားထိုးဆိုပြီး vape သုံးတာမျိုးလည်း မလုပ်ပါနဲ့- နောက်ပိုင်းမှာ စာတမ်းတွေ၊ သုတေသနတွေ၊ လက်တွေ့ တွေ့ရှိချက်တွေအရ vape သုံးတာကလည်း အဆုတ်ကို ပျက်စီးစေတာကို […]

ကျန်းမာရေးဗဟုသုတ

ဒူးနာခြင်း၊ ‌ခြေကျင်းဝတ်နာနှင့် ရိုးတွင်းချဉ်ဆီအတွက် သဘာဝဆေးနည်း

ဒူးနာခြင်း၊ ‌ခြေကျင်းဝတ်နာနှင့် ရိုးတွင်းချဉ်ဆီ အားမကောင်းတော့ရင် ရိုးတွင်းချဉ်ဆီအတွက် သဘာဝဆေးနည်း ဒူးနာခြင်း ‌ခြေကျင်းဝတ်‌ နာကျင်‌ကိုက်‌ခဲခြင်းအတွက် ဒူးနာခြင်း ခြေကျင်းဝတ် နာကျင်ကိုက်ခဲခြင်းတို့သည် အသက်‌အရွယ်‌မ‌ရွေး ဖြစ်‌တတ်‌‌ပါသည်။အသက်‌၄၀‌ကျော်‌ပြီး အမျိုးသားများ အမျိုးသမီးများတွင်‌ ရိုးတွင်းချဉ်‌ဆီ ခမ်း‌ခြောက်‌လာခြင်း‌ ကြောင့် ပိုပြီးတော့ အဖြစ်‌များတတ်‌သည်‌။ ထိုသို့ဖြစ်‌လာလျှင် ကိုယ်တွေ့ဆေးနည်းလေးကို ပြောပြပါရစေ။ ဆေးနည်း ၁။ရှား‌စောင်းလက်‌ပတ်‌ပင်‌ အထဲမှအနှစ်‌ကို ခြစ်‌ယူပါ။ ( ရေ‌နွေး‌သောက် ပန်းကန်‌တစ်လုံးစာ ) ၂။နွားနို့အစိမ်း ပန်းကန်‌ ( ၃ )လုံးစာနှင့်‌ရောပါ ( အစိမ်းမကြိုက်ရင် ကျိုပြီးထည့်ပါ) ၃။ဆားနဲ့သကြား အနည်‌း‌ရော၍ သမ‌အောင်‌‌ မွှေပြီး‌လျင် သောက်ပေးပါ။ ဖျော်ရည်‌စက်‌နဲ့ ‌ဖျော်‌ပြီးလည်း‌ သောက်လို့ရပါတယ်‌။ ၁ လကိုအနည်းဆုံး ( ၃ )ကြိမ်‌‌သောက်‌ပေးလဲရပါတယ်‌။ ( ၇ […]

ကျန်းမာရေးဗဟုသုတ

၀မ်းပျက်ဝမ်းကိုက် လေပွခြင်း၊ ကျောဗိုက်အောင့်၊ ဖောယောင်၊ ဆီးသွားရ ခက်ခြင်းများတွက် ကွမ်းသီးလည်း ဆေးဖက်ဝင်ပါ၏

၀မ်းပျက်ဝမ်းကိုက် လေပွခြင်း၊ ကျောဗိုက်အောင့်၊ ဖောယောင်၊ ဆီးသွားရ ခက်ခြင်းများတွက် ကွမ်းသီးလည်း ဆေးဖက်ဝင်ပါ၏ အနာပေါက် ရောဂါများ၌ သွေး၍ လိမ်းနိုင်သည်။ အပူလောင် ပြည်ဖုများ၌ ကွမ်းသီး ကြက်ချေးကို သွေးလိမ်း လျှင် ပျောက်ကင်း စေနိုင်သည်။ ရှားစေးနှင့် တောင်ငူ ကွမ်းသီး ဆတူ ရော၍ တိုက်ကျွေးလျှင် မီးယပ် သွေး လွန်ခြင်းကို ပျောက်ကင်း စေနိုင်ပါသည် ။ လေပွခြင်း၊ အစာမကြေ၊ ကျောဗိုက်အောင့်၊ ဝမ်းပျက်ခြင်း၊ ဝမ်းရစ်နာခြင်း၊ အဖောရောဂါ၊ ဆီးသွားရ ခက်ခြင်း၊ ကိုယ်ဝန် ဆောင်စဉ် ခဏခဏ အန်ခြင်း အတွက် ပြုတ်ရည်ကို တစ်နေ့ ၆ ပဲမှ ၁၂ ပဲသား တိုက်ကျွေး နိုင်သည်။ ဝမ်းပျက် ဝမ်းကိုက် […]

ကျန်းမာရေးဗဟုသုတ

နားရောဂါဝေဒနာနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့ ဥသျှစ်သီး၊ ဥသျှစ်ရွက်၏ ကျန်းမာရေး အစွမ်း

နားရောဂါဝေဒနာနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့ ဥသျှစ်သီး၊ ဥသျှစ်ရွက်၏ ကျန်းမာရေး အစွမ်း ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဥသျှစ်သီးက မှည့်သွားတဲ့အခါဆေးဖက်ဝင် တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။ အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။ ဝမ်းမှန်မှန် သွားစေပါတယ်။ ဥသျှစ်သီးမှည့်ဟာ အူလမ်းကြောင်း ကို သန့်စင်ပေးတာကြောင့် အကောင်းဆုံး ဝမ်းပျော့ဆေးလို့ ခေါ်ကြပါတယ်။ အကောင်းဆုံးက ဥသျှစ်သီးအမှည့်ကို ထန်းလျက်နဲ့ ရောမွှေပြီး စားပေးရင် ဝမ်းချုပ်တာ ကင်းဝေးပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ဝမ်းကိုက်တာကို သက်သာစေပါတယ်။ မမှည့်သေးတဲ့ ဥသျှစ်သီးကို ဝမ်းကိုက်တဲ့ ဝေဒနာတွေအတွက်သုံးရင် သက်သာတယ်လို့ တချို့ကဆိုပါတယ်။ […]

ကျန်းမာရေးဗဟုသုတ

ဆန်ပုန်းရည် ပြုလုပ်နည်း၊ အကောင်းဆုံး ဆေးဖက်ဝင်ပုံနှင့် သုံးစွဲနည်း (၁၁) မျိုး

ဆန်ပုန်းရည် ပြုလုပ်နည်း ဆေးဖက်ဝင်ပုံနှင့် သုံးစွဲနည်း (၁၁) မျိုး ဆန်ပုန်းရည်မှာ လူကို အကျိုးပြုစေသည့် Probiotic များစွာ ပါဝင်တဲ့ ကျန်းမာရေး အတွက် အရာရောက်သော အရည်တစ်မျိုးဖြစ်ပါတယ်။ ရှမ်း၊ မွန်လူမျိုးများမှာ ဆန်ပုန်းရည်အိုး တည်ပြီး အသုံးပြုတာ တွေ့ရပါတယ်။ ဆန်ပုန်းရည် ပြုလုပ်နည်း – ထမင်းချက်လျှင် ဒုတိယဆန်ဆေး ရည်နင့် တတိယ ဆန်ဆေးရည်တို့ကိုယူပြီး အိုးသစ် ၁ လုံးတွင် ထည့်ပါ။ အိုးသစ် သုံးရခြင်းမှာ ဆန်ပုန်းရည် မပုပ်စေရန်နှင့် အနံ့ဆိုများ ကင်းစေရန်ဖြစ်တယ်) ဆားသင့်ရုံ သန့်ရှင်းသော ထမင်းကြ မ်း အနည်းငယ်ထည့်ပြီး အိုးလုံအောင်ဖုံး ထားပါ ၃ ရက်ကျော်လျှင် ချဉ်လာပါမည်။ အချဉ် ရလာပါက မနက်ပိုင်း ဆားနဲ့ ထမင်းကြမ်း […]

ကျန်းမာရေးဗဟုသုတ

မုန်လာဥ အစိမ်းသုပ် ပြုလုပ်နည်း (အစားလည်းဆေး ဆေးလည်းအစာ)

မုန်လာဥ အစိမ်းသုပ် ပြုလုပ်နည်း (အစားလည်းဆေး ဆေးလည်းအစာ) မုန်လာဥကို ခပ်ပါးပါးလှီး။ ရေဆေး။ ကြက်သွန်နီ ပါးပါးလှီးထည့်။ သံပုရာရည်များများညှစ်ထည့်၊ ငြုတ်သီးထည့်။ မြေပဲပုစွန်ခြောက် ထောင်းထည့်။ သကြား၊ ဆားထည့်နယ်။ အရသာက ချဉ်ချဉ်စပ်စပ် လတ်လတ်ဆတ်ဆတ်မို့ မုန်လာချဉ်သုပ်ထက် ပိုကောင်း။(အစိမ်းနံ့ မနံပါ) တချို့က ရှတတအရသာနဲ့ အစိမ်းနံ့ပျောက်အောင် ဆားနဲ့ နယ် ၊ရှာလကာရှည်နဲ့နှပ်ကာ အရည်ညှစ်ထုတ်ပြီးမှ သုပ်စားတတ်ကြပါတယ်။ ကျန်းမာရေး ၁။သွေးအားကောင်းစေပါတယ်။ ၂။အမျှင်ဓာတ်များစွာပါပါတယ်။ဝမ်းချုပ်တာကာကွယ်။ ၃။နှလုံးထိခိုက်မှုတွေက ကာကွယ်ပေးပါတယ်။ ၄။သွေးတိုးသမားတွေအတွက် အထူးသင့်တော်ပါတယ်။သွေးပေါင် ထိန်းညှိပေးပါတယ်။ ၅။ဘီတာမင်စီ များစွာပါလို့ ကိုယ်ခံအား ကောင်းစေပါတယ်။ ၆။ရေဓာတ်ကိုဖြည့်တင်းပေးပြီး အရေပြားကျန်းမာရေးကို အထောက်အကူပြုပါတယ်။ Credit-Ham Sai

ကျန်းမာရေးဗဟုသုတ

ခြေထောက် ၃ နှစ် ၃မိုး ကိုက်ခဲခဲ့တာ ဒီနည်းနဲ့မှ ပျောက်တော့တယ်ဗျာ

ခြေထောက် ၃ နှစ် ၃မိုး ကိုက်ခဲခဲ့တာ ဒီနည်းနဲ့မှ ပျောက်တော့တယ်ဗျာ ကဲဗျာ ချစ်မိတ်ဆွေတို့ ဒီတစ်ခါ အလွယ်ဆုံးနည်းလေး ဝယ်ရလွယ်တဲ့ မြန်မာဆေးနည်း ခရမ်းသီးလေး အကြာင်းပြောပြချင်တယ်ဗျ။ သုံးနှစ် သုံးမိုး အမြဲကိုက်နေတဲ့ ကျွန်တော်ခြေထောက်လေး ဆေးသောက်လည်း ခဏပဲ သက်သာတာ။ အကိုက်ပျောက်ဆေး ထိုးလည်း ခဏပဲသက်သာတာ။ အခုတော့ ခရမ်းသီးကို အရေညှစ်ပြီး ကိုက်တဲ့နေရာကို လိမ်းတာအခုတော့ ပျောက်နေပြီဗျ။ကျွန်တော် ပျောက်သလို ကျွန်တော့်လို ခံစားနေရတဲ့ ဝေဒနာရှင်တွေလည်း ပျောက်စေချင်တဲ့ စေတနာမေတ္တာနဲ့ ဒီဆေးနည်းလေး ပြောပြပါရစေ။ အရင်ဆုံး ခရမ်းသီးကို လေးစိတ် စိပ်ပါ။ လေးစိတ် စိပ်ပြီးရင်ခရမ်းသီးကို သံပုရာသီးညှစ်သလိုညှစ်ပါ။ ညှစ်လို့ထွက်လာတဲ့ ခရမ်းသီး အရေကို မိတ်ဆွေညောင်းညာ ကိုက်ခဲနေတဲ့နေရာကို လိမ်းပေးပါ။ ခရမ်းသီးရေ လိမ်းတဲ့နေရာကို အဝတ်လေးနဲ့ […]

ကျန်းမာရေးဗဟုသုတ

ကိုယ်တွင်းက အရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာတာတွေကို ၃-၄ ရက်အတွင်း သက်သာစေတဲ့နည်း

ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ၃-၄ ရက်အတွင်း သက်သာစေတဲ့နည်း ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာတာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင် ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီးပူလာရင် အဝတ်လေးထဲထည့်ထုပ်ပါ။ ပြီးရင် နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။ ၃-၄ ရက်တော့ဇွဲထားလုပ်ပေးပါ။ Credit-Grace Tun Shein ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ၃-၄ ရက်အတွင်း သက်သာစေတဲ့နည်း ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင်ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီး ပူလာရင် အဝတ်လေးထဲထည့်ထုပ်ပါ။ ပြီးရင် နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။၃-၄ ရက်တော့ ဇွဲထားလုပ်ပေးပါ။ Credit-Grace Tun Shein

ကျန်းမာရေးဗဟုသုတ

နှာခေါင်းအမြဲပိတ်ပြီး နှာရည်တာက်လျှောက်ကျနေသူများအတွက်

နှာခေါင်းက အမြဲပိတ်ပြီး နှာရည်ကတောက်လျှောက်ကျနေရင် နှာခေါင်းက အမြဲပိတ်ပြီး နှာရည်ကတောက်လျှောက်ကျနေပါတယ်ဆရာ။ နှစ်ခါခွဲဘူးပါတယ်ဆရာ။ ဆရာဝန်အဆိုကတော့ လေအိတ်ကြီး‌တယ်ပြောပါတယ်ဆရာ။ ထိပ်ကပ်နာလို့လည်း ပြောကြပါတယ်။ ဆေးနည်းလေးမျာ းသိလိုပါတယ်။ နှာခေါင်းပိတ်၊ ထိပ်ကပ်နာ ရေရှူပါ။ မျက်နှာသစ်ပြီးနောက် ရေကိုလက်ခုပ်နဲ့ ရှူသွင်းပါ။ နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ။ အကျင့်ရရင် ရှူသွင်းတတ်လာပါလိမ့်မယ်။ ချင်းတက်ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာစိမ်ထားပါ။ ရေနွေးကြမ်းသောက်သလို တစ်နေကုန်သောက်နေပါ။ မှိုင်းရှူဆေး ရှူပေးပါ။ တိုင်းရင်ဆေးအမှတ်၄၃ အကင်းဆယ်ပါးဆေးမှုန့်ဝယ် မီးခဲပေါ်ဖြူးရှူပေးပါ။ ထိပ်ကပ်နာ (နှပ်ပုတ်စော်နံရင်) အဆင့်ဆိုရင်တော့ မရိုးပင်ခေါ် ငဖြူကြီးပင် အရွက်တွေကိုအခြောက်လှန်း မီးရှို့ရှူပေးရင် ပျောက်နိုင်တယ်လို့ အာယုဗေဒဆေးကျမ်းများမှာ ပါပါတယ်။နှပ်ပုတ်စော်နံရင်..သံပရာသီးစိတ်အရည် နှာခေါင်းမော့ ညှစ်ထည့်ပါ။ အစေ့မပါပါစေနဲ့။တစ်နေ့၃ကြိမ် ထည့်ပါ။ Credit – ကြည်လွင်မြင့်(မုဒြာ)