၁။ သွေးမခဲဆေး (Anticoagulant) နှင့် ချယ်ရီသီး ဖျော်ရည် Anticoagulant ဆိုတာ သွေးခဲတာကို တားဆီးပေးတဲ့ ဆေးပါ။ ချယ်ရီသီး ဖျော်ရည်ကလည်း သွေးကို သိသိသာသာ ကျဲစေပါတယ်။ ဒါ့ကြောင့် အဲဒီဆေးဝါးတွေကို အထောက်အပံ့ဖြစ်စေတယ်လို့ ယုံကြည်ချင်စရာပါ။ ဒါပေမဲ့ အဲဒီ အရာနှစ်ခုကို တွဲဖက်စားသုံးတာဟာ ရှုပ်ထွေးလှတဲ့ ရောဂါပြဿနာတွေကို ဖြစ်ပွားနိုင်ပါတယ်။ ၂။ ကိုလက်စထရောဆေးများနှင့် ဂရိတ်ဖရု ကိုလက်စထရောဆေးတွေကို မှီဝဲနေရသူတွေအားလုံး ကျွဲကောသီးကို ရှောင်းရှားသင့်ပါတယ်။ ကျွဲကောသီးဟာ သွေးထဲမှာ အဲဒီဆေးတွေရဲ့ ပါဝင်မှုကို ပိုမိုတိုးပွားအောင်ပြုလုပ်ပေးတာကြောင့် သင့်အတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေပါတယ်။ အထူးသဖြင်တော့ ခြေထောက်တွေ နာကျင် ကိုက်ခဲလာမှာဖြစ်ပါတယ်။ ၃။ ပိုးများစွာကို နိုင်သည့် Tetracycline ပဋိဇီဝဆေး နှင့် နို့ထွက်ကုန်များ တက်ထွာဆိုက်ကလင်း (Tetracycline) ပဋိဇီဝဆေးတွေကို ဝက်ခြံ […]
ကျန်းမာရေးဗဟုသုတ
လူတွေအတွက် လိုအပ်သော အဆီ ၅မျိုး
အဆီလို့ ပြောလိုက်တာနဲ့ ရှောင်ကြဖို့ အရင် ပြင်ပါလိမ့်မယ်။ ဟုတ်ပါတယ် အဆီဆိုတာ လျှော့စားရမယ့် အရာတစ်ခုပါ။ ဒါပေမယ့် လူတွေအတွက် အသုံးဝင်တဲ့ အဆီတွေလည်း ရှိပါတယ်။ ကိုယ်ခန္ဓာအတွက် ကောင်းမွန်တဲ့ ဓာတ်တွေပေးနိုင်တဲ့ အဆီတွေကိုတော့ စားပေးသင့်ပါတယ်။ အဆီတွေထဲမှာ လူနဲ့ အနီးစပ်ဆုံးနဲ့ အာဟာရအဖြစ်ဆုံး ၅မျိုးကို မျှဝေချင်ပါတယ်။ ၁။ ဟင်းသီးဟင်းရွက်အဆီ အစိမ်းရင့်ရောင် အရွက်တွေကနေ ရရှိမယ့် အဆီဖြစ်ပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်တို့ ကိုက်လန်တို့ကနေ ရရှိတဲ့အဆီတွေဟာ အိုမီဂါ 3 ဖက်တီးအက်ဆစ်ကို ပေးပါတယ်။ ဒါကြောင့် အစိမ်းရင့်ရောင် အသီးအရွက်တွေကို များများစားပြီး လိုအပ်တဲ့ အဆီဓာတ်ကို ရယူနိုင်ပါတယ်။ ၂။ ငါး ပင်လယ်ငါးတွေကနေ အဓိက ရရှိတဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ လူတွေရဲ့ […]
လူကြီးများ အတွက် ကျန်းမာရေးက အရေးအကြီးဆုံး ဖြစ်သည်။ လူကြီးသူမ များ အခါးစားပါ။
လူကြီးများ အတွက် ကျန်းမာရေးက အရေးအကြီးဆုံး ဖြစ်သည်။ လူကြီးသူမ များ အခါးစားပါ။ ======================= ======================= လူတို့တွင် အားနှစ်မျိုး လိုအပ်သည်။ အသက်ရှည်ရန် အတွက် အားရှိဖို့ လိုသည်။ ထိုအား နှစ်မျိုးမှာ ”သွေးအား” နှင့် ”လေအား” တို့ ဖြစ်သည်။ ဓာတ်သဘော အားဖြင့်ဆိုလျှင် သွေးသည် အာပေါဓာတ် ဖြစ်ပြီး လေသည် ဝါယောဓာတ် ဖြစ်သည်။ ဆန့်ကျင်ဘက် ဓာတ်နှစ်မျိုး ဖြစ်သည်။ သို့သော် ထို ဆန့်ကျင်ဘက် နှစ်မျိုး ပေါင်းစပ်ကာ သွေးဟူသော အာပေါဓာတ်ကို ခန္ဓာကိုယ် အနှံ့သို့ ရောက်အောင် ဝါယောဓာတ်က တွန်းပို့လျက် ရှိပေသည်။ ဆန့်ကျင်ဘက် နှစ်ခု ပေါင်းလျှင် အကျိုးရှိသည်ကို ခန္ဓာကိုယ် တွင်းက သက်သေပြလျက် […]
ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ Longan (လုံငန်းသီး (သို့) တောကြက်မောက်သီး (သို့) တရုတ်လိုင်ချီးသီး)
ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ Longan (လုံငန်းသီး (သို့) တောကြက်မောက်သီး (သို့) တရုတ်လိုင်ချီးသီး) ======================= ======================= Longan ကို မြန်မာလိုဘယ်လိုခေါ်မှန်းမသိလို့ လိုက်ရှာကြည့်တော့ လုံငန်းသီးလို့ တချို့ကဖော်ပြကြသလို တောကြက်မောက်သီးလို့လည်းဖော်ပြကြတယ် ဒါတင်မကသေးဘူးရှင့် တရုတ်လိုင်ချီးသီးလို့လည်း ဖတ်လိုက်ရပါတယ်။ စာရေးသူတို့ဒေသမှာတော့ ကြောင်မျက်လုံးသီး၊ နဂါးမျက်စေ့သီးလို့ခေါ်ကြပါတယ်။ စာဖတ်သူတို့ဘယ်လိုခေါ်ကြလည်းဆိုတာလည်း Comment လေးတွေမှာရေးခဲ့ဦးနော်။ ထားပါ အပြင်ကပျော့ဖတ်က အဖြူရာင်ဖြစ်ပြီး အထဲကအစေ့ကအမည်းရောင်ဖြစ်ပါတယ်။ အရည်ခွံကတော့ ညိုဝါရောင်လေးပါ။ အရသာကတော့ တချို့ကလည်း အနံ့ကြောင့်မကြိုက်တဲ့သူရှိပေမယ့် တချို့ကလည်း စွဲစွဲမြဲမြဲကြိုက်ကြပါတယ်။ စာရေးသူတို့မြို့လေးက တရုတ်နယ်စပ်နဲ့နီးတော့ ဒီအသီးလေးတွေလည်း ငယ်ငယ်က မကြာခဏစားဖူးပါတယ်။ ရှမ်းအရှေ့ကို ပြန်ရောက်ရင်လည်း ဝယ်စားဖြစ်တဲ့အသီးလေးပါ။ ဒီအသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖတ်မိတော့ စာဖတ်သူတို့ကို မျှဝေလိုက်ပါတယ်။ နှလုံးကိုကျန်းမာစေတယ် တရုတ်ရှေးဆေးပညာသီအိုရအရ Longan သီးဟာ နှလုံးကို […]
ပြောင်းဖူးအကျိုးအာနိသင်
ပြောင်းဖူးဟာ လူတိုင်းနီးပါး စားသုံးတဲ့ အစားအစာ ဖြစ်ပြီး တစ်ကမ္ဘာလုံး စားသုံးကြပါတယ်။ ဆန်၊ ဂံျု ၊ မုယောတို့ ပြီးရင် ပြောင်းဟာ ကမ္ဘာတဝန်းလုံးက သိကြတဲ့ အဓိက အစားအစာ ဖြစ်ပါတယ်။ ပြောင်းဖူးကို မက္ကဆီကိုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်းလောက်ကတည်းက စိုက်ပျိုးခဲ့ကြပါတယ်။ ပြောင်းဖူးမှာ အမျိုးအစား ၆မျိုး ရှိပါတယ်။ အပင်ပုံစံကတော့ ကြံပင် အမျိုးအစားနဲ့ တူပြီး အသီးမှာ ပါတဲ့ အစေ့ကို စားရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အပင်က ၁၀ပေထိ မြင့်ပါတယ်။ အရွက်ပုံစံကတော့ ရှည်လျားပြီး ခပ်ရှရှ ပုံသဏ္ဍန်ရှိပါတယ်။ ပြောင်းဖူးကို သရေစာ အဖြစ်ရော ဟင်းအဖြစ်ပါ ချက်စားကြသလို တစ်ခြား ထုတ်ကုန်တွေကိုလည်း ထုတ်လုပ်ပါသေးတယ်။ ကမ္ဘာမှာ ပြောင်းဖူးကနေ ထုတ်လုပ်မှု […]
ကလေးကို ကော်ဖီတိုက်လို့ရသလား
ကလေးကို ကော်ဖီတိုက်လို့ရသလား ================== ================== ကော်ဖီ၊လက်ဖက်ရည်ဆိုတာ တော်တော်များများမကင်းနိုင်တဲ့ သောက်စရာဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကဖင်းဓာတ်က လန်းဆန်းစေတဲ့အတွက် နှစ်သက်ကြပါတယ်။ မိုးအေးတဲ့အချိန်ဆို ကော်ဖီပူပူလေးနဲ့မှ၊ အိမ်မှာအနားယူနေလည်း ကော်ဖီလေးနဲ့၊ မိသားစု မုန့်စားကြလည်း ကော်ဖီလေးနဲ့။ နေ့စဉ်စားသောက်နေတဲ့အထဲမှာ ချောကလက်၊ ကိုလာနဲ့ အားဖြည့်အချိုရည်တွေလို ကဖင်းဓာတ်ပါတဲ့တခြားအစားအသောက်တွေကလည်း ပါနေတာပါပဲ။ ပုံမှန်တော့ သတိမထားမိကြပေမယ့် ကလေးလေးတွေရှိတဲ့မိသားစုမှာတော့ ဒါကိုထည့်တွေးသင့်ပါတယ်။ လူကြီးတွေ စားသမျှကို စားချင်နေတဲ့ ကလေးတွေကိုရော ကိုယ်သောက်နေတဲ့ ကော်ဖီ သို့မဟုတ် ကဖင်းပါတဲ့သောက်စရာတွေ နည်းနည်းမျှတိုက်လိုက်တာပဲလား။ ကိုယ်ခန္ဓာရဲ့ဖွံ့ဖြိုးကြီးထွားမှု မပြည့်စုံသေးတဲ့အသက်အရွယ်မှာ ကဖင်းဓာတ်ကြောင့် ဘယ်လိုသက်ရောက်မှုရှိစေနိုင်မလဲ တွေးမိပါရဲ့လား။ တကယ်လို့ ကလေးက ကဖင်းကိုစွဲလမ်းသွားရင် ကျောင်းတက်လည်း ကော်ဖီဘူး၊ အားဖြည့်အချိုရည်ဘူးတွေ မကြာခဏသောက်တော့မှာပါ။ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်လို့ အာရုံလန်းဆန်းစေတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရော […]
နာမည်လေးလှသလို ကျန်းမာရေးအတွက် ကောင်းတဲ့ ငွေနှင်းမှို
နာမည်လေးလှသလို ကျန်းမာရေးအတွက် ကောင်းတဲ့ ငွေနှင်းမှို မှိုပွင့်ဖြူဖြူလေးတွေ ရောင်းနေတာမြင်တော့ သိပ်မကြာခင်က အွန်လိုင်းမှာ ခေတ်စားခဲ့တဲ့ အိမ်တွင်းမှိုစိုက်ပျိုးရေးကိစ္စသတိရမိသေးတယ်။ မှိုမျိုးစေ့ထုပ်ဝယ်ပြီး အိမ်မှာ အလွယ်တကူစိုက်လို့ရတယ်ဆိုတဲ့ ကြော်ငြာလေးကို တော်တော်များများစိတ်ဝင်စားခဲ့ကြတာပေါ့။ မှိုဆိုရင် ကောက်ရိုးမှိုပဲ နာမည်သိကြတာများပေမယ့် ဒီလိုအလွယ်စိုက်လို့ရတယ်ဆိုတဲ့မှိုက ငွေနှင်းမှိုပါတဲ့။ အရောင်ကတော့ တစ်ခါတလေ အဖြူ၊တစ်ခါတလေ ဖြူညိုညိုအရောင်လေးရှိတတ်တယ်။ အိမ်မှာ နေရာလေးတစ်နေရာ(ရေချိုးခန်းဖြစ်ဖြစ် အစိုဓာတ်ရတဲ့နေရာ)ပေးထားရင် တစ်ထုပ်ဆို လေးငါးကြိမ်ပွင့်သတဲ့။ အလုပ်မရှုပ်၊ဂရုစိုက်နေစရာမလိုဘဲ တစ်ကြိမ်ပွင့်ရင် ခြောက်ဆယ်သားကနေ တစ်ပိဿာလောက်ရတယ်ဆိုပဲ။ အမှန်တော့ နာမည်သာမရင်းနှီးကြတာ ဟော့ပေါ့စားလည်း ပါနေကျ၊ တရုတ်ဟင်းလျာတွေမှာလည်း ပါနေကျ၊ နာမည်မသိဘဲလည်း ဈေးကဝယ်ချက်နေကျပဲဆိုတာ သတိမထားမိကြပါဘူး။ ငွေနှင်းမှိုဆိုတာ ဒါကိုး လို့ ကိုယ်တိုင်တောင် သိကာစက ပြောမိရဲ့။ ချိုဆိမ့်တဲ့အရသာရှိပြီး ခရုဆီထည့်ကြော်လိုက်ရင် အိအိလေးနဲ့အရသာရှိလှတဲ့ ချစ်စရာငွေနှင်းမှိုက ဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတယ်ဆိုတာသိရင်ရော အိမ်မှာဝယ်စိုက်ကြတော့မှာပဲနော်။ ကဲ […]
Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ======================= ======================= မိုးအေးအေးလေးမှာ Hot Pot လေးစားလိုက်ရရင် သိပ်အရသာရှိမှာပဲနော်။ Hot Pot စားတဲ့အခါ အသား၊ အသီးအရွက်၊မှို၊ ကြက်ဥကစလို့ နှစ်သက်ရာတွေကို ထည့်စားကြတယ်မဟုတ်လား။ ဒီလိုထည့်စားတဲ့အရာတွေထဲမှာ တေ်ာတော်လေး ခံတွင်းတွေ့စေတဲ့ မှိုတစ်မျိုးဖြစ်တဲ့ အပ်မှိုက အရသာတင်ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ အပ်မှိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေက စားလို့ကောင်းပြီးအရသာရှိတဲ့ အပ်မှိုကို စားသုံးပေးရင် ရရှိမယ့် အာဟာရဓာတ်တွေက – Conjugated Linoleic Acid Copper သံဓာတ် Isoleucine Leucine လိုင်စင်း ပိုတက်ဆီယမ် Phosphorus ပရိုတင်း ဆီလီယမ် Threonine Trytophan ဗီတာမင် B1 (Thiamine) ဗီတာမင် B2 […]
စွယ်စုံ ကန်စွန်းရွက်ရဲ့ အကျိုးကျေးဇူး
ကန်စွန်းရွက်ဟာ အသီးအရွက်တွေထဲမှာတော့ ပေါ်ပြူလာပါပဲ။ ပျိုပျိုအိုအို ယောင်္ကျားမိန်းမ ကန်စွန်းရွက်ကို မကြိုက်သူ ရှားပါတယ်။ အရသာ ကောင်းပြီး ကြော်စားမလား ချက်စားမလား ပြုတ်စားမလား သုပ်စားမလား အချဉ်ထည့်မလား ချဉ်ရည်ချက်မလား အမယ်စုံ ချက်လို့ ရတဲ့ ဟင်းရွက် တစ်မျိုးပါ။ ကန်စွန်းရွက်ကို အဆိပ်အတောက် ပြေတယ်ဆိုတဲ့ အချက်နဲ့တင် လူတွေက စားကြပါတယ်။ ကန်စွန်းရွက်မှာလည်း အမျိုးအစားက စုံလင်လှပါသေးတယ်။ လယ်ကန်စွန်း၊ ထိုင်ဝမ်ကန်စွန်း၊ တရုတ်ကန်စွန်း၊ ကန်စွန်းရိုးနီ တို့က လူစားတာ အများဆုံးပါပဲ။ တရုတ်ကန်စွန်းရွက်ကို ပလိန်းကြော်ပြီး ပူပူနွေနွေး စားရင် အင်မတန် အရသာ ရှိလှပါတယ်။ စားသောက်ဆိုင်တွေနဲ့ ထမင်းဆိုင်တွေမှာလည်း အမြဲ ရှိတတ်တဲ့ Menu တစ်မျိုးပါ။ ဒီလို ကန်စွန်းရွက်တွေဟာ လူတွေကို အရသာတင် မကဘဲ […]
ချဉ်ပေါင်ဖူးရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ
ချဉ်ပေါင်ဖူးရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ ======================= ======================= ချဉ်ပေါင်ဆိုတာ မြန်မာတွေအတွက် ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက်အဖြစ် ကြိုက်နှစ်သက်သူများပါတယ်။ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်ပါရင် ထမင်းမြိန်ကြသလို ဆီပြန်ဟင်းတွေ၊အကြော်အလှော်တွေနဲ့ အအီပြေချဉ်ပေါင်ဟင်းချိုလေး တွဲစပ်ချက်ပြုတ်ကြတာ အလှူပွဲတွေအထိပါပဲ။ ချဉ်ပေါင်ကို ချက်စားရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ချဉ်ပေါင်ဖူးကို ယိုထိုးပြီး အချိုပွဲအဖြစ်စားသုံးကြတာ ချိုချဉ်စပ်အရသာလေးနဲ့။ ဟိုးအရင်တည်းက မြန်မာ့ထမင်းဝိုင်းမှာ ပြေးမလွတ်တဲ့အထဲ ချဉ်ပေါင်၊ လက်ဖက်၊ ငါးပိရည်နဲ့ ကန်စွန်းရွက်တို့က အခုထိ ပါဝင်နေဆဲပါ။ ဒီလိုနည်းမျိုးစုံနဲ့ စီမံချက်ပြုတ်စားသုံးကြတာဟာ ချဉ်ပေါင်ရဲ့ ကျန်းမာရေး အကျိုးေျကျးဇူးတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ဟင်းဆိုရင် အမြဲစားမိလို့ ပန်းကမ္ဘာရောက်သွားနိုင်သေးတယ်၊ ယိုထိုးစားရင်လည်း အချိုတွေများများစားမိနေဦးမယ် ဆိုတော့ ချဉ်ပေါင်ရဲ့အာနိသင်တွေ အပြည့်အဝရနိုင်မယ့် နည်းလမ်းက — ချဉ်ပေါင်ဖူးခြောက်လက်ဖက်ရည် ပါ။ ချဉ်ပေါင်ဖူးခြောက်ကို ရေနွေးပူပူမှာ ခတ်လိုက်တဲ့အခါ ရေနွေးကြမ်းနီနီလေးက ဘယ်ရီသီးဖျော်ရည်လိုလို […]