ကျန်းမာရေးဗဟုသုတ

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေရန် လိုက်နာသင့်သော သဘာဝနည်းလမ်းများ

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေရန် လိုက်နာသင့်သော သဘာဝနည်းလမ်းများ ================== ================== ဆေးလိပ်သောက်ခြင်းကြောင့် ကျွန်တော်တို့၏ အဆုတ်များ မည်မျှပျက်စီးပြီလဲ ဆိုသည်ကို မကြာခဏ ကိုယ်တိုင်မတွေးမိဘဲ ရှိနေတတ်သည်။ စီးကရက်ဘူးများတွင် သတိပေးဖော်ပြချက် ကပ်ထားသော် လည်း ဆေးလိပ်သောက်သူအများစုသည် ဆေးလိပ်သောက်ခြင်း ၏ တန်ပြန်ရိုက်ခတ်မှုများကို မသိကျိုးကျွန်ပြုနေလေ့ရှိသည်။ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လက်တွေ့ကျကျ မြင်တွေ့နေချိန်တွင် အချိန်နှောင်းသွားနိုင် သည်။ ယခင်က ဆေးလိပ်သောက်ဖူးသူ (သို့မဟုတ်) လက်ရှိ ဆေး လိပ်အမြဲမပြတ်သောက်နေသူဖြစ်ပြီး အဆုတ်သန့်အောင် ဆောင် ရွက်လိုပါက အောက်ဖော်ပြပါနည်းလမ်းများဖြင့် အဆုတ်ကို မိမိနေအိမ်မှာပင် သန့်ရှင်းအောင် ဆောင်ရွက်နိုင်သည်။ ယခင်က ဆေးလိပ်သောက်ဖူးသူဖြစ်စေ၊ လက်ရှိဆေးလိပ် သောက်နေသူများဖြစ်စေ အဆုတ်ကိုသန့်ရှင်းအောင် ထားလိုပါက နို့ထွက်ပစ္စည်းများကိုရှောင်ပါ။ နို့ထွက်ပစ္စည်းများက အဆုတ်မှ အဆိပ်အတောက်များ ကင်း […]

ကျန်းမာရေးဗဟုသုတ

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင် ======================= ======================= နေကြာစေ့ဆိုတာနဲ့ နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကို မြင်ယောင်မိကြမှာပါ။ နေကြာစေ့ကို ရုပ်ရှင်ရုံထဲမှာလည်း တော်တော်များများ စားကြပြီး ဆားအငန်ပါတာနဲ့ မပါတာနဲ့ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဆားအငံပါတာနဲ့ မပါတာက အရမ်းတော့ မကွာပါဘူး။ သွေးတိုးရှိတဲ့သူတွေကတော့ ဆားအငန်ပါတာကို ရှောင်စားကြပါတယ်။ နေကြာစေ့သေးသေးလေးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရင်းမြစ်ဆိုရင် အံ့သြသွားလောက်ပါတယ်။ နေကြာစေ့မှာ ကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့ phytosterols တွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာ သွေးတွင်းမှာ ကိုလက်စထရော လျှော့နည်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့ နေကြာစေ့လေး စားပေးဖို့ လိုပါတယ်။ နေကြာစေ့ စားတဲ့အခါမှာ ခွာရတဲ့အရသာ၊ အစေ့လေးတွေခက်ခက်ခဲခဲ ထုတ်ရပြီး စားရတဲ့ ခံစားချက်ကို တော်တော်လေး […]

ကျန်းမာရေးဗဟုသုတ

တစ်ပတ်တာလုံး အုန်းရည်သောက်သုံးတဲ့အခါ

တစ်ပတ်တာလုံး အုန်းရည်သောက်သုံးတဲ့အခါ ======================= ======================= တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံး မသောက်တတ်ပါဘူး။ ဒါပေမယ့် အုန်းရည်ကို အချိန်ကြာကြာသောက်မယ် ဆိုရင်တော့ ဒီလို အပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။ ၁။ ကိုယ်ခံအားကောင်းလာမယ်။ အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။ (၂) အားပြည့်လာမယ်။ တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။ (၃) ကိုယ်တွင်း အင်္ဂါတွေကောင်းလာမယ်။ သင့်ခန္ဓာကိုယ် အတွင်းက တန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။ (၄) အစာခြေစနစ်ကောင်းလာမယ်။ သင့်အစာခြေစနစ်အတွက် __________________________________ #အရမ်းကိုအထောက်အကူပြုပါတယ်။ __________________________________ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။ (၅) ဝိတ်ကျလာမယ်။ အစာခြေစနစ် […]

ကျန်းမာရေးဗဟုသုတ

သခွားသီးအစွမ်း အံ့မခန်း (၁) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။

သခွားသီးအစွမ်း အံ့မခန်း (၁) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ သခွားသီးဟာ ခန္ဓာကိုယ် အတွက် လိုအပ်သော ရေဓာတ် ၉၆ ရခိုင်နှုန်းကို ဖြည့်စွမ်း ပေးရုံသာမက အဆိပ်များကို ဖယ်ရှားပေးနိုင် တယ်လို့ ဆိုပါတယ်။ (၂) သခွားသီးဟာ ဗီတာမင် A, C ဖြည့်စွမ်းပေးရုံ သာမက ခန္ဓာကိုယ်တွင်း အပူဓာတ် များကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။ ထို့ပြင် အသားအရေ များကိုလည်း စိုပြည်စေ ရုံသာမက အားအင်များလည်း ရရှိ စေနိုင်ပါတယ်။ (၃) သခွားသီး စားခြင်းကြောင့် ကိုယ်ခန္ဓာ အတွင်းမှ ရောဂါများ ဖြစ်ပွားမှုကိုလည်း သက်သာ စေနိုင်ပါတယ်။ (၄) သခွားသီးဟာ မှုးဝေခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အိပ်ယာမဝင်မီ […]

ကျန်းမာရေးဗဟုသုတ

ရေနွေးဖြူမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

ရေနွေးဖြူမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ ရေနွေးဖြူ သို့မဟုတ် ရေကျက်အေးက လူသားတို့ ဘက်စုံကျန်းမာရေးအပြင် အသားအရေနှင့် ဆံပင်တို့အတွက် ဘက်စုံကောင်း ကျိုးပြုပုံကို ကျန်းမာရေးသုတေသီများက အောက်ပါအတိုင်း အကြံပေးထားကြပါတယ်။ ရေနွေးဖြူနှင့် ဘက်စုံကျန်းမာရေး (အဆိပ်အတောက်ပြေစေပါတယ်) ရေနွေးသောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်ဟာ မြင့်တက်လာပြီး ကိုယ်တွင်းမှ အဆိပ်အတောက် တွေက ချွေးစေးအဖြစ် ထွက်ရှိလာပါတယ်။ ဒါကြောင့် နံနက်စော စော တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ကြိမ်၊ ရေနွေးဖြူသောက်ခြင်းဖြင့် တစ်နေ့နှစ်ကြိမ် အဆိပ်အတောက်တွေ ထုတ်ပေးသင့်ပါတယ်။ အရေပြားလုပ်ငန်း၊ ကျောက်ကပ် လုပ်ငန်း၊ လင့်ကြောလုပ်ငန်းများ ကောင်းမွန်စေပြီး အဆိပ်အတောက် ဖယ်ရှားခြင်းကို အကျိုးသက်ရောက်စေပါတယ်။ ရေနွေးဆူဆူထဲကို သံပရာရည်ညှစ်၍ ပျားရည်အနည်းငယ် ထည့်သောက်ပေးခြင်းက ပိုမိုထိရောက်မှု ဖြစ်စေပါတယ်။ အူများကို ကောင်းစွာ အလုပ်လုပ်စေပါတယ် ဝမ်းချုပ်သူများအတွက် သတင်းကောင်းလေးပါ။ မကြာခဏဝမ်းချုပ်တတ်သူများအဖို့ […]

ကျန်းမာရေးဗဟုသုတ

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ ======================= ======================= အရွယ်ရောက်ပြီးသူတွေမှာ သဘာဝတရားရဲ့ လိုအပ်ချက်အရ အတူနေဖို့ (လိင်ဆက်ဆံဖို့) ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ ဟော်မုန်းတွေရဲ့အချိုးအစားကို စီစဉ်ထားရှိပါတယ်။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့တစ်ယောက်အကြောင်းရင်းခံချင်းက တူကြတာမဟုတ်ဘူးလေ။ ဒီတော့ အတူမနေနိုင်တဲ့အနေအထားမှာရှိနေသူတွေအနေနဲ့က အခက်အခဲရှိတာပေါ့။ ပြဿနာကတော့ အတူမနေတာ ကြာလာတဲ့အခါ ယောကျ်ားရော မိန်းမမှာပါ ဆိုးကျိုးတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေအတွက် ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။ ၁။ စိတ်ဖိစီးမှုများလာမယ်။ အတူနေတာက စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့နည်းလမ်းတွေထဲက အကောင်းဆုံးတစ်ခုပါ။ သွေးလည်ပတ်မှုကောင်းမွန်သွားတာနဲ့ အတူနေတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှုလျော့ကျသွားစေဖို့ အကြီးအကျယ်အထောက်အကူပြုပြီး နုပျိုကျန်းမာစေပါတယ်။ အတူမနေတာကြာရင်တော့ စိတ်ဖိစီးမှုလျော့ကျစေတဲ့ဟော်မုန်းတွေ မထွက်တော့ အသေးအဖွဲလေးတွေကအစ စိတ်တိုတာ၊ စိတ်ဆတ်လာတာတွေဖြစ်နိုင်ပါတယ်။ ကြားဖူးတယ်မလား။ အပျိုကြီးတွေ စိတ်ဆတ်လွယ်တယ်ဆိုတာလေ။ ၂။ ကိုယ်ခံအားနည်းလာမယ်။ အတူနေတဲ့အခါ […]

ကျန်းမာရေးဗဟုသုတ

ဘာကြောင့် ဗိုက်ထဲမှာ အစာမရှိခင်မှာ ကော်ဖီမသောက်သင့်သလဲ

မနက်မိုးလင်း အိပ်ယာနိုးပြီးဆိုရင် ကော်ဖီသောက်ချင်တတ်ကြပါတယ်။ ကော်ဖီလောက် ဘယ်နိုးစက်မှ ကိုယ့်ကိုနိုးအောင် မနိုးနိုင်ပါဘူး။ မနက်မိုးလင်းလင်းချင်း အိပ်ချင်မူတူးဖြစ်နေချိန်မှာ ကော်ဖီပူပူလေးတစ်ခွက်က ကိုယ့်မျက်နှာကို လက်သီးနဲ့ထိုးလိုက်သလို လန်းဆန်သွားစေမှာပါ။ ဒါပေမယ့် ကော်ဖီကို ဗိုက်ထဲမှာ အစာမရှိဘဲ သူ့ချည်းဘဲ သောက်ရင် အစာခြေစနစ်ကို ဒုက္ခပေးနိုင်ပါတယ်။ ကော်ဖီက အစာအိမ်မှာ အက်ဆစ်ထုတ်တဲ့ ဓာတ်ကို တိုးမြင့်စေပြီး အစာအိမ်နံရံတွေကို ဒုက္ခပေးနိုင်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ ကော်ဖီသောက်ရင် ကတုန်ကယင်ဖြစ်တာ၊ စိတ်တည်ငြိမ်မှုမရှိတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ပူပင်မှုတွေကို တိုးမြင့်စေပြီး နှလုံးခုန်နှုန်းကို မြန်စေကာ အာရုံမစိုက်မှု ခက်ခဲစေပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ မနက်မိုးလင်းတဲ့အချိန်မှာ လန်းဆန်းတက်ကြွစေဖို့ Cortisol ဓာတ်တစ်မျိုးထုတ်ပေးလေ့ရှိပေမယ့် မနက်တိုင်းမှာ ကော်ဖီချည်းဘဲ သောက်တာများရင် အဲ့ဒီဓာတ်ထုတ်လုပ်မှုကို လျော့ကျစေကာ သင့်ကို ပိုပြီး အိပ်ချင်စေမှာပါ။ Crd;copy

ကျန်းမာရေးဗဟုသုတ

ရင်သားကင်ဆာကိုကာကွယ်ဖို့ ပျိုမေတို့စားသုံးသင့်တဲ့ အစားအစာ (၈) မျိုး

ရင်သားကင်ဆာကိုကာကွယ်ဖို့ ပျိုမေတို့စားသုံးသင့်တဲ့ အစားအစာ (၈) မျိုး ======================= ======================= ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေအတွက် အရမ်းကိုကြောက်စရာကောင်းလွန်းတဲ့ ရောဂါတစ်ခုပါ။ ဒီလိုကြောက်စရာကောင်းတဲ့ရောဂါကို အစားအသောက်နဲ့လည်း တစ်ဖက်တစ်လိမ်းကနေ ကာကွယ်လို့ရတယ်ဆိုတော့ အစားအသောက်တွေကို သေချာလေးစားသုံးပေးဖို့လိုပါတယ်။ ဒါကြောင့် ရင်သားကင်ဆာကိုကာကွယ်ဖို့ ပျိုမေတို့အနေနဲ့ စားသုံးသင့်တဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။ ပဲပင်ပေါက် ပဲပင်ပေါက်မှာ ရင်သားကင်ဆာကိုတိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိတွေ များစွာပါဝင်ပါတယ်။ ပဲပင်ပေါက်ကို ကြော်စားရုံတင်မကပဲ ဟင်းချိုချက်သောက်လို့လည်းရပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်ကို အစိမ်းစားပေးမယ်ဆိုရင်တော့ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ရုံတင်မကပဲ အသားအရေကိုလည်း လှပလာစေပါတယ်။ ပန်းသီး ပန်းသီးမှာလည်း ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေရှိလို့ များများစားသုံးပေးပါ။ အဆီဓာတ်ပါတဲ့ငါး အဆီဓာတ်ပါတဲ့ငါး (Fatty Fish) တွေမှာက Omega 3 Fatty DHA နဲ့ EPA တွေပါဝင်ပါတယ်။ ရင်သားကင်ဆာရောဂါကိုကာကွယ်ဖို့ စားသုံးပေးသင့်တဲ့အစားအစာတစ်မျိုးပါ။ […]

ကျန်းမာရေးဗဟုသုတ

ဆီးအရောင်ကပြောတဲ့ ကျန်းမာရေး

ဆီးအရောင်ကပြောတဲ့ ကျန်းမာရေး ======================= ======================= ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆီးအရောင်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။ ၁။ ကြည်လင်တဲ့အရောင်ရှိသောဆီး – ရေကိုလိုအပ်တာထက် ပိုပြီး သောက်သုံးမိနေကြောင်း ဖော်ပြပါတယ်။ ဘာအန္တရာယ်မှ မရှိပါဘူး။ ၂။ ကောက်ရိုးရောင်မှ ပယင်းရောင်ရှိသောဆီး – အဝါရောင်ဖျော့ဖျော့ရှိတဲ့ဆီးက ကျန်းမာရေးကောင်းမွန်ကြောင်း ဖော်ပြနေပြီး အဝါရောင်ရင့်ရင့်ရှိတဲ့ဆီးကတော့ ရေနှင့်အသီး အရွက်ကို ဦးစားပေးစားသင့်ကြောင်း ဖော်ပြနေပါတယ်။ ၃။ ပန်းရောင် (သို့) အနီရောင်ရှိသောဆီး – ဆရာဝန်နှင့်ပြသသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ရောဂါများတွင် တွေ့ရတတ်တဲ့ ဆီးအရောင်ဖြစ်ပါတယ်။ ၄။ အညိုရောင်ဆီး – အလွန်အမင်း ရေဓာတ်ချို့ယွင်းနေတဲ့ လက္ခဏာဖြစ်ပါတယ်။ […]

ကျန်းမာရေးဗဟုသုတ

ဂေါ်ရခါးသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ဂေါ်ရခါးသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ ??????????????? ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ ကစီဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ အမိုင်နိုအက်ဆစ်ဓါတ်တို့ဟာ လူသားတို့း၏ကျန်းမာရေးကို ကောင်းစွာ အထောက်အကူ ပေးနိုင်ပါတယ်။ (၁) ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်များ ပါဝင်မှုမြင့်မားခြင်းကြောင့် အူနှင့်သက်ဆိုင်သော လမ်းကြောင်းများကို သန်မာစေပြီး ဝမ်းကို မှန်စေပါတယ်။ (၂) ဓါတ်တိုးဆန့်ကျင်ဓါတ်များ ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါအပါအဝင် လူကို အိုမင်းရင့်ရော်စေတတ်သောအရာများကိုလည်း တားဆီးပေးပါတယ်။ (၃) အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ စိတ်ကျလွယ်ရောဂါတို့ကိုလည်း တားဆီးပေးပါတယ်။ (၄) မဂ္ဂနီစီယမ်ဓါတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်၏ ကြွက်သားများကို သန်မာစေပြီး ခွန်အားကိုလည်း တိုးစေပါတယ်။ အမောကိုလည်း ခံနိုင်စေပါတယ်။ (၅) ဖောလစ်ဓါတ်ပါဝင်မှုကြောင့် သွေးကိုလည်း သန့်စင်စေပြီး ကိုယ်ဝန်ဆောင်မိခင်များ စားသုံးလျှင် ကလေးမွေးသည့်အခါ နာကျင်မှုမရှိပဲ လွယ်ကူသက်သာစေပါတယ်။   (၆) […]