သံပုရာသီး ရေနွေးစိမ်ရည် ကို တစ်နှစ်ကြာသောက်ပြီးနောက် ဘာတွေဖြစ်လာမလဲ ======================= နံနက်စာစားပြီးတိုင်း အခွံစိမ်းစိမ်း လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးကိလေးစိပ်စိပ်၍ ရေနွေးဖြူစိမ်သောက်ပေးရမှာပါ။ သံပု ရာသီးတွေနွမ်းပျော့သွားတဲ့အထိ ရေနွေးဖြူအသစ်ထပ်လောင်းထည့်၍ ရေဆာတဲ့အခါတိုင်းသောက်ပေးပါ။ ဖန်ခွက်၊ ကော်ခွက်၊ စတီးလ်ခွက်၊ ဖိုင်ဘာခွက်တွေကိုမသုံးဘဲကျန်းမာရေးနဲ့ညီညွတ်တဲ့ ကြွေပန်းကန်လုံး ကိုသာ သုံးစွဲဖို့မမေ့နဲ့နော်။ ဤနည်းအ တိုင်း တစ်နေ့ကို သံပုရာသီး တစ်လုံးနှုန်းဖြင့်သံပုရာသီး ရေနွေးစိမ်ရည် ကို တစ်နှစ်ကြာသောက်ပြီးနောက်မှာ သင့်အတွက်ဘာ တွေထူးခြားလာမလဲ ဘာတွေဖြစ်လာမလဲ။ ၁။ အဆိပ်အတောက် များ ပြေစေပါတယ်။ အိပ်ယာကနိုးထလာတဲ့အခါ ခန္ဓာကိုယ်ကဆဲလ်တွေ သန့်စင်ဖို့အတွက်လည်းကောင်း၊ ခြောက်သွေ့နေတဲ့ ဆဲလ် တွေကို သစ် လွင်လန်းဆန်းစေဖို့အတွက်လည်းကောင်း၊ ၎င်း ဆဲလ် များကျန်းမာစေဖို့အတွက် ခန္ဓာကိုယ်က ရေကို လိုအပ်လျက်ရှိနေပါတယ်။ သံပုရာသီး ရေနွေးစိမ်သောက်ပေးခြင်းဖြင့် အဆိပ်အတောက်တွေပြေစေပြီး […]
ကျန်းမာရေးဗဟုသုတ
လူကြိုက်များလာသော ငှက်ပျောသီးဝိတ်ချနည်း
လူကြိုက်များလာသော ငှက်ပျောသီးဝိတ်ချနည်း အခုဆိုရင် ငှက်ပျောသီးဖြင့် ဝိတ်ချနည်းဟာ ကမ္ဘာမှာ လူကြိုက်များလာသည့် ဝိတ်ချနည်းတစ်နည်း ဖြစ်လာပါပြီ။ ဒီနည်းကို စတင်တွေ့ရှိခဲ့သူကတော့ ဂျပန်နိုင်ငံမှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။ သူ့ရဲ့ ငှက်ပျောသီးဖြင့် ဝိတ်ချနည်းစာအုပ်ဟာ ဂျပန်နိုင်ငံမှာသာမက ကမ္ဘာအရပ်ရပ်မှာလည်း ဘာသာပြန်ပြီး ရောင်းအားကောင်းနေသည့်အပြင် ရုပ်သံများမှလည်း တွေ့ဆုံမေးမြန်းခန်းတွေပြုလုပ်ပြီး တင်ဆက်ပေးနေပါပြီ။ ဒီဝိတ်ချနည်းကို အရှေ့တိုင်း၊ အနောက်တိုင်းမှ လူအများအပြားက လက်တွေ့စမ်းသပ်ပြီး တကယ်ထိရောက်မှု ရှိလာသည့်အတွက် ကိုရီးယားမင်းသမီးများဟာလည်း ဒီနည်းကို အသုံးပြုနေကြပြီလို့ ဆိုပါတယ်။ ငှက်ပျောသီးဖြင့် ဝိတ်ချနည်း ၁။ နံနက်စာကို ငှက်ပျောသီး (၂) လုံးသာ စားပြီး ရေ (၂) ဖန်ခွက် သောက်ပါ။ ၂။ နေ့လည်စာကို ပုံမှန်အတိုင်း ထမင်း၊ ဟင်းတို့ကို စားနိုင်ပါတယ်။ […]
မြေပဲနှင့် မြေပဲဆီ စားသုံးခြင်း၏ အကျိုးများ
မြေပဲနှင့် မြေပဲဆီ စားသုံးခြင်း၏ အကျိုးများ ????????????? မြန်မာနိုင်ငံတွင် နှမ်းနှင့် မြေပဲတို့ကို ဆီအဖြစ် အဓိကထား၍ စားသုံးကြသည်။ နှမ်းကို ဆီအဖြစ်လည်းကောင်း၊ လှော်ထောင်း၍ အမှုန့်ပြုကာ အသုတ်များသုတ်ရာတွင်လည်းကောင်း၊ မုန့်များနှင့် ရောနှော၍ လည်းကောင်း စားသုံး ကြသည်။ မြေပဲကိုမူ ဆီအဖြစ် လည်းကောင်း၊ မြေပဲ ဆန်အတိုင်း မြေပဲဆားလှော်အဖြစ်လည်းကောင်း၊မြေပဲယို၊ မြေပဲလိပ် စသည်ဖြင့် မုန့်များအဖြစ်လည်းကောင်း၊ မြေပဲမှုန့်ကို မုန့်များဖြင့်ရော၍ လည်းကောင်း နည်းအမျိုးမျိုးဖြင့် စားကြသည်။ မြေပဲသည် အာဟာရဖြစ် သည်ဟု မြန်မာလူမျိုးတို့ယုံကြည်စွာ စားသုံးလျက်ရှိသည်။ မြေပဲတွင် မပြည့်ဝဆီ(မိုနိုအဆီ) ပါဝင်၍ သွေးအဆီ ဓာတ်ကို ကောင်း မွန်စေသည်။ မြေပဲ တစ်အောင်စတွင် အဆီ ၁၃ ဂရမ်ခန့်နှင့် ကယ်လိုရီ ၁၈၀ ခန့် […]
မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ
မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ ======================= ======================= မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ ရေစပ်စပ်နားမှာ ပေါက်လေ့ရှိပြီး အစိမ်းရောင်ရှိတဲ့ မြင်းခွာရွက်ကို သုပ်စားကြတာရှိသလို၊ ဟင်းချိုလည်း ချက်သောက်ကြပါတယ်။ မျက်စိအားကောင်းချင်တဲ့သူတွေကတော့ မြင်းခွာရွက်ကို ရေစင်အောင် ဆေးကြောပြီး ထောင်းကာ အရည်ညှစ်သောက်ကြပါတယ်။ တကယ်တော့ မြင်းခွာရွက်မှာ မျက်စိကျန်းမာရေးကောင်းစေတဲ့ အာဟာရဓါတ်တွေအပြင် အလှအပနဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကိုပါ ကောင်းစေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ ကျန်းမာရေးကောင်းမွန်စေခြင်း “Neurological sciences”ဂျာနယ်မှာတော့ မြင်းခွာရွက်ဟာ ဓါတုပစ္စည်းတွေကြောင့် ဦးနှောက် ထိခိုက်ပျက်စီးခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ မြင်းခွာရွက်ဟာ အသည်းကျန်းမာရေးအတွက်လည်း တော်တော်လေးကို အထောက်အကူပြုပါတယ်။ မြင်းခွာရွက်မှာ asiaticosida ပါဝင်တာမို့ အသည်းပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ ပျက်စီးခြင်းကို လျှော့ချပေးပြီး […]
ခါးနာမှုကို ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၅) ခု
ခါးနာမှုကို ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၅) ခု =================== =================== ၁ – မွေ့ရာပျော့ မွေ့ရာပျော့ပျော့မှာ အိပ်ရတာ ပထမတော့ ဇိမ်ရှိပါတယ်။ ဒါပေမဲ့ သင့်ကျောရိုးကို ထောက်ပေးမထားနိုင်တာကြောင့် ကြာရင် ခါးနာလာပါမယ်။ ဒီ့အတွက် မာတဲ့ မွေ့ရာမျိုးကိုရွေးရမှာလည်း မဟုတ်ပါဘူး။ မမာမပျော့ဘဲ သင့်လျော်တဲ့ မွေ့ရာမျိုး ရွေးသင့်ပါတယ်။ ၂ – ကားအကြာကြီးမောင်းတာ ကားအကြာကြီးမောင်းတာဟာ ခါးကို ဖိအား အကြာကြီး ပေးထားသလို ဖြစ်ပါတယ်။ အကြာကြီးမောင်းရတော့မယ်ဆို ခါးကို ၉၀ ဒီဂရီ အနေအထားနဲ့ မတ်မတ်ထိုင်ထားဖို့ အရေးကြီးပါတယ်။ ၃ – ဒေါက်ဖိနပ် ဒေါက်ဖိနပ်အကြာကြီး စီးတာကလည်း သင့်ကျောရိုးကို ထိခိုက်ပါတယ်။ ကြာကြာလျှောက်ရမယ့် ကိစ္စတွေမှာ ဒေါက်ဖိနပ်စီးသွားတာမျိုး ရှောင်သင့်ပါတယ်။ ၄ […]
သီတင်းတစ်ပတ်တွင် အရက်သုံးလေးကြိမ် သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါအန္တရာယ်လျှော့ချနိုင်
သီတင်းတစ်ပတ်တွင် အရက်သုံးလေးကြိမ် သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါအန္တရာယ်လျှော့ချနိုင် ================== ================== သီတင်းတစ်ပတ်အတွင်း အရက်သုံးကြိမ်အထိ သောက်သုံးသူများ သည် အရက်လုံးဝမသောက်သူများထက် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်နည်းပါးကြောင်း ဒိန်းမတ်သုတေသီများကပြောသည်။ အထူးသဖြင့် ဝိုင်သည် ကျန်းမာရေးအကျိုးကျေးဇူးများပြီး သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိရန် အထောက်အကူပြုပေး ကြောင်း Diabetologia ဂျာနယ်၌ ဖော်ပြသော လေ့လာမှုက ဆို သည်။ သို့သော် ယခုလေ့လာမှုအရ သတ်မှတ်ထားသော အရက်ပမာဏထက် ပိုသောက်သုံးနိုင်သည်ဟု မိမိတို့ပြောလိုခြင်း မဟုတ် ကြောင်း သုတေသီများကပြောသည်။ ဒိန်းမတ်တောင်ပိုင်းတက္ကသိုလ် ကျန်းမာရေးဌာနမှ ပါမောက္ခ ဂျန်နီတိုလ်စထရပ် ဦးဆောင်သော သုတေသီများက အရက်သောက် သုံးသော အကြိမ်ရေသည် အရက်သောက်သုံးမှု ပမာဏကြောင့် အကျိုးသက်ရောက်မှုရှိလာနိုင်သည်ဟု ပြောသည်။ အရက်ကိုအတန်အသင့် သီတင်းတစ်ပတ်လျှင် သုံးလေးကြိမ် သောက်သုံးသော […]
ငါးအဆီဖြည့်စွက်ဆေးများက စိတ်ဖိစီးမှုများကို ကာကွယ်နိုင်
ငါးအဆီဖြည့်စွက်ဆေးများက စိတ်ဖိစီးမှုများကို ကာကွယ်နိုင် ================== ================== ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် သုတေသီများ လေ့လာမှုအရ ငါး အဆီက ပြင်းထန်သော ဖိစီးမှုများဒဏ်မှ ဦးနှောက်ကိုကာကွယ်ပေး နိုင်ကြောင်း သိရသည်။ ငါးအဆီမှ ထုတ်ထားသော ဖြည့်စွက်ဆေးများတွင် အိုမီဂါ-၃ ဖက်တီးအက်စစ် အဓိကပါဝင်သည်။ အမျိုးသမီးများတွင် စိတ် ဒဏ်ရာဖြစ်စေသော ဖြစ်ရပ်များကြောင့် ဦးနှောက်ထိ ခိုက်ပျက်စီး မှုများကို အိုမီဂါ -၃ က ပြန်သက်သာစေကြောင်း လေ့လာမှုအရ သိရသည်။ ငါးကြီးဆီဆေးများကို ဦးနှောက်ကျန်းမာရေးတိုးတက်စေရန် အသုံးပြုနေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ကာ ယင်းဆေး များက ငယ်ဘဝဓာတ်မတည့်ခြင်းများနှင့် အာရုံကြောများထိခိုက် ပျက်စီးမှုတို့ကိုပင် ကာကွယ်ရန်အထောက်အကူပြုကြောင်း သိရ သည်။ စိတ်ဒဏ်ရာရစေသော ဖြစ်ရပ်များနှင့် ကြုံတွေ့ရသူများသည် ဦးနှောက်၏ အာရုံကြောစနစ်တွင် ဖိစီးမှု ရေရှည်ခံစားရပြီး ခန္ဓာ ကိုယ်၏ […]
သွေးတိုးရောဂါကို ဘာကြောင့် အသံတိတ် လူသတ်သမားလို့ ပြောကြတာလဲ . . .
သွေးတိုးရောဂါကို ဘာကြောင့် အသံတိတ် လူသတ်သမားလို့ ပြောကြတာလဲ . . . ============================ ၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) သွေးတိုးရောဂါရှိတဲ့သူတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က ဘာလက္ခဏာမှမပြ၊ ဘာဝေဒနာမှ မခံစားရတာကြောင့် အသံတိတ်လူသတ်သမားလို့ ပြောကြတာပါ။ သွေးတိုးရောဂါရှိ၊ မရှိသိဖို့ သွေးပေါင်ချိန်ဖို့ လိုအပ်ပါတယ်။ သွေးတိုးရောဂါ အစောပိုင်းမှာ လက္ခဏာမပြပေမယ့် သွေးတိုးရောဂါကြောင့် ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ အင်္ဂါနဲ့တစ်သျှူးတွေကို ထိခိုက်ပြီဆို ရင်တော့ ခေါင်းကိုက်တာ၊ အမြင်မှုန်ဝါးတာ၊ နှစ်ထပ်မြင်ရတာ၊ ရင်ဘတ်အောင့်တာ၊ မအီမသာဖြစ်တာ၊ မောတာ၊ မူးတာ စတဲ့လက္ခဏာတွေ ပြသတတ်ပါတယ်။ သွေးတိုးကြောင့် ကျောက်ကပ်ထိရင် မျက်နှာဖောတယ်၊ ခြေထောက်ရောင်တယ်၊ နှလုံးထိရင်မောတယ်၊ ဦးနှောက်ကိုထိရင် မူးတယ်၊ နှစ်ထပ်မြင်တယ် . . ဒီလိုလက္ခဏာတွေ […]
ကျန်းမာရေးနဲ့ ကန်စွန်းရွက်
ကျန်းမာရေးနဲ့ ကန်စွန်းရွက် ================== ================== ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အစားအစာတွေက ရရှိတဲ့ အာဟာရဓါတ်တွေ၊ အကျိုးအာနိသင် ကောင်းမွန်တဲ့ ဗီတာမင်ဓါတ်တွေ ရရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ဖို့အတွက်တော့ သန့်ရှင်းလတ်ဆတ်ခြင်း၊ ဓါတုဆိုးဆေးတွေ မပါဝင်ခြင်းနဲ့ သင်တင့်မျှတတဲ့ အရသာနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်ဖို့တော့ လိုပါတယ်။ ကျန်းမာရေး ကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ကန်စွန်းရွက်လည်း ပါဝင်ပါတယ်။ ကြော်စား၊ ချဉ်ရည်ဟင်းချက်စားခြင်းလိုမျိုး အစရှိသလို လုပ်စားလို့ရတဲ့ ကန်စွန်းရွက်က ကျန်းမာရေးအတွက် ဘာတွေကောင်းစေသလဲ ဖတ်ကြည့်ပေးပါဦး။ ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက် စားပေးတာက Triglycoside လိုမျိုး ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ အသီးအရွက်တွေရဲ့ အဓိက လုပ်ငန်းဆောင်တာကလည်း ကိုလက်စထရောတွေကို လျော့ကျစေဖို့ပါပဲ။ […]
မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား
မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား ================== ================== အားဆေးအဖြစ်သွင်းတဲ့ အကြောဆေးဆိုတာ ကျွန်တော်တို့နိုင်ငံက လူနာတော်တော်များများ ဆေးရုံဆေးခန်းသွားတဲ့အခါ…. မကြာမကြာပြောလေ့ရှိတာကတော့…. “ဆရာ.. ကျွန်တော်ခေါင်းမူးလို့ အကြောဆေးသွင်းချင်လို့” “ကျွန်မအားနည်းနေလို့ ဆလိုင်းချိတ်ပေးပါ” “ကျွန်တော်က တစ်လတစ်ခါ အကြောဆေးသွင်းနေကျ… မသွင်းရင် နေမကောင်းဘူး… ခု ဆေးသွင်းဖို့ ရက်ပြည့်နေပြီ ဆိုတော့ လုပ်ပေးပါဦးဆရာ” …. ဒီလိုတွေ ပြောပြီး အကြောဆေးသွင်းပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို တောင်းဆိုလေ့ရှိကြပါတယ်… ဆေးအနီလေးတွေ… အဝါလေးတွေ အကြောထဲဝင်သွားတာ… ပုလင်းကြီးထဲကဆေးရည်တွေ တစက်စက်ကျတာကို မြင်နေ ရရင်ပဲ သဘောကျကြသူအများသား။ ကိုယ်လက်ကိုက်ခဲရင် အကြောဆေးထိုး… ခေါင်းမူးခေါင်းကိုက်ရင် အကြောဆေးထိုး ကြ… အိပ်ရေးပျက်ရင်လည်း အကြောဆေးထိုးကြတယ်။ ထိုးပေးဖို့လည်း တောင်းဆိုကြတယ်။ အကြောဆေးမထိုးရင်ဘဲ ရောဂါမပျောက်သလို ထင်ကြတာလဲရှိ…အကြောဆေးထိုးတာကို စွဲနေသူတွေတောင်ရှိကြပါတယ်..။ တကယ်တော့ အကြောဆေးထဲမှာ ဂလူးကို့စ်အရည်နဲ့ […]