ကျန်းမာရေးဗဟုသုတ

အရေတွန့် ခြင်း ကာကွယ်ဖို့

အရေတွန့် ခြင်း ကာကွယ်ဖို့ ======================= ======================= အသက်အရွယ် ရလာတဲ့ သူတွေအတော်များများဟာ မျက်နှာမှာ အရေးအကြောင်း တွေေ ပါ်လာလို့ ၊ အသားအရေ ပျော့တွဲလာလို့ မှန်မကြည့်ချင်တော့အောင် ဖြစ်တတ်ကြပါတယ် ။ မျက်နှာ ၊ လည်ပင်း ၊ နဲ့ လက် တွေမှာ ဖြစ်တာက ပိုထင်ရှားပါတယ် ။ အရေးအကြောင်း ဖြစ်ရခြင်းက အသက်အရွယ်ကြီးရင့်ခြင်းရဲ့ ဖြစ်စဉ်ပါဘဲ ။ အရေပြားက တွယ်ဆက်တစ်ရှုး (Connective Tissue) မှာ ကော်လာဂျင် (Collagen) နဲ့ အီလတ်စတင် (Elastin) ဓါတ်များ ပျက်စီး လျော့ပါးလာတဲ့အတွက် အရေပြား ရှုံ့ တွဲကျ လာခြင်း ဖြစ်တာပါ ။ အသက်ရလာတော့ ဖိုက်ဘရိုဘလပ် ဆဲလ် […]

ကျန်းမာရေးဗဟုသုတ

အပျင်းလည်းပြေ ကျန်းမာစေမယ့် နေကြာစေ့ရဲ့ကောင်းကျိုးများ

အပျင်းလည်းပြေ ကျန်းမာစေမယ့် နေကြာစေ့ရဲ့ကောင်းကျိုးများ ======================= ======================= နေကြာစေ့ဟာ သာမန်သွားရည်စာတစ်မျိုးမဟုတ်ပဲ ဗီတာမင်ဘီနှင့် ဗီတာမင်အီး ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်း (Protein) ဓာတ်အပြင် မဂ္ဂနီစီယမ် (Magnesium)၊ ဇင့် (Zinc) ကဲ့သို့သော သတ္တုဓာတ်ပါဝင်တာကြောင့်လည်း ကျန်းမာရေးရော အလှအပအတွက်ပါများစွာ အထောက်အကူပြုပါတယ်။ ၁။ ဆံသားအတွက် နေကြာစေ့။ နေကြာစေ့မှာ ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်အပြင် ပရိုတင်းဓာတ်လည်းပါဝင်ပါတယ်။ ယင်းပရိုတင်းဓာတ်ဟာ ဆံသားနှစ်ခွဖြစ်ခြင်းကို တားဆီးပေးတဲ့အပြင် နက်မှောင်တောက်ပြောင်ရှည်လျားတဲ့ ဆံသားကိုရရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်ကာလမှာ အသားအရေနှင့် ဆံသားကို ဂရုစိုက်သည့်အနေနဲ့ နေကြာစေ့ကို စားသုံးပေးသင့်ပါတယ်။ ၂။ နေကြာစေ့နဲ့ ဝိတ်လျှော့မယ်။ ကိုယ်အလေးချိန်လျှော့ချဖို့ Diet လုပ်ကြတဲ့သူတွေ အတွက်တော့ နေကြာစေ့ဟာ အကောင်းဆုံး အဆာပြေစာ […]

ကျန်းမာရေးဗဟုသုတ

ငရုတ်သီးအနှစ်ကိုဘယ်လိုသုံးလဲလို့မေးထားတဲ့သူငယ်ချင်းများ အတွတ်ပါရှင်။

ငရုတ်သီးအနှစ်ကိုဘယ်လိုသုံးလဲလို့မေးထားတဲ့သူငယ်ချင်းများ အတွတ်ပါရှင်။ အရင်ကတော့အပုတောင့်တွေဝယ်ထား။ ထောင်းခါနီးမှရေစိမ်ပြီးထောင်းပါတယ် အခုတော့ထားရင်းကနေမှိုတက်မှာကြောက်ပြီးဝယ်ပြီးတာနဲ့မှိုပါမပါ စစ်၊ရေဆေး၊အခြောက်လှန်းပြီးတခါတည်းကြိတ်ထားပါတယ် ငရုတ်သီးအသစ်ပေါ်ချိန်တနှစ်စာဝယ်ပြီးအခြောက်ကြိတ်၊ ရလာတဲ့အစိမ်းမှုန့်ကိုအဝကျယ်တဲ့ဗူးထဲထည့်ပြီးအပေါ်ကဆီမြှုပ်အောင်လောင်းထားပါတယ်. တနှစ်ပတ်လုံးထားပြီးသုံးလို့ရပါတယ် မိုးတွင်းဆိုငရုတ်သီးအပွတောင့်လုံးဝဝယ်မသုံးရအောင်အသစ်ပေါ် ချိန်သင်္ကြန်မတိုင်ခင်ဝယ်တာပါ မိုးတွင်းဆိုမှိုအရမ်းတက်လို့ပါ နောက်တနည်းကအခုပြထားတဲ့ပုံလေးထဲကနည်းပါ ငရုတ်သီးအပုတောင့်ကိုရေဆေးပြီးပြုတ်ပါတယ်။ အေးသွားတော့စက်နဲ့ဆားထည့်ပြီးအစိုကြိတ်ပါတယ် ရလာတဲ့ငရုတ်သီးအနှစ်ကိုဆီဝအောင်စိမ်ထားပြီးရေခဲသေတ္တာထဲ သိမ်းပါတယ် သူကတော့၁လစာလောက်ပဲကောင်းပါတယ် နှစ်ပေါက်အောင်တော့သိမ်းလို့မရပါဘူး အခုပန်းခရေအရမ်းကြိုက်နေတဲ့ငရုတ်သီးအခြောက်တောင့်ရှိတယ် အတောင့်ရှည်ရှည်ကြီးကြီးတွေပါ ကိုရီးယားမျိုးလို့ပြောတာပဲ အရောင်အရမ်းလှတယ် မှိုလဲကင်းတယ် အရောင်အရမ်းတက်လို့နည်းနည်းပဲသုံးရတယ် အခုတော့ပြစရာမရှိတော့လို့နောက်တခါဝယ်ရင်ပြမယ်နော် Credit to Pan Kankayae

ကျန်းမာရေးဗဟုသုတ

ရွှေဖရုံသီး စားဖွယ်

*** ရွှေဖရုံသီး စားဖွယ် *** ရွှေဖရုံသီး၏အရောင်မှာ၊ ရွှေရောင်လိုဝင်းဝါနေပြီး၊ အရသာမှာ အတန် ငယ်ချိုပါတယ်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အလွန် မာကျောသော်လဲဘဲ၊ အပူပေးချက်ပြုတ်ပြီးနောက်မှာတေ့ာ အင်မတန်နူးညံ့ လှပါတယ်။ အသီးသာမက၊ ရွှေဖရုံပင်၏ အရွက်၊ အပွင့်နှင့် ရွှေဖရုံသီးအစေ့တို့ကိုလဲ စားသုံးနိုင်ပါတယ်။ ရွှေဖရုံသီးကို သူ့ချည်းဘဲ သက်သက်လွတ် ချက်စားနိုင် သလို၊ မိမိနှစ်သက်ရာ ပုစွန် (သို့) အသားတစ်မျိုးမျိုးဖြင့် နှပ်စားနိုင် ပါတယ်။ ထို့ပြင် ရွှေဖရုံသီးပေါင်း၊ ရွှေဖရုံသီးစွပ်ပြုတ်နှင့် ရွှေဖရုံသီး ဆန် ပြုတ် အဖြစ်စားသုံးလေ့ရှိကြပါတယ်။ အရွက်၊ အညွန့်နှင့်အပွင့်တို့ကို ကြော်၍သော်လည်းကောင်း၊ ဟင်းချို ၊ စွပ်ပြုတ်၊ (သို့) အသုပ်သုပ်၍သော်လည်းကောင်း၊ ရေနွေးဖျော၍ ငပိရည်အတို့အမြုံ့အဖြစ်သော်လည်းကောင်း စားသုံးနိုင်ပါတယ်။ ရွှေဖရုံစေ့ကို လှော်၍ သွားရည်စာအဖြစ် စားသုံးလေ့ရှိကြပြီး၊ […]

ကျန်းမာရေးဗဟုသုတ

အခါးဓါတ်ရှိတဲ့ ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေးအကျိုးအာနိသင်

အခါးဓါတ်ရှိတဲ့ ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေးအကျိုးအာနိသင် ======================= ======================= အခါးဓါတ်ရှိတာကြောင့် တော်တော်များများကတော့ ကြက်ဟင်းခါးသီးကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး ကောင်းမွန်စေဖို့ အကျိုးအာနိသင်တွေ အများကြီး ရှိပါတယ်။ ကြက်ဟင်းခါးသီးကို ကြော်စားကြသလို ပြုတ်ပြီး တို့စရာအဖြစ် စားတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ဟင်းခါးသီးရဲ့ အကျိုးအာနိသင်ကတော့ ပြောင်းမသွားပါဘူး။ အခါးဓါတ်ရှိတဲ့ ကြက်ဟင်းခါးသီးက ဘာတွေ ကောင်းသလဲဆိုတာ Hello ဆရာဝန် ကနေ မျှဝေပေးလိုက်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်း ကမ္ဘာတဝှမ်းမှာရှိတဲ့ လူဦးရေတော်တော်များများဟာ ဆီးချိုရောဂါ ခံစားနေရပါတယ်။ ကြက်ဟင်းခါးသီးမှာ ပါဝင်တဲ့ အင်ဆူလင်လိုမျိုး Polypeptide ဟာ ဆီးချိုရောဂါကို ထိန်းချုပ်ပေးပါတယ်။ အဓိကအားဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်းပါ။ ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ် ပမာဏကို ထိန်းညှိပေးတဲ့အနေနဲ့ ကြက်ဟင်းခါးသီး […]

ကျန်းမာရေးဗဟုသုတ

“ပျိုမေတို့အတွက် သဘာဝ ဆံပင်ပျော့ဆေး တလက်”

“ပျိုမေတို့အတွက် သဘာဝ ဆံပင်ပျော့ဆေး တလက်” ရေချိုးခေါင်းလျှော်ပြီးချိန်မှာ သင့်ရဲ့ဆံပင်တွေဟာ ရှုပ်ထွေးခြောက်သွေ့လို့ စိတ်ညစ်နေပါသလား။ ဆံပင်ပျော့ဆေး၊ ဆံပင်တွေ မရှုပ်ထွေးအောင်သုံးတဲ့ ဆေးတွေမလိုပဲ သဘာဝနည်းအတိုင်း ရိုးရှင်းစွာနဲ့ သင့်ဆံကေသာကို ပြုြုပင်နိုင်ပါတယ်။ စတိုးဆိုင်တွေကနေ အလွယ်တကူဝယ်ယူသုံးလို့ ရနိုင်တဲ့ ဆေးတွေဟာ ဆံပင်တွေပျော့ဖို့ ဆီလီကွန်ပါဝင်သော ဓါတုဗေဒ ဆေးများထဲ့သွင်းထားတဲ့ အတွက်ကြောင့် ဆံပင်ပျော့သော်လည်း ကြည်ရှည်စွဲသုံးပါက ဆံပင်များကို ပျက်ဆီးစေနိုင်ပါတယ်။ ဒါကြောင့်မို့ မိမိကိုယ်တိုင် အချိန်မရွေး အန္ဆရယ်ကင်းစွာဖြင့် သဘာဝနည်းများဖြင့် ဖေါ်စပ်ထားသော ဆံပင်ပျော့ဆေးကို အောက်ဖေါ်ပြပါ ပစ္စည်းများဖြင့် ပြုလုပ်သုံးစွဲပါ။ဆံပင်များ ပျက်ဆီးခြင်း၊ ခြောက်သွေ့ခြင်းကို ပြင်ဆင်ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ (၁) အုန်းဆီ (၂) ပေါင်းခံရည် (၃) ရေမှုန်ဖြန်းနိုင်သည့်ဗူး (Spray Bottle) (၄) သင်နှစ်သက်သည့် ရနံ့ပါသည့် […]

ကျန်းမာရေးဗဟုသုတ

အစာအိမ်နာပျောက်ဆေး အိမ်တွင်းဆေးနည်း

အစာအိမ်နာပျောက်ဆေး အိမ်တွင်းဆေးနည်း အာလူး(၁၅)ကျပ်သားကို အခွံမခွါပဲ ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်းပါ။ ပြီးရင် ရေနည်းနည်းနဲ့ ဆန်ပြုတ် ပြုတ်သလိုပြုတ်ပါ။ အားလုံးပြီးရင် ပျားရည်တဇွန်းထည့်ပြီး သောက်လိုက်ပါ။ ( ၁၅ ) ရက်လောက်ပုံမှန် သောက်ပေးပါ အစာအိမ်ရောဂါ လုံးဝပျောက်သွားမှာပါ။ ရောဂါပျောက်သွားလို့ အာလူးဆန်ပြုတ်ကြိုက်ရင် ဆက်ပြီး သောက်လို့ရပါတယ်။ နောက်တနည်း အစာအိမ်ရောဂါပျောက်တဲ့ သဘာဝဆေးနည်း အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။ လက်တွေ့ပျောက်တဲ့ ဆေးနည်းလေးမို့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ ပါဝင်သော ပစ္စည်းများ ၁။ အာလူးစိမ်း ၂။ ဂျင်း ၃။ ပျားရည် ပြုလုပ်နည်း ၁။ အာလူး ၁၅ ကျပ်သား (၃ လုံး၊ ၄ လုံးခန့်) […]

ကျန်းမာရေးဗဟုသုတ

ယူကလစ်ဆီရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ယူကလစ်ဆီရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ======================= ======================= ယူကလစ်အရွက်ကနေ အဆီကို ထုတ်ယူတာဖြစ်ပါတယ်။ ယူကလစ်ပင်ကို သြစတေးလျမှာ စတင်တွေ့ရှိတာဖြစ်ပြီး အခုတော့ ကမ္ဘာအနှံ့အပြားမှာ စိုက်နေပါတယ်။ ယူကလစ်ဆီကို ဆေးဝါးထုတ်လုပ်တဲ့နေရာမှာတင်မကပဲ အလှကုန်တွေမှာလည်းအသုံးပြုနေကြပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူး အနာကျက်စေ ယူကလစ်ဆီက ထိခိုက်ဒဏ်ရာ၊ ပြတ်ရှရာ၊ အပူလောင်ဒဏ်ရာ၊ အပူဖုတွေကို ပျောက်ကင်းစေပါတယ်။ ယူကလစ်ဆီသုတ်ထားရင် အနာကို ပိုးဝင်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ အသက်ရှူလမ်းကြောင်း ပြဿနာတွေကို ကုသပေးနိုင် ယူကလစ်ဆီက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အအေးမိ၊ နှာစေး၊ လည်ချောင်းနာ၊ ပန်းနာရင်ကျပ် စတာတွေကို ကုသပေးနိုင်ပါတယ်။ ယူကလစ်ဆီက ဘက်တီးရီးယား၊ မှို တွေစတာတွေကို တိုက်ဖျက်ပေးနိုင်ပြီး ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။ ယူကလစ်ဆီကို ရေနွေးနွေးနဲ့ရောပြီး ပလုပ်ကျင်းပေးရင် လည်ပင်းနာတာကို ပျောက်ကင်းစေပါတယ်။ ပန်းနာရင်ကြပ်က အခုခေတ်မှာ […]

ကျန်းမာရေးဗဟုသုတ

စံပယ်ရေနွေးကြမ်းရဲ့ အံ့သြဖွယ်ရာ အကျိုးကျေးဇူးများ

စံပယ်ရေနွေးကြမ်းရဲ့ အံ့သြဖွယ်ရာ အကျိုးကျေးဇူးများ ======================= ======================= စံပယ်ရေနွေးကြမ်းက သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို ကျန်းမာအေးငြိမ်းစေပါတယ်။ စံပယ်ပန်းပွင့်တွေနဲ့လုပ်ထားတဲ့ ရေနွေးကြမ်းက အရသာလည်းကောင်းသလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ ဘက်တီးရီယားတွေကို တိုက်ဖျက်ပေးနိုင် စံပယ်ရေနွေးကြမ်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ Benzoic အက်ဆစ်၊ Benzyl Benzoate နဲ့ Benzaldehyde ဓာတ်တွေက ဘက်တီးရီးယား ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒီဓာတ်တွေပါဝင်တာကြောင့် စံပယ်ကို ခေါင်းလျှော်ရည်တွေနဲ့ Conditioners တွေမှာ ထည့်သုံးကြတာပါ။ အမာရွတ်တွေကို ပျောက်ကင်းစေ စံပယ် ရေနွေးကြမ်းက အမာရွတ်တွေ၊ ဝက်ခြံတွေ၊ ဒဏ်ရာတွေ စတာတွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ အသားအရေကို စိုစွတ်စေပြီး ရေဓာတ်ပြည့်ဝအောင်လည်းကူညီပေးနိုင်ပါတယ်။ သွေးဖိအားကို ထိန်းညှိပေး စံပယ်လက်ဖက်ရည်က ကိုလက်စထရောဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် သွေးဖိအားကိုလည်း […]

ကျန်းမာရေးဗဟုသုတ

ရှားစောင်းလက်ပတ်ရဲ့ အစွမ်းသတ္တိ

ရှားစောင်းလက်ပတ်ရဲ့ အစွမ်းသတ္တိ ======================= ======================= ရှားစောင်းလက်ပတ်က အစွမ်းထက်လှတဲ့ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးပါ။ ရှားစောင်းလက်ပတ်က အိမ်တွင်းရော၊ အိမ်အပြင်ရောပါ အလွယ်တကူ စိုက်လို့ရတဲ့ အပင်မျိုးပါ။ မြေကောင်းကောင်းနဲ့ နေရောင်ကောင်းကောင်းရရင် စိုက်လို့ရပါတယ်။ အိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးပါ။ ကျန်းမာရေး အကျိုးကျေးဇူးများ ကိုယ်ခံအားကို မြှင့်တင်ပေး ရှားစောင်းလက်ပတ်ကို စားပေးရင် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးပြီး အစွမ်းရှိတဲ့ Antioxidants ဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဝမ်းချုပ်တတ်သူ၊ အစာခြေစနစ်နဲ့ပတ်သက်ပြီး ပြဿနာရှိသူတွေအတွက်လည်း ရှားစောင်းလက်ပတ်ကို စားပေးသင့်ပါတယ်။ အသားအရေကို ကောင်းစေ နေ့စဉ် ရှားစောင်းလက်ပတ်ကို လိမ်းပြီး ခြောက်သွားရင် ရေနွေးနွေးနဲ့ ဆေးပေးပါ။ ရက်အနည်းငယ်အတွင်းမှာ အသားအရေတွေ ကြည်လင်လာတာကို တွေ့ရပါလိမ့်မယ်။ ဆံပင်အရှည်ကို မြန်စေ ဆံပင်ရှည်တာနှေးနေပါသလား။ ရှားစောင်းလက်ပတ်အနှစ်ကို […]