ဆေးဖက်ဝင်တဲ့ မိဿ လင် ကျွန်ုပ်တို့ရဲ့အဘိုးအဘွားတွေ ထိခိုက်ဒဏ်ရာ, အရိုးအကြောဝေဒနာ, အဖျားရောဂါ ,မီးယပ်ချုပ်ပြီးကိုက်ခဲတဲ့ဝေဒနာ တွေအတွက် အမြဲအိမ်မှာဆောင်ထား စိုက်ပျိုးထားပြီး လက်စွဲသုံးခဲ့ကြတဲ့ ဒဏ်ကြေဆေးမှာ ”မိဿ လင်ပင်” ဆိုတာကို သိကြပြီးဖြစ်မှာပါ။အခုဆိုရင် အိန္ဒိယနိုင်ငံ ထိုင်းနိုင်ငံတွေမှာ ဒဏ်ကြေဆေးအတွက်သာမက အဆစ်အမြစ်ရောင်နာ ထိခိုက်ဒဏ်နာ အဆီချတဲ့နေရာတွေမှာပါ လိမ်းဆေးသောက်ဆေး အဖြစ် တွင်ကျယ်စွာ အသုံးပြုနေကြပါပြီ။ အထူးသဖြင့်ထိုင်းနိုင်ငံမှာ ထိုင်းအခေါ်” ပလိုင်” လို့ခေါ်ဝေါ်ပြီး လက်ဝှေ့ထိုးတဲ့ ကစားသမားတွေကို အရောင်လျော့ပြီးဒဏ်ကြေစေဖို့ မရှိမဖြစ်အသုံးပြုတဲ့ လိမ်းဆေးဖြစ်နေပါပြီ။ဒါ့အပြင် ဝမ်းဗိုက်က အဆီတွေ ပေါင်နဲ့ခါးကအဆီတွေကို လျော့ကျစေဖို့ နဲ့ထိုင်းနိုင်ငံရဲ့ အကြောပြင်အနှိပ်ခန်း အလှပြင်ခန်းမ အားလုံးလိုလိုမှာ အဓိကလိမ်းဆေးအဖြစ် သုံးစွဲနေကြပါတယ်။ဒါတွေသာမက ထိုင်းဟင်းမယ်တွေမှာလည်း မိဿလင်အရွက်သုပ် နဲ့ဟင်းတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အရသာရှိစွာသုံးစွဲနေကြပါတယ်။ မြန်မာပြည်မှာလည်း ကျွန်ုပ်တို့ငယ်စဉ်ကတည်းက အဘိုးအဘွားတွေရဲ့ဒဏ်ကြေစေဖို့ အဖျားကျစေဖို့ […]
ကျန်းမာရေးဗဟုသုတ
ပူဒီနာ(ပူစီနံ)၏ဆေးဘက်ဝင်ပုံများ
ပူဒီနာ(ပူစီနံ)၏ဆေးဘက်ဝင်ပုံများ ပူဒီနာ (ပူစီနံ) ဟာရှေးကျသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် လူသိများပါတယ်။ ကမ္ဘာပေါ်တွင် ပူစီနံပင် အမျိုးအစားပေါင်း ၃၀ ခန့်ရှိပြီး၊ အပူအအေးမျှတသော ဥရောပနှင့် အာရှတိုက်ဒေသများတွင် ကောင်းစွာဖြစ်ထွန်းကြ၏။အာရှတိုက်ရှိ ပူစီနံသည် ဥရောပတိုက်ရှိ ပူစီနံထက် အရသာမှာ အနည်းငယ်ပို၍ စူးရှပါတယ်။ ပူစီနံပင်သည် ခရမ်း (သို့မဟုတ်) မရန်းနုရောင် ပန်းပွင့်ကလေးများ ဝေ ဝေဆာဆာဖူးပွင့်ကာ သဲဆန်သောမြေတွင် ပိုမိုဖြစ်ထွန်းကြ၏။ ရေအလွန်ကြိုက်သော အပင်ဖြစ်ပြီး၊ မြေပြင်ပေါ်တွင် လျင်လျင်မြန်မြန် အမြစ်တွယ်ဖြန့်ကျက်၍ ပေါက်ရောက်လေ့ရှိကြပါတယ်။ ပူစီနံရွက်ကို မိမိနှစ်သက်ရာ ငါး၊ ပုစွန်နှင့် အသားအမျိုးမျိုးတို့တွင် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော်လည်းကောင်း၊ မြန်မာ့ရိုးရာအစားအစာ မုန့်ဟင်းခါးဖြင့် တွဲဖက်၍သော်လည်းကောင်း၊ အသုပ်၊ တို့စရာ အဖြစ်သော်လည်းကောင်း စားသုံးကြပါတယ်။ ထို့ပြင်ရေနွေးဆူဆူတွင် ပူစီနံရွက်ကို အစိမ်းလိုက်ခတ် ထည့်၍သော်လည်းကောင်း၊ သို့မဟုတ်အခြောက်ခံ၍သော်လည်းကောင်း၊ […]
စတော်ဘယ်ရီသီးနှင့် ကျန်းမာရေး
………. “စတော်ဘယ်ရီသီးနှင့် ကျန်းမာရေး” ……… ???????? ?MWD: မင်္ဂလာပါဆရာ..ဒီတစ်ပတ်မှာတော့ ကျွန်မတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာစားသုံးလေ့ရှိတဲ့ သဘာဝ သစ်သီးတွေထဲက စတော်ဘယ်ရီသီးနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ဆွေးနွေးတင်ဆက်ချင်ပါတယ်ဆရာ..ပထမဆုံးအနေနဲ့ စတော်ဘယ်ရီသီးကို ကျွန်မတို့လူသားတွေ ဘယ်တုန်းကတည်းက စတင်စားသုံးခဲ့ကြသလဲဆိုတာ ဗဟုသုတအဖြစ်ပြောပြပေးပါ.. Dr. KML: စတော်ဘယ်ရီသီးကို ရုက္ခဗေဒအရလေ့လာတဲ့အခါမှာ မျိုးစု (Genus) Fragaria မှာ ပါဝင်ပြီး သူ့အုပ်စုထဲမှာ မျိုးစိတ် (Species) ပေါင်းများစွာ ပါဝင်ပါတယ်..အသုံးအများဆုံးနဲ့ အထင်ရှားဆုံးကတော့ Ananassa ဖြစ်ပါတယ်.. ဒါ့ကြောင့် သူ့ရဲ့ရုက္ခဗေဒအမည်ကိုပြောပါဆိုရင် Fragaria ananassa လို့ ခေါ်ပါတယ်..စတော်ဘယ်ရီပင်ဟာ ဥရောပနဲ့ မြေထဲပင်လယ်ဒေသတွေမှာ ဟိုးယခင်ကတည်းက အလေ့ကျပေါက်တဲ့အပင်ဖြစ်ပါတယ်.. အစောဆုံးအထောက်အထားအနေနဲ့ ရှေးဟောင်းရောမအင်ပါယာ ကြီးထွားစဉ်ကတည်းက ဆေးဖက်ဝင်အပင်အနေနဲ့ စားသုံးခဲ့ကြတယ်လို့ ဆိုပါတယ်..ရှေးကလူတွေက စတော်ဘယ်ရီသီးကိုသာမက တစ်ပင်လုံးကို စိတ်ဓာတ်ကျနေသူတွေကိုကုသရာမှာ […]
သွားကိုက်ဝေဒနာအတွက် တကယ်ထိရောက်တဲ့ သဘာဝဆေးနည်း
“သွားကိုက်ဝေဒနာအတွက် တကယ်ထိရောက်တဲ့ သဘာဝဆေးနည်း” သွားကိုက်ဝေဒနာဆိုရင် ယောကျ်ားတွေတောင် ကြံ့ကြံ့မခံနိုင်ပါဘူး။ သွားကိုက်ရတဲ့အကြောင်းရင်းကိုအပထား၊ အမြန်ဆုံးပျောက်ကင်းစေမယ့် နည်းလမ်းရှာဖို့က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ လူအများစုဟာ အကိုက်အခဲပျောက်ဆေး မှီခိုအားထားကြပေမယ့် အကိုက်အခဲပျောက်ဆေးသိပ်များလွန်းတာက တကယ်တော့ ကိုယ်ခံအား ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ သဘာဝအကိုက်အခဲပျောက်ဆေးနည်းတွေကို ညွန်းပေးလိုက်ပါတယ်။ ၁။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ပဋိဇီဝအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် ကြက်သွန်နီကို သွားကိုက်ဝေဒနာကုသရာမှာ အသုံးပြု အကြံပြုထားပါတယ်။ နာကျင်ကိုက်ခဲမှု လျော့နည်းသက်သာအောင် ကြက်သွန်ဖြူ ၁မွှာ၊ ၂မွှာ ကိုက်ပါ ဒါမှမဟုတ် ကြက်သွန်ဖြူမှုန့်အနည်းငယ်နဲ့ ဆားရောစပ်ပြီး ကိုက်ခဲတဲ့သွားပေါ် လိမ်းပေးပါ။ ဝေဒနာပျောက်ကင်းစေဖို့ အာမခံပါတယ်။ ၂။ ပူစီနံတီး ပူစီနံတီးက ခံတွင်းအတွက်သာ ကောင်းတာမဟုတ်ဘဲ သွားကိုက်ဝေဒနာပါ သက်သာစေပါတယ်။ ရေနွေးခွက်ထဲ ပူစီနံရွက်ခြောက် လက်ဖက်ရည်ဇွန်း […]
အသည်းကို သန့်စင်ပေးနိုင်တဲ့ အစားအစာ (၃) မျိုး
အသည်းကို သန့်စင်ပေးနိုင်တဲ့ အစားအစာ (၃) မျိုး ဒီနေ့ခေတ် အစားအသောက်ပုံစံတွေက အသည်းကို ပိုပြီး အလုပ်တွေ ပေးနေသလိုဖြစ်နေပါတယ်။ အကြော်အလှော်တွေ၊ အသင့်စား အစားအစာတွေ စားသုံးခြင်း၊ လေထုညစ်ညမ်းတဲ့နေရာတွေမှာ နေထိုင်သွားလာခြင်း တို့ကလည်း အသည်းကို ထိခိုက်စေပါတယ်။ ဒီလို အသည်းကို ထိခိုက်စေတဲ့ နေ့စဉ်ကြုံတွေ့စားသုံးနေရတဲ့ အပြုအမူတွေကို မရှောင်လွဲနိုင်ရင်လည်း အသည်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို သဘာဝနည်းအတိုင်း ဖယ်ရှားလို့ရပါတယ်။ #ပန်းသီး ပန်းသီးမှာ pectin ဓာတ်တွေ၊ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဆေးကြော ဖယ်ရှားပေးတဲ့ ဓာတ်တွေ အများကြီးပါရှိပြီး အစာခြေအားကိုလည်း ကောင်းစေပါတယ်။ ပန်းသီး စားခြင်းအားဖြင့် အဆုတ်မှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးသည့် ဇီဝဖြစ်စဉ်များကိုလည်း အားကောင်းစေပါတယ်။ #ထောပတ်သီး အဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ ထောက်ပတ်သီးကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို […]
အစွမ်းထက်သော ဒန့်ဒလွန်သီး
အစွမ်းထက်သော ဒန့်ဒလွန်သီး ဒန့်သလွန်သီးရာသီချိန်ရောက် သောအခါတွင် အရသာလည်းရှိကာ ရနံ့ လည်းမွှေးသည့် ဒန့်သလွန်သီးကို ဟင်းအမယ်မျိုးစုံချက်ကာ မြန်မာအိမ်ရှင်မများ လက်စွမ်းပြလေ့ ရှိကြသည်။ ဒန့်သလွန်ရွက်နှင့် အဖူးအပွင့်တို့ကို ဟင်းချို၊ ဟင်းခါးနှင့်အသုပ်အဖြစ် စားနိုင်သည်။ ဒန့်သလွန်သီးကို ငါးရံ့(သို့မဟုတ်) ငါးရံ့ ခြောက်(သို့မဟုတ်)ကြက်ဥ/ဘဲဥတို့ဖြင့် တွဲဖက်၍ သော်လည်း ကောင်း၊ ပဲကုလားဟင်း၊ သီးစုံ ချဉ်ရည်ဟင်း အဖြစ်လည်းကောင်း၊ ဒန့်သလွန်သီး တောင့်ကို အစိမ်းလိုက် (သို့မဟုတ်) မီးကင်ပြီး အတွင်းသား နှင့်အစေ့တို့ကို ဇွန်းဖြင့်ခြစ်ကာ ကြက်ဥဖြင့် မွှေကြော်၍သော် လည်းကောင်း၊ ဘူးသီးဖြင့်ကြော်ချက်၍ ဟင်းအဖြစ်လည်း ကောင်း အရသာရှိရှိစား သုံးနိုင်သည်။ အနောက်နိုင်ငံများတွင်တော့ သူ့ရိုးရာ ဒေသအလိုက် ဟင်းလျာအဖုံဖုံကို ချက်ပြုတ်စားသောက် ကြသလို ဒန့်သလွန်ရွက် နှင့်အပွင့်တို့ကို နည်းပညာဖြင့်ပြုပြင်ကာ ကိတ်မုန့်ဖုတ်စားကြသည်။ Tree […]
ခရမ်းသီးစားပါ
ခရမ်းသီးစားပါ စားသုံးမှုများတဲ့စားဖိုဆောင်သီးနှံခရမ်းသီးဟာ ခန္ဓာ ကိုယ်အတွက် ကောင်းကျိုးတွေ အများကြီးပေးတဲ့အကြောင်း အသိပေးချင်ပါတယ်။ ဦးခေါင်းကအစ ခြေဖျားအဆုံး ဘာတွေကောင်းကျိုးပြုသလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ ခရမ်းသီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ် ပမာဏနဲ့ ဂလူးကို့စ်စုပ်ယူမှုကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချိုသမားတွေစားပေးသင့်ပါတယ်။ ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေးတဲ့အပြင် သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေတာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းသီးမှာ မှတ်ဉာဏ်ကောင်း မွန်စေတဲ့အာဟာရဓာတ်တွေပါဝင်တဲ့အတွက် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ နောက်ပြီး နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏကိုလည်း ဖြည့်တင်းပေးနိုင်ပြီး ကယ်လိုရီပမာဏလည်း နည်းတာကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေ စားပေးသင့်ပါတယ်။ အစာခြေဖျက်အားလည်း ကောင်း တာကြောင့် ဝမ်းချုပ်တာတွေ၊ အူကင် ဆာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းသီးဟာ အာရုံကြောဆိုင်ရာရောဂါတွေနဲ့ လေဖြတ်ခြင်းဖြစ်ပွားမှုလျော့နည်းစေတဲ့အပြင် ခရမ်းသီးမှာ နီကိုတင်းဓာတ်အနည်းငယ်ပါ တာကြောင့် ဆေးလိပ်ဖြတ်သူတွေကိုလည်း ထောက်ကူပေးနိုင်ပါသေး တယ်။ ဗီတာမင်စီလည်း ကြွယ်ဝပြန်တာကြောင့် […]
ဟင်းပြန်နွှေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကိုသတိထားပါ
ဟင်းပြန်နွှေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကိုသတိထားပါ။ ၁။ ဟင်းနုနွယ်ရွက် ချက်ပြီးသား ဟင်းနုနွယ်ရွက်ကို ပြန်နွှေးပြီးမစားသင့်ပါဘူး။ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့ နိုက်ထရိတ်(nitrates) ဓာတ်ဆားကြောင့်ဖြစ်ပါတယ်။ ချက်ထားတဲ့ ဟင်းနုနွယ်ရွက်ကို နွှေးလိုက်တဲ့အခါမှာ နိုက်ထရိတ်ဓာတ်ဆားကနေ နိုင်ထရစ်အက်စစ် အဖြစ်ပြောင်းလဲသွားပြီး အဲ့ဒီပြောင်းလဲသွားတဲ့ နိုင်ထရစ်အက်စစ်ဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ၂။ တရုတ်နံနံ လူတွေဟာ များသောအားဖြင့် တရုတ်နံနံကြီးရွက်ကို ဟင်းအရည်သောက် လုပ်စားတဲ့အခါမှာ ထည့်လေ့ရှိပါတယ်။ တကယ်လို့အဲ့လို လုပ်စားမယ်ဆိုရင် လုပ်ထားတဲ့ အရည်သောက်ဟင်းရည်ကို တစ်ခါတည်း ကုန်အောင်စားပစ်သင့် ပါတယ်။ တကယ် လို့ ပြန်အပူပေး၊ ပြန်နွှေးစားမယ်ဆိုရင်လည်း တရုတ်နံနံကြီးအရွက်တွေကို ဖယ်ပြီး မှ နွှေးစားသင့်တယ်လို့ဆိုထားပါတယ်။သူ့ရဲ့ဆိုးကျိုးဟာလည်း ဟင်းနုနွယ်ရွက် လိုပဲ နိုင်ထရစ်အက်စစ်ကနေ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ၃။ မုံလာဥအဖြူ? မုန်လာဥအဖြူဆိုရင်လည်း နိုက်ထရိတ်ဓာတ်ဆားပါတဲ့ အစားစာတစ်မျိုး ဖြစ်ပါတယ်။ သူ့ကို […]
နှလုံးသွေးကြောကျဉ်းရောဂါလုံးဝပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်းတစ်လက်
“နှလုံးသွေးကြောကျဉ်းရောဂါလုံးဝပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်းတစ်လက်” ကျွန်တော်နှလုံးရောဂါပြင်းထန်စွာခံစားရချိန်ကျွန်တော်နေထိုင်ရာပုသိမ်မြိ ု့ ရှိပုသိမ်ဆေးရုံကြီးနှင့်ဇီဝကအထူးကု ဆေးခန်းတို့တွင်တက်ရောက်ကုသခဲ့ရာဆေးစစ်ချက်အရနှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့်နှလုံးစက်ထည့်ရမည့်အခြေနေ ဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့်လိုခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန်၌ဆေးကုသခံရန်ပြင်ဆင်နေချိန် တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်။ ထို့နောက်ရန်ကုန်အာရှတော်ဝင် အထူးကုဆေးခန်းတွင်သွားရောက်စမ်းသပ်ရာနှလုံးသွေးကြောပိတ်ဆို့မှုများမရှိ တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့််၍မယုံနိုင်ဖြစ်ကာသေချာစေရန် မဟာမြိ ုင်အထူးကုဆေးခန်း၌24နာရီ စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး ကြောများပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-ကျွန်တော်ခံစားနေရသောရင်ဘတ် အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း သွားပါသည်။ ထို့ကြောင့်ကျွန်တော့်လို နှလုံးသွေးကြောကျဉ်းဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆေးနည်းမှာ ၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား ၂-တရုတ်ဇီးသီးငါးလုံး ၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် ၄-ဆားအနည်းငယ်တို့ကိုရေဖန်ခွက် ခြောက်ခွက်ထည့်နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက် ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်။ ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူးအထူးတင်ပါသည်။ Credit ( Ko Sai)
အိုမင်းရင့်ရော်ခြင်းကို အံတုမည့် “ နနွင်း ”
???အိုမင်းရင့်ရော်ခြင်းကို အံတုမည့် “ နနွင်း ” ………………………………………………… ?ယနေ့ခေတ် ကမ္ဘာတစ်လွှားမှာ သတင်းမွှေးနေတဲ့ သဘာဝထုတ်ကုန်တစ်ခုကတော့ နနွင်းဖြစ်နေတာကို အံ့သြဖွယ် သိရှိရပါတယ်။ နနွင်းဟာ ရောင်ရမ်းတာကို ဖြစ်စေတတ်တဲ့ အင်ဇိုင်းတစ်မျိုးကို ပိတ်ပင်တားဆီးနိုင်ပါတယ်။ ?ခန္ဓာကိုယ်မှာ အနာတရ ထိခိုက်ဒဏ်ရာရချိန်ရောက်မှ ရောင်ရမ်းတယ်လို့ ထင်နေရင် မှားယွင်းနေပြီလို့ ဆိုပါတယ်။ အနာတရလည်း မဖြစ်ပါဘဲ အိုမင်းရင့်ရော်တဲ့ အကြောင်းကြောင့် သင်္ကေတမပြ၊ တိတ်တိတ်ကလေး ရောင်ရမ်းနေတာဟာ တစ်ကိုယ်လုံး နေရာအနှံ့အပြားမှာ ဖြစ်ပွားနေနိုင်တယ်လို့ ဆိုပါတယ်။ နှလုံး နှင့် ဦးနှောက်တို့မှာ အထိအခိုက် အများဆုံး ဖြစ်ပွားနိုင်တယ်။ နှလုံးကြွက်သားတွေ၊ သွေးကြောမျှင်တွေ ရောင်ရမ်းတတ်တယ်။ ဦးနှောက်အတွင်း အာရုံကြောတွေ ရောင်ရမ်းလာတာကြောင့် မှတ်ဉာဏ်ရေတို ဆုံးရှုံးတာ၊ မေ့လျော့တာ၊ ဦးနှောက်လုပ်ဆောင်နိုင်စွမ်း လျော့တာတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ […]