ဆေးဖက်ဝင် မာလကာရွက် နေအိမ်အများစုမှာ မာလကာပင်တွေ စိုက်ပျိုးထားလေ့ရှိပြီး အသီးကိုသာ အဓိကထား စားသုံးလေ့ရှိကြပါတယ်။သို့သော်လည်း အများစု သတိမမူမိတဲ့အချက်ကတော့ မာလကာရွက်ရဲ့အံ့ဖွယ် ဆေးဖက်ဝင်အစွမ်းသတ္တိတွေပဲ ဖြစ်ပါတယ်။ မာလကာရွက်ဟာ သဘာဝ ဆေးဝါးတစ်မျိုးဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ၊ ရောဂါပိုး မွှားတွေကူးစက်တာကိုကာကွယ် နိုင်တဲ့အစွမ်းသတ္တိ၊ ရောင်ရမ်းတာတွေ၊ နာကျင်တာတွေကို ပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် မာလကာရွက်ကနေ ဆေးဝါးတို့၊ မာလကာရွက်လက် ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲ လာကြပြီဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်ရင်လည်း မာလကာရွက်က ထောက်ကူပေးနိုင်ပြီး သွေးတွင်း သကြားဓာတ်ပမာဏကိုလျှော့ချ ပေးနိုင်တာကြောင့် ဆီးချိုရောဂါ အတွက်ပါ ကောင်းကျိုးပြုပါ တယ်။ မာလကာရွက်လက်ဖက်ခြောက်ကို သုံးလလောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်တယ်လို့ဆိုပါ တယ်။ ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းကိုက်တာတွေဖြစ်ပြီဆိုရင်လည်း မာလကာရွက်က ဆေးဖက်ဝင် […]
ကျန်းမာရေးဗဟုသုတ
“ခြင်အန္တရာယ်ကို သဘာဝနည်းဖြင့် ကာကွယ်နည်းများ”
“ခြင်အန္တရာယ်ကို သဘာဝနည်းဖြင့် ကာကွယ်နည်းများ” မိမိတို့၏ နေအိမ်၊ အိပ်ခန်း၊ ရုံးခန်း၊ အလုပ်နေရာ စသည်တို့မှာ ခြင်ရှိနေပြီး ဓါတုဗေဒနည်းပညာများဖြင့် ပြုလုပ်ထားသည့်ဆေးများကို အသုံးပြုလျှင် ကင်ဆာရောဂါ ဖြစ်မှာကို စိုးရိမ်၍ ဘေးကင်းသည့် သဘာဝနည်းများဖြင့် ခြင်အန္တရာယ်ကို ကာကွယ်နိုင်ရန် ဆေးနည်းတောင်းဆိုလာသူများအတွက် ကျန်းမာရေးသတင်းများမှ သဘာဝဆေးနည်းများကို ဖော်ပြပေးလိုက်ပါသည်။ ၁။ ကြက်သွန်ဖြူတစ်မွှာကို ထု၍ ပြုတ်လိုက်ပါ။ ထိုကြက်သွန်ဖြူပြုတ်ရည်ကို ဗူးထဲထည့်၍ အိမ်ထဲ ဖြန်းထားလျှင် စူးရှသော ကြက်သွန်အနှံ့ကြောင့် ခြင်မလာတော့ပါ။ ၂။ စပါးလင်အဆီဖြင့် မီးထွန်းထားပါ။ ၎င်းအနှံ့ကို ခြင်များကြောက်ပါသည်။ ခြင်ကိုက်နေသည့်နေရာများကို စပါးလင်အဆီကို လိမ်းပေးလျှင် ရောဂါကို ကာကွယ်ပေးပါသည်။ ၃။ ယူကလစ်နှင့် သံပရာဆီကို ဆတူရောစပ်၍ ခြေ၊ လက်တို့ကို လိမ်းပေးပါ။ ခြင်လုံး၀ မကိုက်တော့ပါ။ ဓါတုဗေဒပစ္စည်းများ […]
Durian ဒူးရင်းသီးနဲ့ ကျန်းမာရေး
Durian ဒူးရင်းသီးနဲ့ ကျန်းမာရေး ဆရာ သစ်သီးဆို အကုန်စားလို့ရလားဆရာ။ ဥပမာ ဒူးရင်းသီးပါဆရာ။ ကိုယ်ဝန်က ၂ လပါဆရာ။ ဒူးရင်းသီးကိုတော့ သတိထားသင့်ပါတယ်။ သုတေသနတော့ ကောင်းကောင်းမတွေ့ပေမယ့် လူပြောများတယ်။ အဲလိုရေးပြီး လိုက်ရှာရပါတယ်။ ဒူးရင်းသီးကို King of Fruits သစ်သီးတွေရဲ့ဘုရင်လို့လည်းခေါ်ကြတယ်။ ဒူးရင်းသီးကောင်းတာ၊ ကြိုက်ကြတာတွေတော့ မရေးလိုပါ။ ကျန်းမာရေးဒေါင့်နေသာရေးပါရစေ။ ဒူးရင်းသီးထဲမှာ (သကြား + ဗီတာမင် (စီ) + ပိုတက်ဆီယမ် + အမိုင်နိုအက်စစ်) တွေပါတယ်။ စားရင် (ကာဗွန်ဟိုက်ဒရိတ် + ပရိုတင်း + အဆီဓါတ်) တွေရစေမယ်။ တချို့နိုင်ငံတွေ ဥပမာ မလေးရှားမှာ အရွက်နဲ့အမြစ်ကို ကိုယ်ပူကျဆေးအနေနဲ့သုံးတယ်။ အရွက်ကို ဖျားနေသူရဲ့နဖူးမှာ ကပ်ရတယ်။ ၁၉၂ဝ တုံးက နယူးယောက်မှာ […]
ငရုတ်သီး ၏ ကျန်းမာရေး အကျိုးကျေးဇူး
#ငရုတ်သီး ၏ #ကျန်းမာရေး #အကျိုးကျေးဇူး ဘယ်လောက်ပဲ ပူတယ်၊စပ်တယ် ပြောပြော ငရုတ်သီးက လူ့ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုနေတာကို ဘယ်သူမှ ငြင်းမရ ပါဘူး။ . ငရုတ်သီးကို အရိုးအကျော် ရောဂါကုဆေးနဲ့ အရည်အပြား ယားနာ ပျောက်ဆေး တို့မှာ ထည့်သွင်း အသုံးပြုကြ ပါတယ်။ . ငရုတ်သီး ပုံမှန် စားသုံးသူဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိတဲ့ဆဲလ်များကို အမြဲ တွန်းလှန်နေတာကြောင့် ကင်ဆာရောဂါကိုလည်း မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ . ဆီးချိုရောဂါရှိသူများလည်း ပုံမှန် စားသုံးသင့်တဲ့ အစားအစာ အဖြစ် ပါဝင် ပါတယ်။ . ငရုတ်သီးမှာ ဗစ်တာမင် စီ ကြွယ်ဝပြီး ကျန်းမာရေးအတွက် ပုံမှန်စားသုံးသင့်ကြောင်း ဆိုပါတယ်။ […]
ဩဇာသီး ဆေးဖက်ဝင်ပုံ
ဩဇာသီး ဆေးဖက်ဝင်ပုံ နှလုံးရောဂါနဲ့ ဆိုင်တဲ့ ရောဂါများကို တားဆီးပေးနိုင်သည်။ ကြွက်သား အားနည်းခြင်းများ၊ ပင်ပန်းနွမ်းနယ်ခြင်းများစတဲ့ ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်။ ဩဇာသီးကို စားပေးခြင်းဖြင့် ဆံပင်၊ မျက်စိ၊ ခြေသည်း၊ လက်သည်းနှင့် အသားအရေတို့အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ဆေးလိပ်သောက်သူများအတွက်ဆိုရင်လည်း အဆုတ်မှ နီကိုတင်း ဓာတ်ကို ဖြေဖျောက်ပေးကာ အဆုတ်ကို သန့်စင်ပေးပါသေးတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက်လည်း အားဖြည့်ပေးနိုင်စွမ်းရှိဖို့ စားသုံးသင့်တဲ့ အစာဖြစ်ပါတယ်။ဩဇာရွက်ကို ကြိတ်ပြီးစားပါက သန်နှင့်တုတ်ကောင်များကို ကျစေနိုင်တယ်။ အကြောငုတ်တာ၊ တက်တာကိုလည်း အုံပေးပါရင် သက်သာပျောက်ကင်းနိုင်တယ်။ အရွက်ကိုချေပြီး ရှူပေးပါက အမူးအမော်နှင့် ထိပ်ကပ်နာဝေဒနာများကို ပျောက်ကင်းနိုင်ကြောင်း သိရပါတယ်။ ဩဇာသီးအစေ့မှာ အဆိပ်ရှိတဲ့အတွက် မစားသုံးသင့်ပါ။ ဒါပေမယ့် အစေ့ကို အမှုန့်ပြုလုပ်ပြီး အနာပေါ်တွင် ဖြူးပေးရင်ဖြင့် ပိုးမွှားများကို ကာကွယ်နိုင်ပါတယ်။ အမြစ်ကို သွေးပြီးသောက်ရင် […]
ဖရဲသီးကို ဘာကြောင့် စားသင့်သလဲ
ဖရဲသီးကို ဘာကြောင့် စားသင့်သလဲ ================== ဖရဲသီးဟာ အလွယ်တကူ ဝယ်ယူနိုင်တာရယ် ကျန်းမာရေးနဲ့ ညီညွှတ်တာတွေရယ်ကြောင့်တင် စားသင့်နေပါပြီ။ ဒါပေမယ့် အခြား အကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။ ရေဓာတ်များပြီး အရသာ ရှိလှတဲ့ ဖရဲသီးကို မြန်မာနိုင်ငံမှာတော့ နေရာဒေသ အတော်များများမှာ တွေ့ရပါတယ်။ နွေရာသီမှာ ပိုပြီး များများစားစား တွေ့ရပါတယ်။ အခုလို အချိန်တွေမှာတော့ ပြည်ပကနေ ပြန်ဝင်လာတဲ့ ဖရဲသီးတွေပဲ ရှိပါတယ်။ အရည်ရွှမ်းတဲ့ အသီး အရည်ရွှမ်းပြီး အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။ ရေဓာတ်ပြန်လည် ဖြည့်ဆည်းဖို့ အကောင်းဆုံး အသီးဖြစ်ပါတယ်။ ဗိုက်ပြည့်စေလွယ်တာကြောင့် ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အတွက် အကောင်းဆုံး အသီးပါ။ မျက်လုံးကို ကောင်းမွန်စေနိုင် ဖရဲသီးမှာ ဗီတာမင်အေ ပါဝင်ပြီး ဗီတာမင်အေဟာ […]
တစ်နေ့တာလုံး အဟာရအားအင်ပြည့်ဝနေစေဖို့ မနက်စာအဖြစ် စားပေးသင့်တဲ့ အစားအစာ ၄ မျိုး
တစ်နေ့တာလုံး အဟာရအားအင်ပြည့်ဝနေစေဖို့ မနက်စာအဖြစ် စားပေးသင့်တဲ့ အစားအစာ ၄ မျိုး ဒီကနေ့ခေတ်မှာ ကျွန်မတို့လူသားတွေဟာ မျှော်လင့်ချက် အိပ်မက်တွေအတွက် ရုန်းကန်နေရရင်း အလုပ်တွေ မအားလပ်တာကြောင့် ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့လာကြပါတယ်။ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရာမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာစားပေးဖို့ သိပ်ကို အရေးကြီးပါတယ်။ တစ်နေ့တာလုံးအတွက် ပျော်ရွှင်တက်ကြွစွာနဲ့ အားအင်အပြည့်ရှိစေဖို့အတွက် မနက်စာစားသုံးဖို့လိုအပ်ပါတယ်။ ဒိန်ချဉ် ဒိန်ချဉ်ကို မနက်စာအဖြစ် ပုံမှန်စားပေးတာဟာ ကယ်လ်ဆီယမ်ဓါတ် ဗီတာမင် B အုပ်စုတွေ ကြွယ်ဝစေလို့ သိပ်ကိုကောင်းမွန်ပါတယ်။ ပရိုတင်းဓါတ် နှစ်ဆ ရရှိစေပြီး ကယ်လိုရီတွေကို လှောင်ကျွမ်းစေပါတယ်။ ဒိန်ချဉ်ကို အရသာရှိတဲ့ ဘယ်ရီသီးတွေ၊ ငှက်ပျောသီး၊ အခွံမာသီးတွေနဲ့ရောပြီး စားသုံးပေးနိုင်ပါတယ်။ အသီးအနှံ အသီးအနှံတွေကိုစားပေးတာဟာ မနက်ခင်းအတွက် လုံလောက်တဲ့အားအင်ကိုရှရိစေပါတယ်။ အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်ကို […]
ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထား၍ အိပ်ခြင်းဖြင့် ရလာမည့်အကျိုးကျေးဇူးများ…
ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထား၍ အိပ်ခြင်းဖြင့် ရလာမည့်အကျိုးကျေးဇူးများ… မီးဖိုချောင်မှာ တွေ့နေရတဲ့ တစ်ချို့ ပစ္စည်းတွေဟာ ကျန်းမာရေး အ တွက် တကယ့်ကို ကောင်းတဲ့ ဆေးတွေပါ။ အားလုံးနီးပါးက ဆေးဖက် ဝင်နေပါတယ်။ကြက်သွန်ဖြူကို ပုံမှန်အားဖြင့်တော့ ဟင်းခတ်အမွှေး အကြိုင်တစ်ခုအဖြစ် အသုံးပြုတာများပါ တယ်။ ကြက်သွန်ဖြူရဲ့ ကောင်း ကျိုးတော်တော်များများကို သိထားပြီးဖြစ်မှာပါ။ အခုပြောပြပေးချင်တာ ကတော့ အဲ့ဒီကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာ ထားအိပ်ရင် ရလာ မယ့် အကျိုးကျေးဇူးတွေကတော့ ညဖက်အိပ်မပျော်တဲ့ သူဆိုရင်တော့ ကြက်သွန်ဖြူကို ခေါင်းအုံးအော က်မှာ ထားအိပ်ကြည့်လိုက်ပါ။ လူကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာြ ဖစ်ပြီး တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အဲ့ဒီ လို ထားအိပ်ပေးရင် နောက်နေ့မနက်မှာ လန်းဆန်း တတ်ကြွနေမှာြ ဖစ်ပြီး ခွန်အားတွေ […]
နွားနို့နှင့် ဓါတ်မတည့်ရခြင်းအကြောင်းရင်းတွေ့ရ
နွားနို့နှင့် ဓါတ်မတည့်ရခြင်းအကြောင်းရင်းတွေ့ရ ——————————————– ကလေးများနှင့် အရွယ်ရောက်သူများတွင် နွားနို့နှင့်ဓါတ်မတည့်ရ ခြင်းအကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း သုတေသနသစ်တစ်ခုက ကြေငြာထားသည်။ Medical University of Vienna University of Vienna တို့မှသုတေသနအဖွဲ့က နွားနို့တွင် beta -lacoglobulin အမည်ရှိ ပရို တင်းတစ်မျိုးကို တွေ့ရှိခဲ့ပြီး နို့ထဲ၌ သံဓါတ်ကင်းစင်နေပါက ဓါတ်မတည့်သည့် လက္ခဏာများဖြစ်ပေါ်စေ နိုင်ကြောင်း သိရသည်။ သံဓါတ်နှင့် ပေါင်းစပ်ထားပါက အဆိုပါပရိုတင်း သည် အန္တရာယ်မရှိဟုဆိုသည်။ နွားနို့နှင့် ဓါတ်မတည့်ခြင်းသည် နွားနို့တွင်ပါဝင်သည့် Lactase ဓါတ်ကို မချေဖျက်နိုင်ခြင်းမဟုတ်ပေ Lactase ဓါတ်ကို မချေဖျက်နိုင်သူ များတွင် Lactase ဟူသည့် အင်ဇိုင်း တစ်မျိုး ချို့ယွင်းလျက်ရှိသောကြောင့် မချေဖျက်နိုင်ခြင်းဖြစ်ပြီး နို့နှင့်ဓါတ် မတည့်ခြင်းတွင်မူ […]
ညအိပ်ရာဝင် ခြေဆေးခြင်းအကျိုး
ညအိပ်ရာဝင် ခြေဆေးခြင်းအကျိုး ညအိပ်ရာဝင်ချိန် ခြေထောက်ဆေးခြင်းဖြင့် မျက်စိကြည်ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်ဟု ရှေးလူကြီးများပြောကြသည်။ တစ်နေကုန်သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်တွင်းရောက်ရှိလာသော အပူအခိုးအငွေ့များသည် ညအိပ်ချိန်တွင် အထက်သို့တက်ကြသည်။ အိပ်ပျော်နေရင်း ခေါင်းချွေးများထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကျိတ်ခြင်း၊ ကယောက်ကတမ်းပြောခြင်းများသည် လေပူအထက်သို့ တက်ခြင်းကြောင့် ဖြစ်ရသည်။ မိတ်ဆွေတစ်ဦး၏ သားငယ်သည် ညအိပ်လျှင်ကယောက်ကတမ်း စကားများပြောလေ့ရှိသဖြင့် ကလေးကို ညအိပ်ရာမဝင်မီ ဒူးအောက်ပိုင်းရေလောင်းခြေဆေးပြီး အိပ်ရာဝင်စေသောအခါ ကယောင် ကတမ်းပြောခြင်းမှ သက်သာလာသည်ကိုတွေ့ရသည်။ ကလေးများသည် နေပူထဲတွင် တစ်နေကုန် ဆော့ခြင်း၊ ရေခဲရေ၊ ရေခဲမုန့်များ စားသောက်ခြင်းကြောင့် ကိုယ်တွင်းအပူအလွန်များသည်။ ထို့ကြောင့်ပင် ကလေးများဖျားနာလျှင် လူကြီးများထက် ကိုယ်အပူချိန်များသည်ကို တွေ့ရသည်။ ကိုယ်တွင်းအောင်းသော အပူများသည်နေ့တွင် ခြေဖဝါးမှထွက်လေ့ရှိသည်။ ခြေသလုံးတွင် ချွေးစို့နေပြီး ခြေဖဝါးမှထိုက်သင့်သော ခြေဆီထွက်လျှင် ကျန်းမာသောသူဖြစ်သည်။ […]