ရှားစောင်းလက်ပတ်စားရင် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ၁။ သွေးတွင်းသကြားဓာတ် ပမာဏကိုလျှော့ချပေးခြင်း လူနဲ့ တိရစ္ဆာန်တွေမှာ လေ့လာထားတဲ့ လေ့လာမှုတွေမှာ ရှားစောင်းလက်ပတ်စားသုံးခြင်းကသွေးတွင်းသကြားဓာတ် ပမာဏကိုလျှော့ချပေးကြောင်း သိရပါတယ်။ သွေးတွင်း သကြားဓာတ်ကို အဓိက ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ရဲ့ sensitivity ကို ကောင်းစေလို့ ဒီအာနိသင်ကို ရရှိတယ်လို့ဆိုပါတယ်။ ၂။ ရောင်ရမ်းမှုကို သက်သာစေခြင်း ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေကို တားဆီးပေးတာမို့ အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။ ၃။ သွားကျန်းမာရေးအတွက် ကောင်းမွန်ခြင်း ရှားစောင်းလက်ပတ်ကို ဖျော်ကာ ပလုတ်ကျင်းခြင်းကသွားချေးကပ်ခြင်းကို လျှော့ချပေးပါတယ်။ ပါးစပ်ထဲက အနာတွေကို လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။ ၄။ မှတ်ဉာဏ်အားကောင်းစေခြင်း စိတ်ဓာတ်ကျခြင်းကို သက်သာစေပြီး မှတ်ဉာဏ်အားကို ကောင်းစေပါတယ်။ ၅။ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ ပေါများခြင်း ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ […]
ကျန်းမာရေးဗဟုသုတ
ခန္ဓာကိုယ်အတွင်းပိုင်း သွေးခဲ သွေးပျစ်မှု၊ အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်း၊ သွေးတိုးနှင့် သံပရာသီးအစေ့
သံပုရာသီးတင်မကပါဘူး သံပုရာသီးအစေ့ကပါ ဆေးဖက်ဝင်ပါတယ်။ သံပုရာသီးက အားလုံးသိတဲ့ အတိုင်းပဲ ကယ်ဆီယမ် ဓာတ်အများကြီးပါတာကြောင့် ကျန်းမာရေးရှုထောင့်က ကြည့်ရင် အဆီများတာတွေကို လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးတစ်မျိုးပါပဲ။ ဒီလိုသောက်ရုံတင်မကပဲ သံပုရားသီးတွေကို ပါးပါးလေးလှီးပြီး ခန္ဓာကိုယ်အတွင်းပိုင်းက မဲနေတဲ့နေရာတွေကို ဖြူစင်အောင် တိုက်လို့ရပါသေးတယ်။ ဒါကတော့ သံပုရာသီးနဲ့ ပတ်သတ်တဲ့ အကျိုးတွေပေါ့။ သံပုရာသီးအစေ့ကလည်း ထူးခြားတဲ့ကောင်းကျိုးတွေ ရှိနေပါတယ်။ သံပုရာရည်သောက်တိုင်း သံပုရာသီးစေ့ ထည့်ဖျော်တာဟာ ပိုပြီးဆေးဖက်ဝင်ကာ အဆီကျတယ်လို့ သိရပါတယ်(အစေ့ကိုဝါးပြီးမှတော့မျိုဖို့လိုပါတယ်နော်)။ နောက်တစ်ခုက သွေးပေါင်ချိန်တတ်၊ သွေးတိုးတတ်တဲ့သူတွေ အတွက်လည်း သံပုရာသီးအစေ့ကို ဝါးစားပေးခြင်းဟာ သွေးတိုးခြင်းကို လျော့ချပေးပြီး သွေးကိုကောင်းမွန်စွာ လည်ပတ်စေပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း သွေးခဲမှု သွေးပျစ်မှု အစရှိတဲ့ ရောဂါတွေကို လည်းတားမြစ်နိုင်ပြီး အသည်းအဆီဖုံးခြင်း နှလုံးသွေးကြောကျဉ်းခြင်းတို့ကိုလည်း ထိရောက်စွာသက်သာစေတဲ့ […]
အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေတဲ့ စွယ်တော်ရွက်ဟင်းချို
စွယ်တော်ရွက် အနုလေးတွေ ထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချိုချက်သောက်ကြပါတယ်။ စွယ်တော်ရွက်က ဟင်းချိုလည်း ချက်သောက်လို့ရသလို အရွက်ကိုရေနွေးဖျော်ပြီး ကြက်သွန်နီပါးပါးလှီးပြီး ဆီစိမ်းလေးနဲ့သုပ်စားလို့လည်း အရမ်းကောင်းပါတယ်။ ကြက်သွန်ဖြူ ငရုတ်ကောင်း ပုဇွန်ခြောက်ထောင်းထားပါ။ စားနိုင်သလောက် ရေပမာဏထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ။ မျှင်ငပိအနည်းငယ်နှင့် အပေါ်မှ ထောင်းထားတာများကို ထည့်ပါ။ ဟင်းအိုးဆူလာရင် ချွေထားသော စွယ်တော်ရွက်များကို ထည့်ပါ။ အရသာမှုန့် ခတ်ပါ။ ဟင်းချိုအိုး ဆူလာပြီဆို ရပါပြီ။ စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်၍ လည်ကောင်း ၊ ကြော်ချက်ပြုလုပ်၍ လည်ကောင်းစားသုံးနိုင်သည်။အပူငြိမ်းစေခြင်း အိပ်ပျော်စေခြင်း နှလုံးကို အားရှိစေခြင်း အကျိုးများ ရရှိစေပါသည်။ စွယ်တော်နီသည် အေးဖန်၍ ဝမ်းမီးကို တောက်စေသည်။ ဝမ်းကို ချုပ်စေတက်သည်။ သလိပ်နာ၊ လေနာကို နိုင်၏။ အဝါပွင့်သည် ဖန်၏။ စွယ်တော် […]
အဆစ်ရောင်၊ အကြောကိုက်ခဲနာကျင်ခြင်း၊ ဆီးကျောက်တည်ခြင်းနှင့် သွေးတိုးအတွက် အကောင်းဆုံး ကုန်းခရာနှင့် ရေခရာ
ခရာပင်သည် ကုန်းခရာနှင့် ရေခရာဟူ၍ နှစ်မျိုးရှိသည်။ ကုန်းခရာ – မြေပေါ်နေရာအနှံ့အပြားပေါက်သော ခရာနီ(တစ်ပင်လုံး)နီ ခရာဝါ(အပွင့်ဝါတို့ကို) ကုန်းခရာဟု ခေါ်သည်။ ရေခရာ – ပင်လယ်ကမ်းခြေ ရေငန်စပ်၌ ပေါက်သော ခရာဖြူ(အပွင့်ဖြူ)၊ခရာပြာ(အပွင့်ခရမ်းပြာ)တို့ကို ရေခရာဟုခေါ် သည်။ ကုန်းခရာ (ခ) ခရာနီသည် … တစ်ပင်လုံးနီသည်။ ခါးသောအရသာရှိသည်၊ အေးသောသတ္တိရှိသည်။ သွေးဆိပ်ကို ပယ်စေပြီး ရေငတ်ခြင်းကို ပယ်ဖျောက်နိုင်သည်။ သွေးတိုးရောဂါကို ပျောက်ပါသည်။ ခရာနီသည် သွေးကိုအမှန်တကယ်ကျစေတတ်သဖြင့် သွေးတိုးရှိမှ သောက်သင့်ပါသည်။ အလွန်အကဲ စွဲ၍မသောက်သင့်ပါ။ ရေခရာ (ခ) ခရာဝါ – ခရာနီကဲ့သို့ သွေးတိုးရာဂါ ပျောက်ကင်းပါသည်။ ခရာနီ/ခရာဝါကို အမြစ်ပါမကျန် နုတ်၍ ရေစင်စင်ဆေးပါ၊ ဓားနှင့်ခုတ်စင်းပြီး အိုးသစ်တွင်ထည့်၍ ရေသန့်(၃၀)သားနှင့် အဖုံးပိတ်၍ကျိုပါ။ ဆူလာလျင် မီးလျော့ပေးပါ၊ […]
လေငန်း၊ လေးဘက်နာ၊ ဒူးနာ၊ ခါးနာသမားများအတွက် ဆေးနည်းတိုများ
လေငန်း လေးဘက်နာ ဒူးနာ ခါးနာသမားများအတွက်ဆေးနည်းတိုများ ဒူးနာ ခါးနာများအတွက် သဘာဝ ဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။ မိမိနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းကို ရွေးချယ် စမ်းသပ်နိုင်ကြပါတယ်။ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက် ဖီးကြမ်းငှက်ပျောသီး အမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာငါးနာရီခန့် ပြုတ်၍ တစ်နေ့ သုံးလုံးစီ ငါးရက်ဆက်တိုက် စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ (ဝိစိတ္တရတနာမြေ) ငါးကြင်းခေါင်းကိုမကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍လက်တွေ့စမ်းကြည့်ရာဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်) တစ်နည်း – ဆေးရုံ […]
သင့်ရဲ့အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ
သင့်ရဲ့အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ ခေတ်ကတိုးတက်လာပြီး လူသားအရင်းအမြစ်ကများပြားလာတဲ့အချိန်မှာ သန့်စင်တဲ့လေထုကလည်း ရှားသထက်ရှားပါးလာပါတယ်။ ဒီတော့ လူသားတွေရဲ့အဆုတ်ကို ပိုပိုပြီး ထိခိုက်လာစေပါတယ်။ အဆုတ်ထိခိုက်ပျက်စီးနေတဲ့ထဲမှာ သင်ပါနေပြီဆိုတာကိုတော့ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။ ဒါတွေဖြစ်လာရင် မပေါ့ဆဘဲ ဆေးစစ်ကုသမှုခံယူပြီး အဆုတ်ကိုသေချာဂရုစိုက်သင့်ပါတယ်။ ပခုံးနဲ့နောက်ကျောနာကျင်ကိုက်ခဲခြင်း – နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်နေရာတွေမှာ တစ်ချက်တစ်ချက်စူးပြီးနာတာမျိုး ဆက်တိုက်ဖြစ်နေရင် အဆုတ်ကင်ဆာ အစပြုခြင်းလို့ ယူဆနိုင်ပါတယ်။ ဒီလိုနာကျင် ကိုက်ခဲတာတွေက အဆုတ်ကင်ဆာကြောင့်လို့ တစ်ထစ်ချပြောလို့မရပေမယ့် ပုံမှန်ကျန်းမာရေးကောင်းနေတဲ့လက္ခဏာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့ပြပြီးစစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။ အဆက်မပြတ် ချောင်းဆိုးခြင်း – ချောင်းဆိုးတာက အအေးမိလို့လည်းဖြစ်နိုင်ပေမယ့် အဆက်မပြတ် ချောင်းဆိုးမယ်၊ ချွဲကျပ်မယ်၊ ချွဲအရောင်ကပုံမှန်မဟုတ်တဲ့အရောင်မျိုးဖြစ်မယ်၊ အနံ့အသက်ဆိုးတွေထွက်နေမယ် ဆိုရင်တော့ ဒါတွေဟာ အဆုတ်မှာရောဂါတစ်ခုခုဖြစ်နေတဲ့လက္ခဏာပါ။ ချောင်းဆိုးတဲ့အချိန် သွေးပါတယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြဖို့လိုနေတဲ့ အရေးပေါ်အခြေအနေမျိုးဖြစ်နေပါပြီ။ အသက်ရှူရတိုတောင်းခြင်း – အသက်ရှူသွင်းတဲ့အခါ အဆုတ်ထဲအထိရှူသွင်းလို့မရဘဲ […]
ခွဲစိတ်ကုသမှုမလို ကျောက်ကပ်နှင့်ဆီးကျောက်တည်ရောဂါအတွက် ဆေးနည်းကောင်း လက်တွေ့
ခွဲစိတ်ကုသမှုမလို ကျောက်ကပ်နှင့် ဆီးကျောက်တည်ရောဂါအတွက် ဆေးနည်းကောင်း လက်တွေ့မို့ မျှဝေလိုက်ပါတယ်။ ကျွန်တော့်အမျိုးသမီး 6.2.2016နေ့ မခံမရပ်နိုင်အောင် နာကျင်မှုဝေဒနာ ခံစားနေရလို့ ဆေးရုံပို့အမ်ထရာဆောင်း ရိုက်တော့ ကျောက်တည်နေတယ်ပြောတယ်။ 7.2.2016နေ့ကစပြီး အုန်းသီးနေ့နှစ်လုံး ညနှစ်လုံး အုန်းရေသောက်ခိုင်းတာ 16.2.2016နေ့မှာ လိမ္မော်သီးအစေ့ခန့်ရှိတဲ့ကျောက် မနာမကျင်ပဲ ထွက်ကျလာပါတယ်။ အောက်ပုံမှာ ထွက်လာတဲ့ကျောက်နဲ့ လိမ္မော်သီးစေ့ ယှဉ်ပြထားပါတယ်။။ ဆေးနည်းက အုန်းသီးကို အပေါ်က သေးသေးလေးဖေါက် ကျောက်ချဉ် ရွေးလေးစေ့ (သို့မဟုတ်) သံပုရာစေ့ခန့်ကို အုန်းသီးထဲထည့် ဖောက်ထားတဲ့အခွံနဲ့ ပြန်ပိတ်ပါ။ တစ်ညသိပ်ပြီး နောက်နေ့သောက်ရုံပါပဲ။ အုန်းသီးအနုဆို ပိုကောင်းပါတယ်။ ငွေကုန်ကြေးကျနည်းပြီး အမှန်ပျောက်လို့ ကုသိုလ်ယူ မျှဝေပေးလိုက်ပါတယ်။ Credit-Ko Nya
အသည်းခြောက် ရေဖျဉ်းသမားများ ဝမ်းမြောက်ဖွယ်
အသည်းခြောက် ရေဖျဉ်းသမားများ ဝမ်းမြောက်ဖွယ် ကိုယ်တွေ.ဆေးနည်းစွမ်း ရေဖျဉ်း၊ အသည်းသမားအတွက် မှတ်သားဖွယ် မယ်ဇလီပင် ဇနီးဖြစ်သူက အရက်လျော့သောက်ပါ..သောက်ပါဆိုသည် စကားပြော၍ တစ်နှစ်မျှပင် မကြာလိုက်။ ကိုထွန်းအောင် ရေဖျဉ်းရောဂါဖြင့် အိပ်ရာထဲ လဲတော့သည်။ ရေဖျဉ်းဖြစ်ပြီး ခန္ခာကိုယ်အောက်ပိုင်း ပေါင်နှင့်ခြေသလုံးများပါ ဖေါရောင်၍ အိပ်၍မရ အသက်ရှုကြပ်လှသည်ဆိုသည်။ ခက်သည်ကား ကျောက်ကပ်ကြောင့်လား၊ အသည်းကြောင့်လား တိတိပပ ဝေခွဲမရဖြစ်ပြန်သည်။ မြို့တက်၍ ဆရာ၀န်ဖြင့် စမ်းသပ်မှုများပြုလုပ်ရာ အသည်းခြောက်ပြီး ရေဖျဉ်းစွဲကြောင့်ဟု သိရသည်။ ဆေးရုံလည်း မတက်လို၍ ရွာသို့ပြန်ခေါ်ရင်း ဘာလုပ်ပေးရမည်မသိ ဖြစ်နေစဉ်၊ ကိုယ်တိုင် ဖြစ်ဖူးပါတယ်…ငါပြောသလို လုပ်ကြည့်ပါဟု မိတ်ဆွေတစ်ဦးကဆို၍ အောက်ပါဆေးနည်းအတိုင်း ဆောင်ရွက်ကြည့်ရာ အမှန်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။ ဆေးနည်း (၁) မယ်ဇလီပင်မှ အခေါက်ကိုခွါရသည်။ (၂) မယ်ဇလီခေါက်(၃)ပိဿာကို ရေစင်အောင်ဆေးပြီး မီးရှို့ပြာချလိုက်ရသည်။ […]
ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ
ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ ==================================== အဟာရပြည့်ဝတဲ့ နွားနို့ဟာ အရိုးအဆစ်တွေကို သန်မာစေပြီး ကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့အတွက် ကလေးလေးတွေကနေစလို့ လူကြီးတွေအထိ သောက်သုံးပေးသင့်တဲ့ အရာပါ။ အိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်ပေးတာက များစွာသော အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်စေနိုင်တယ် လေ့လာတွေ့ရှိချက်တွေအရ ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တာဟာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ နွားနို့မှာ tryptophan နဲ့ melatonin ဓာတ်တို့ပါဝင်တဲ့အတွက် မြန်မြန်ဆန်ဆန် အိပ်ပျော်စေနိုင်သလို နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ စိတ်ခံစားမှု ကောင်းမွန်မှုကို ထုတ်လွှတ်ပေးပြီး အေးဆေးသက်သာစွာ အနားယူအိပ်စက်နိုင်စေပါတယ်နော်။ ဝိတ်ကျစေနိုင်တယ် ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တတ်တဲ့ အလေ့အထဟာ ဝိတ်ကို ကျစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကောင်းမွန်စွာ အိပ်မပျော်နိုင်တဲ့အခါ ဝိတ်ပိုတက်လေ့ရှိပါတယ်။ နောက်ပြီး နွားနို့က […]
ဆေးစုံနေပြီဆိုတဲ့ ခါးနာနေသူများအတွက် ဆေးနည်းပေါင်းချုပ်။
ဆေးစုံနေပြီဆိုတဲ့ ခါးနာတတ်သူများအတွက် ဆေးနည်းပေါင်းချုပ်။ ခါးနာအတွက် ဆေးနည်းတိုများ- သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အဝတ်ဖြင့်စည်းထားပါ။ (၂)နာရီကြာလျှင်၊ ယားလာလျှင် ဖြည်ပေးပါ။ -သက်ရင်းကြီးရွက် (၇)ရွက်ကို အိပ်ယာအောက်တွင် ခင်းအိပ်လျှင် ခါးနာသက်သာသည်ဟု ရှေးလူကြီးများ သုံးကြသည်။ -ကိုရန်ကြီး(ခတ္တာပင်) အရွက်ကို ပျော့အောင် မီးကင်ပါ။ မုံညှင်းဆီ(သို့) နှမ်းဆီသုပ်ပြီး ခါးတွင်ကပ်ပြီး အဝတ်ဖြင့် ပတ်စည်းထားပါ။ ဗာဒံရွက်(ဗန်ဒါရွက်) အစိမ်းရောင်အရွက်နုကို ခါးတွင်၃ရွက်ခန့် ကပ်ပြီး ခါးနာလျှင် ပတ်သည့်ခါးပတ်ဖြင့် ပတ်ထားလျှင် ခါးကြောညပ်၊ ခါးဆစ်နာသက်သာစေသည်။ -သင်္ဘောရွက်ကို ပျော့အောင် ရေနွေးစိမ် ခါးတွင်ကပ်ပြီး ပတ်ထားလျှင် သက်သာစေသည်။ -ချင်းခြောက်မှုန့် ၂ဆ၊ လင်းနေမှုန့် ၁ဆ၊ သစ်ကြံပိုးခေါက်မှုန့် ၁ဆ ရောစပ်။ ရေနွေးဖြင့် ကျေညက်အောင် ခေါက်ဖျော်ပြီး ဂွမ်း(သို့) ပတ်တီးစပေါ်တွင် သုပ်လိမ်း၊ […]