သင်ထင်မထားတဲ့ ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင် ငှက်ပျောရွက်က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ချောင်းဆိုးရင်ကြပ်- ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုပေးပါ။ ပြီးရင်ပျားရည်လေးနဲ့ရောပြီး သောက်ပေးလို့ရပါတယ်။ လေပြွန်ရောင်ရမ်းနာ- သင်မှာ နာတာရှည်ချောင်းဆိုးကြောင့် လေပြွန်ရောင်ရမ်းနာများရှိမယ်ဆိုရင် သဘာဝဆေးအနေနဲ့ ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ကူးစက်ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ […]
ကျန်းမာရေးဗဟုသုတ
အာဟာရဓာတ်များ မြင့်မားစွာ ပါဝင်သည့်အတွက် ပုံမှန်စားသုံးပါက အာဟာရဓာတ်ချို့တဲ့ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်သည့် ဒန့်သလွန်ရွက်။
ဒန့်သလွန်ရွက်တွင် အာဟာရဓာတ်များ မြင့်မားစွာ ပါဝင်သည့်အတွက် ပုံမှန်စားသုံးပါက အာဟာရဓာတ်ချို့တဲ့ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ပါသည်။ ယင်းတွင်ပါဝင်သော ပရိုတင်းဓာတ်များသည် ကလေးသူငယ်၊ နို့တိုက်မိခင်များနှင့် သက်ကြီးရွယ်အိုများအတွက် များစွာအကျိုးရှိပါသည်။ ထို့ကြောင့် ယခုအခါတွင် အာဟာရဓာတ်ချို့တဲ့သောနေရာများ၌ ဒန့်သလွန်ပင်များ စိုက်ပျိုးပြီး လူတွေစားသုံးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ထို့အပြင် ၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် (Johns Hopkins University) မှ လေ့လာတွေ့ရှိချက်အရ အာဖရိကတွင် ဖြစ်ပေါ်နေသော အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရန်အတွက် အပင်ပေါင်း (၁၈) မျိုးကို လေ့လာရာတွင် ဒန့်သလွန်ရွက်မှာ အသင့်တော်ဆုံးဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဆေးဖက်ဝင်အာနိသင် အပြည့်အဝရရှိစေရန် စားသုံးနည်းမှာ ဒန့်သလွန်ရွက်ကို ဟင်းခါးအဖြစ် ချက်ပြုတ်စားသုံးရာတွင် အပူကြာကြာပေးမိခြင်းဖြင့် ယင်းတွင်ပါဝင်သော အာဟာရဓာတ်များ ဆုံးရှုံးမှု ရှိ/မရှိ ကို […]
သစ်သီးဆိုင်တွေက လုံးဝမပြောပြတဲ့ အသီးများရွေးနည်း လျှို့ဝှက်ချက်များ။
သစ်သီးဆိုင်တွေ သင့်ကိုလုံးဝမသင်ပေးတဲ့ အသီးရွေးနည်း လျှို့ဝှက်ချက်များ ပန်းသီးရွေးရင် အစင်းလိုင်းပါတာ ရွေးပါ။ အပေါ်ရော အောက်ရော အချိုင့်နက်နက်လေးဖြစ်လေ ချိုလေပါ။ ငှက်ပျောသီး အပေါ်ရော အောက်ရော စိမ်းနေရင် မဝယ်ပါနဲ့။ သရက်သီးမျက်နှာပြင်ပေါ်မှာ နှမ်းမဲလိုမျိုး အစက်အပျောက်ပါတာ ဝယ်ပါ။ ပိုချိုတယ်။ နဂါးမောက်သီး ပိုလေးတာရွေးပါ။ အခွံထိပ်ဖျားစိမ်းလေ လတ်ဆတ်လေပါ။ မင်းဂွတ်သီး ထိပ်ပိုင်းအခွံစိမ်းလေ လတ်ဆက်လေပါ။ အောက်ခြေမှာရှိတဲ့ အပွင့်အခက်က မင်းဂွတ်သီးအတွင်းသား အရေအတွက်နဲ့ ညီမျှပါတယ်။ အပြင်အခွံပျော့လေ ပိုကောင်းလေပါ။ ဒူးရင်းသီးရွေးရင် အဆူးကျဲရင် အသားများမယ်။ အဆူးစိပ်တာရွေးရင် အသားနည်းမယ်။ အဆူးနှစ်ခုကို လက်နဲ့ ညှစ်ကြည့်ပါ။ ညှစ်လို့ရရင် မှည့်နေပြီ။ ညှစ်လို့မရ မာမာကြီးဆို ရင့်သေးတယ်၊ မဝယ်ပါနဲ့။ နာနတ်သီးရွေးရင် ရွှေဝါရောင်သန်းနေတာ ရွေးပါ။ နာနာတ်သီး ဝပြီးပုနေတာ မရွေးနဲ့၊ […]
အိပ်ယာ၀င်လျှင် အတူမအိပ်သင့်သော အရာ(၅)မျိုး။
အတူအိပ်ပါက အန္တရာယ် ဘာ့ကြောင့်ဖြစ် “အတူမအိပ်သင့်၍ရှောင်ရန်” ၁။ နာရီဝတ်ပြီးမအိပ်ပါနဲ့ ။ (သေးငယ်သော်လဲ ရေဒီယိုသတ္တူကြွနူန်းပြင်း၍ ကိုယ်တွင်းဟော်မုန်းစနစ်များဖျက်ပစ်လိမ့်မည်။) ၂။ အတွင်းခံ တင်းတင်းကျပ်ကျပ်ဝတ်ပြီး မအိပ်ပါနဲ့။ (ချွေးပေါက်ပိတ်မည်။ဆီးကြော/ဝမ်းကြောပိတ်မည်။) ၃။ ဖုန်း/ကွန်ပြူတာ /လက်ပ်တော့ နဲ့ နီးရာမှာမအိပ်ပါနဲ့ ။ (သံလိုက်လှိုင်းကြောင့် အာရုံကြောထိခိုက်မည်။) ၄။ မိတ်ကပ်လိမ်းပြီး မအိပ်ပါနဲ့။ (ဖုန်အညစ်အကြေးများနှင့် ချွေးပေါက်ပိတ်၍ ဘုမထွက်စေရန်ခြေလက်မျက်နှာဆေးကြောပြီးမှ အိပ်ပါ။) ၅။ သူတစ်ပါးရဲ့ယောင်္ကျား (သို့) မိန်းမလို့ သိရက်နဲ့ မအိပ်ပါနဲ့။ (ဒုသနသော ငရဲ ကအကြီးဆုံးမို့ပါ ။) Credit-Original Uploader အတူအိပ်ပါက အန္တရာယ် ဘာ့ကြောင့်ဖြစ် “အတူမအိပ်သင့်၍ရှောင်ရန်” ၁။ နာရီဝတ်ပြီးမအိပ်ပါနဲ့ ။ (သေးငယ်သော်လဲ ရေဒီယိုသတ္တူကြွနူန်းပြင်း၍ ကိုယ်တွင်းဟော်မုန်းစနစ်များဖျက်ပစ်လိမ့်မည်။) ၂။ အတွင်းခံ တင်းတင်းကျပ်ကျပ်ဝတ်ပြီး […]
ကင်ဆာကာကွယ်သည့် နာမည်ကျော် မင်းဂွတ်သီးဖျော်ရည်လုပ်နည်း။
ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာနေပါသည်။ ကင်ဆာဖြစ်ရသည့် အကြောင်းရင်းများတွင် အဓိကကျသည်မှာ အနေအထိုင်၊အစားအသောက် မှားယွင်းခြင်းပင် ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းစသည့် ကင်ဆာအားပေးအပြုအမူများကို ရှောင်ကြဉ်ကြရပါမည်။အစားအစာနှင့် ပတ်သက်လျှင် ကင်ဆာအားပေးသော အစားအစာများကို ရှောင်ကြဉ်ပြီးကင်ဆာကို ကာကွယ်တိုက်ဖျက်နိုင်သော အစားအစာများကို နေ့စဉ်စားပေးမည်ဆိုလျှင်ကင်ဆာဖြစ်ရန် အလားအလာ လျော့နည်းမည်ဖြစ်ပါသည်။ ယင်းတို့အနက် မင်းကွတ်သီးဖျော်ရည်သည်လည်း ကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်စွမ်းရှိသောကြောင့် မကြာခဏသောက်သုံးသင့်ပါကြောင်း အကြံပြုပြောကြားလိုပါသည်။ သာမန်အားဖြင့် မင်းကွတ်သီး၏ အတွင်းသား (White flesh) ကိုသာ စားလေ့ရှိကြပြီး ဆေးဖက်ဝင်သည့် အပြင်အခွံကိုမူ စားလေ့မရှိကြပါ။ ထို့ကြောင့် ဖျော်ရည်လုပ်သောက်မှအဆင်ပြေပါသည်။ အတွင်းသားကို ဇွန်းဖြင့်ဖယ်လိုက်လျှင် အပြင်အခွံများ ကျန်ရှိပါမည်။ ယင်းအခွံတွင် အပြင်ပိုင်းမာကျောသည့်အခွံနှင့် အတွင်းပိုင်းပျော့သည့်အခွံဟူ၍ (၂) ပိုင်းရှိသည်။ အပြင်ပိုင်း အခွံအမာသားသည် […]
အမျိုးသားအားဆေး၊ ကင်ဆာကာကွယ်၊ သန်ကျစေတဲ့ ရွှေဖရုံသီးအစေ့အစွမ်း
ရွှေဖရုံသီးစေ့ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ဈေးလည်းမကြီး၊ ရှားလည်းမရှားတဲ့ သဘာဝ အစားအသောက်တစ်မျိုးပါ။ ရွှေဖရုံသီးစေ့ကို လှော်ပြီး အခွံခွာ ဒီအတိုင်းစားကြသလို မြန်မာ့ရိုးရာ လက်ဖက်သုပ်၊ ချင်းသုပ်ထဲ ရောစားကြလေ့ရှိပါတယ်။ ရွှေဖရုံသီးစေ့သာမက ဖရုံစေ့အနက် ဆိုတာလည်း လူကြိုက်များတဲ့ စားစရာတစ်မျိုးပါပဲ။ ရွှေဖရုံသီးစေ့၏ ကျန်းမာရေးအပေါ် ထူးခြားစွာ အကျိုးပြုသော အာနိသင် (၁၀) ခု (၁) အမျိုးသား သဘာဝ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း အမျိုးသားကော အမျိုးသမီးပါ လိင်မှုကိစ္စ ပုံမှန်စိတ်ဝင်စားဖို့၊ စွမ်းဆောင်နိုင်ဖို့ ဇင့် (Zinc) နဲ့ အခြားသော အမိုင်နိုအက်ဆစ်များ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဖို့ ဖရုံစေ့ဟာ အတော်လေးကောင်းတဲ့ စားသောက်ဖွယ်ရာ တစ်ခု ဖြစ်ပါတယ်။ (၂) ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း Phytosterol ဟာ […]
ကြက်ဥထက် ပရိုတင်းဓာတ် ပိုများတဲ့ အစားအစာ ၅မျိုး
ကြက်ဥဟာ ပရိုတင်းဓာတ် ကြွယ်ဝပြီး ကလေးငယ်တွေ ကြီးထွားဖို့နဲ့ အားရှိဖို့ အဓိကကျွေးရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကြက်ဥထက်ပိုပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ရှိနေပါသေးတယ်။ ကြက်ဥပြုတ် အကျတ်တစ်လုံးဟာ ပရိုတိန်း ၆ဂရမ်ထိ ပါဝင်ပါတယ်။ ဒီထက်ပိုပြီး ဘယ်လို အစားအစာတွေမှာ ပရိုတိန်းက ပါဝင်ရပါသလဲ။ ၁။ စိမ်းပြာရေညှိ ရေထဲက ငါးတွေပဲ ပရိုတင်းဓာတ် ရှိတာ မဟုတ်ပါဘူး။ စိမ်းပြာရေညှိလို့ ခေါ်တဲ့ ရေညှိအခြောက် ၂ဇွန်းမှာ ပရိုတင်းဓာတ် ၈ဂရမ်အထိ ပါဝင်ပါတယ်။ ဒါပေမယ့် ကယ်လိုရီကတော့ ၄၀ပဲ ရှိပါတယ်။ ဒါကြောင့် Salad တွေ စားတဲ့အခါမှာလည်း ရေညှိလေးထည့်စားဖို့ အကြံပေးပါတယ်။ ဝိတ်ကျနေသူတွေ အတွက်လည်း ရေညှိဟာ ကောင်းကောင်း ကူညီပါလိမ့်မယ်။ ၂။ ပဲပိစပ် […]
၂ပတ်အတွင်း ပေါင်၂၀ ကျစေမယ့် နည်းလမ်း
Diet Plan တွေ မလုပ်ခင်တိုင်း ပြောဖြစ်တဲ့ တစ်ခုကတော့ သင်ဟာ ဒီနည်းလမ်းကို မလုပ်ဆောင်ခင် ဆရာဝန်ရဲ့ အကြံဉာဏ် အချို့ကို ယူသင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အတွက် ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းကို အကြံတောင်းခံသင့်ပါတယ်။ ဒီ ၂ပတ် အတွင်း ကျစေမယ့် နည်းကတော့ အရည် သောက်ရမှာပါ။ မနက်ခင်းတိုင်း သောက်ရမယ့် အရည် တစ်မျိုးပါ။ လွယ်ကူပြီး ရိုးရှင်းပါတယ်။ လီမွန် သို့မဟုတ် သံပုယိုသီးကို နေ့အလိုက် ရေ အခွက်ရေနဲ့ သောက်ရမှာပါ။ လီမွန် (သို့) သံပုယိုသီးတွေကို အရည်ညှစ်ပေးရပါမယ်။ သောက်ရမယ့် အချိန်ကတော့ မနက်စာ မစားခင် အချိန်တွေမှာပါ။ အချို့ရက်တွေမှာ တစ်နေကုန် သောက်ရမယ့် ရက်တွေ ရှိပါတယ်။ Day 1 – […]
၀မ်းချုပ်တာတွေ ပျောက်ကင်းဖို့အတွက် နာနတ်သီး
ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီလေ့မရှိပါဘူး။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုနည်းရင် ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။ ဝမ်းပုံမှန်ကောင်းစေချင်ရင် နာနတ်သီးကို တစ်ပတ်မှာ ၃၊၄ကြိမ်လောက်စားပေးသင့်ပါတယ်။ နာနတ်သီးဖျော်ရည် ၂၅၀ ml မှာဆိုရင် အမျှင်ဓာတ်ပါဝင်မှု ဝ.၅ ဂရမ်ပါဝင်တာကြောင့် ဝမ်းချုပ်တာကြာနေရင် တစ်ရက်ကို ၈ ခွက် (၁လီတာခွဲလောက်) သောက်သုံးသင့်ပါတယ်။ အကယ်၍ ခရီးသွားတာတို့ အစားအသောက်ပြောင်းလို့ ၁ရက်၊ ၂ရက်လောက် ဝမ်းချုပ်တာမျိုးဆိုရင်လည်း မနက်မိုးလင်း ဘာမှမစားခင်မှာ နာနတ်သီးဖျော်ရည် တစ်ခွက်သောက်ပြီး ရေ 200 ml လောက်ထပ်သောက်လိုက်ပါ။ ဒါဆိုရင် ဝမ်းသွားပါလိမ့်မယ်။ ကလေးတွေဆိုရင် နာနတ်သီး ဖျော်ရည် ခွက်တစ်ဝက်လောက်သောက်ပြီး ရေ ခွက်တစ်ဝက်လောက်ထပ်သောက်ပါ။ နာနတ်သီးရဲ့ အကျိုးကျေးဇူးများ အဆီတွေကို လောင်ကျွမ်းနိုင်တာကြောင့် အဝလွန်နေတဲ့သူတွေ […]
အသက်ရှည်ကျန်းမာပြီး အရွယ်တင်စေမယ့် အစားအစာများ
ငါး ငါးတွေက လူတွေကို အသက်ရှည်ကျန်းမာအောင် လုပ်ပေးနိုင်တဲ့ အဓိက အစားအစာဖြစ်ပါတယ်။ ကမ္ဘာ့အသက်ရှည်ဆုံး လူမျိုးတွေက ဂျပန်တွေဖြစ်လာပြီး သူတို့က အဓိက ငါးကိုဘဲ စားသုံးကြပါတယ်။ ငါးတွေမှာ Omega – 3 Fatty အက်ဆစ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ တခါတလေ မွေးမြူရေး မဟုတ်တဲ့ ငါးတွေက မာကျုရီဓာတ်တွေများတာကြောင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ စားသုံးဖို့ သတိထားသင့်ပါတယ်။ Green Tea သောက်သုံးရေပြီးရင် ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီအညွတ်ဆုံးကတော့ Green Tea ပဲဖြစ်ပါတယ်။ Green Tea မှာ Antioxidants တွေ အမြောက်အမြားပါဝင်တာကြောင့် ဆဲလ်တွေကို ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ သလဲသီး (Pomegranates) လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အာရုလူမျိုးတွေရဲ့ […]